#Local_News
Published 19 March 2026
▪️ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အဖြစ် သတ်မှတ်ထားသော ကျိုက်မရောမြို့နယ်ရှိ ခရုံဂူနှင့် ကိုလိုနီခေတ်ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် ပထမနှစ်ခြင်းအသင်းတော်တို့ကို မူလလက်ရာမပျက် ထိန်းသိမ်းရန် လိုအပ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံကပြောသည်။
▪️ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် မွန်ပြည်နယ် ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်ကို ယမာနေ့မနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးစဉ်အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ သွားရောက်စဉ် ဒုတိယဝန်ကြီးက ပြတိုက်လုပ်ငန်းနှင့် ပတ်သက်၍ ယခင်က Collection Centered Period (ပြသပစ္စည်းများ စုဆောင်းမှုကို အဓိကထားသောခေတ်)၊ ယင်းနောက် Conservation Centered Period (ပြသပစ္စည်းများအား နည်းပညာဖြင့် ထိန်းသိမ်းမှုကို အဓိကထား သောခေတ်)၊ ထိုမှတစ်ဆင့် Visitor Centered Period (ဧည့်သည်များအား ဝန်ဆောင်မှုပေးခြင်းကို အဓိကထားသောခေတ်)၊ ယခုအခါ Digital Age သို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ပြတိုက်များနှင့် ပတ်သက်၍ ယနေ့ခေတ် အာဆီယံနိုင်ငံများက ချမှတ်သည့် ပန်းတိုင်မှာ Creative Economy (တီထွင်ဖန်တီးတတ်သော စီးပွားရေး) ဖြစ်ပြီး Public နှင့်ဆက်စပ် သော ရိုးရာလုပ်ငန်းများ၊ အတတ်ပညာစသည့်လုပ်ငန်းလုပ်ကိုင်သည့် အဖွဲ့အစည်းများ၊ Tourism အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ၎င်းတို့၏ အကျိုးစီးပွားကို အကျိုးပြုပေးနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊စာကြည့်တိုက်လုပ်ငန်းနှင့်ပတ်သက်၍ မွန်လူမျိုးတို့၏ သမိုင်းကြောင်း၊ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ပတ်သက်သည့် စာအုပ်စာပေများ ဝယ်ယူစုဆောင်းရန်၊ ကလေးသူငယ်များ ဖိတ်ခေါ်၍ စာပေဗဟုသုတများ မျှဝေပေးရန်၊ အောင်မြင်သော ပြတိုက်နှင့် စာကြည့်တိုက်ဖြစ်စေရန်အတွက် လူစည်ကားနေရန်လိုအပ်ကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အဖြစ် သတ်မှတ်ထားသော ကျိုက်မရောမြို့နယ်ရှိ ခရုံဂူနှင့် ကိုလိုနီခေတ်ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် ပထမနှစ်ခြင်းအသင်းတော်တို့ကို မူလလက်ရာမပျက် ထိန်းသိမ်းရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
▪️ ထို့နောက် ပြခန်းများအား ကြည့်ရှုစစ်ဆေးရာ ပြတိုက်တာဝန်ခံက ပြတိုက်အတွင်း ခင်းကျင်းထားရှိမှုနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသပြီး ဒုတိယဝန်ကြီးက ပြသပစ္စည်းများအား ခင်းကျင်းပြသမှုအပိုင်းတွင် ပြသပစ္စည်းနှင့် ကိုက်ညီသည့် ပစ္စည်းများကို ယှဉ်တွဲပြသရန်၊ ဘတ်ဂျက်အနေအထားပေါ် မူတည်၍ ပြခန်းပြကွက်များရှိ တကွဲတပြားဖြစ်နေသော အောက်ခံအရောင်များကို တစ်ပြေးညီ ဖြစ်စေသည့် အရောင်များ၊ ပိတ်သားစများဖြင့် လဲလှယ်ခင်းကျင်းရန်၊ အများပြည်သူ ပိုမိုစိတ်ဝင်စားရန်အတွက် အလေးထားဆောင်ရွက်ကြရန်၊ ပြည်သူလူထုနှင့် ကျောင်းသား ကျောင်းသူများ ဗဟုသုတပိုမိုရရှိစေရေး ပြတိုက်နှင့် စာကြည့်တိုက်များမှ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ဆောင်သွားရန်၊ ဝန်ထမ်းများအား မိမိတို့၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေးအတွက် ကြိုးစားလုပ်ဆောင်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 19 March 2026
▪️ ဝဥစိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် အထောက်အကူပြုရေးနည်းပညာဆွေးနွေးပွဲကိုမတ်လ ၁၈ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
▪️ ပြည်ထောင်စုဝန်ကြီးက ဝဥသည် အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသော အစားအသောက်တစ်မျိုးဖြစ်သည့်အပြင် ပြည်တွင်းနှင့် ပြည်ပဈေးကွက်များတွင်လည်း တဖြည်းဖြည်းလိုအပ်ချက်မြင့်တက်လာနေသည့် စိုက်ပျိုးသီးနှံတစ်မျိုးဖြစ်ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသည် ဝဥမျိုးကောင်း မျိုးသန့်ရရှိရေး၊ စိုက်ပျိုးရေး နည်းပညာများ၊ အထွက်နှုန်းနှင့် အရည်အသွေးမြှင့်တင်ရေး သုတေသနလုပ်ငန်းများ၊ ပြည်တွင်းနှင့် ပြည်ပဈေးကွက်သတင်းအချက်အလက်များအပြင် ကုန်ကြမ်းမှ ကုန်ချောပြောင်းလဲထုတ်လုပ်ရာတွင် လိုအပ်သော နည်းပညာများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲသည် သက်ဆိုင်ရာပညာရှင်များ၊ သုတေသနအဖွဲ့အစည်းများနှင့်လုပ်ငန်းရှင်များအကြား အတွေ့အကြုံများကို ဖလှယ်နိုင်မည့်အခွင့်အလမ်းတစ်ခုဖြစ်သည့်အပြင် ဝဥစိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
▪️ ဆွေးနွေးပွဲတွင် တာဝန်ရှိသူများက ဝဥအမျိုးအစားအလိုက် အထွက်နှုန်းနှင့် အရည်အသွေးသုတေသန ပြုမှုဆိုင်ရာကိစ္စရပ်များ၊ ဝဥမျိုးကောင်း မျိုးသန့်ရရှိရေးနှင့် စိုက်ပျိုးရေးနည်းပညာဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်း/ ပြည်ပဈေးကွက် သတင်းအချက်အလက်နှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်ကြမ်းမှ ကုန်ချောပြောင်းလဲရာတွင် လိုအပ်သည့် ဓာတ်ခွဲစမ်းသပ်မှုနှင့် အရည်အသွေးထိန်းသိမ်းမှု နည်းပညာများနှင့် ဝဥတွင် ပါဝင်သော ယားယံစေသည့် Calcium Oxalate များကို နည်းပညာဖြင့် ဖယ်ရှားနိုင်မည့် နည်းလမ်းများ၊ ဝဥအခြောက်ခံသည့် စက်ပစ္စည်းဆိုင်ရာများ၊ ထုတ်ကုန်ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် လုပ်ငန်းထောက်ခံချက်ရယူနိုင်မည့် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ ဝဥ၏ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ၊ ဝဥထုတ်လုပ်ရောင်းချခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
▪️ အဆိုပါဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးသွင်အောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းရှင်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
#YMG/SW #Yangon_Times
ရန်ကုန်မြို့ရှိ ထီးတန်းဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ စားသုံးဆီတင် သင်္ဘောကိုကြည့်ရှုစစ်ဆေးခဲ့တယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကသိရပါတယ်။
#Local_News
Published 19 March 2026
#ထီးတန်းဆိပ်ကမ်း #ရန်ကုန်မြို့
#YMG/NN #Yangon_Times
အလုပ်အကိုင်အေဂျင်စီများထံ ဝန်ဆောင်ခပေးသွင်းထားသော်လည်း ပြည်ပသွားရောက်ခွင့်မရသူများအနေနဲ့ ဝန်ဆောင်ခပြန်လည်တောင်းခံမရပါကတိုင်ကြားနိုင်တယ်လို့ အလုပ်သမားဝန်ကြီးဌာနမှထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 19 March 2026
#အလုပ်သမားဝန်ကြီးဌာန #အလုပ်အကိုင်အေဂျင်စီ
#YMG/SW #Yangon_Times
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)မှ ရင်းနှီးမြှုပ်နှံမှုများကို အမေရိကန်ဒေါ်လာသာမက တရုတ်ငွေကြေးယွမ်ဖြင့် လက်ခံဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 19 March 2026
#DICA # တရုတ်ငွေကြေးယွမ်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၄ သန်း ရောင်းချပေးသွားမယ်လို့ ယမန်နေ့ကထုတ်ပြန်ထားပါတယ်။
#Local_News
Published 19 March 2026
#စက်သုံးဆီ #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/SW #Yangon_Times
#Daily_News
Published 19 March 2026
၁။ ထီးတန်းဆိပ်ကမ်း၌စားသုံးဆီတင်သင်္ဘောကိုကြည့်ရှုစစ်ဆေး
၂။ ဝန်ဆောင်ခပေးသွင်းပြီး ပြည်ပသွားရောက်ခွင့်မရသူများတိုင်ကြားနိုင်
၃။ ရင်းနှီးမြှုပ်နှံမှုများကို အမေရိကန်ဒေါ်လာသာမက တရုတ်ငွေကြေးယွမ်ဖြင့် လက်ခံဆောင်ရွက်နေ
၄။ ပေကျင်းမာရသွန်ဝက်ပြိုင်ပွဲအတွက် လူသားပုံသဏ္ဍာန်စက်ရုပ်များပထမဆုံးလေ့ကျင့်ပြီးဆုံး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 119 of 2398