#Local_News
Published 20 March 2026
▪️ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကထုတ်ပြန်သည့် ယခုတစ်ပတ်အတွက်စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးထပ်မံတက်လာကြောင်း သိရသည်။
▪️ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအေနဖြင့် စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး သင့်တင့်သော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပြီးပြည်ပမှ စားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ မတ်လ ၂၀ ရက်မှ ၂၆ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၆၆၀၀ ဖြစ်ကြောင်းသိရသည်။
▪️ ယခင်တစ်ပတ်ကထုတ်ပြန်ရာတွင် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ်(၆၅၇၅)ဖြစ်သောကြောင့် ယခုတစ်ပတ်တွင် ထပ်မံတက်လာခြင်းဖြစ်ကြောင်း သိရသည်။
▪️ စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက် အကျပေါ်မူတည်၍ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တို့တွင်ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ကချင်ပြည်နယ်၊ ပူတာအိုမြို့ကို 7th ASEAN ESC Award နဲ့ 6th Certificate of Recongnition ဆုများအတွက် ထည့်သွင်းယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နေတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 20 March 2026
#ပူတာအိုမြို့
#YMG/NN #Yangon_Times
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြိုနယ်၊ စန္ဒဝတ်ကျေးရွာအုပ်စုမှာ ဆိုလာနည်းပညာနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်သွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။
#Local_News
Published 20 March 2026
#မြိတ် #ဆိုလာ
#YMG/SW #Yangon_Times
ယမန်နေ့က ကျင်းပခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးမှ တဆင့်ခရီးသွားကဏ္ဍမှာသန်း၃၀၀၀၀ခန့်ပမာဏရှိတဲ့ရင်းနှီးမြုပ်နှံမှုလုပ်ငန်းသစ် တွေကိုလုပ်ကိုင်ခွင့်ပြုပေးခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 20 March 2026
#ခရီးသွားကဏ္ဍ
#YMG/SW #Yangon_Times
လာမယ့် မိုးပြောင်းရာသီချိန်မှာအစေ့ထုတ်ပြောင်း စိုက်ပျိုးမယ့် ဧရိယာများအတွင်း တောင်ယာခုတ်ထွင်မီးရှိခြင်းမပြုလုပ်ကြဖို့မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်ထုတ်ပေးရေးလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ကအသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 20 March 2026
#ပြောင်း # မိုးပြောင်း
#YMG/NN #Yangon_Times
#Local_News
Published 20 March 2026
▪️ အရှေ့တောင်အာရှဒေသကို တစ်ခုတည်းသော ခရီးသွားဒေသအနေဖြင့် မြှင့်တင်နိုင််ရန်ကုမ္မဏီများအနေနှင့် အာဆီယံ ခရီးသွားလုပ်ငန်းစျေးကွက်ရှာဖွေရေးအေဂျင်စီ (ASEAN Tourism Marketing Agency)အဖြစ် လျှောက်ထားနိုင်ပြီဖြစ်ရာစိတ်ပါဝင်စားသူများအနေဖြင့် အဆိုပြုလွှာများတင်သွင်းနိုင်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ထိုသို့ လျှောက်ထားသည့် အေဂျင်စီများအနေဖြင့် ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေးနှင့်ကမ်ပိန်းများကို ၂၀၂၆ ခုနှစ်၊ ဇွန်လကနေ ၂၀၂၇ ခုနှစ်၊ မေလအထိ (၁)နှစ်သက်တမ်း တာဝန်ယူရမည်ဖြစ်ပြီး (၃)နှစ်အထိ သက်တမ်းတိုးနိုင်မည်ဖြစ်သည်။
▪️ ထို့အပြင် အပြည်ပြည်ဆိုင်ရာ စျေးကွက်မြှင့်တင်ရေးလုပ်ငန်းများတွင် အတွေ့အကြုံ အနည်းဆုံး (၅)နှစ်ရှိရမည် ဖြစ်ပြီး စျေးနှုန်းအဆိုပြုလွှာတင်ပြရာ၌ ဒစ်ဂျစ်တယ်စျေးကွက်အတွက် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ကနေ ၁၂၀,၀၀၀ အတွင်းနှင့် ကမ်ပိန်းများအတွက် အမေရိကန်ဒေါ်လာ ၃၀,၀၀၀ မှ ၅၀,၀၀၀ အတွင်း ခွဲခြားဖော်ပြရမည်ဖြစ်ကြောင်း၊
စိတ်ပါဝင်စားသူများအနေဖြင့် အဆိုပြုလွှာများကို
#YMG/NN #Yangon_Times
နေပြည်တော်၊ ၂၀၂၆ မတ် ၁၉ —PDF အဖွဲ့ဝင် ၅၀၀ ကျော်သည် မန္တလေးတိုင်းဒေသကြီးတွင် သူတို့၏ လက်နက်ခဲယမ်းများကို အပ်နှံကာ ဥပဒေဘောင်အတွင်းသို့ အစုလိုက်အပြုံလိုက် အလင်းဝင်ရောက်လာခဲ့ကြောင်း သက်ဆိုင်ရာ က ယနေ့ သတင်းထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ အလင်းဝင်ရောက်လာသူ စုစုပေါင်း ၅၀၆ ဦး ရှိပြီး၊ ယင်းတို့အနက် အမျိုးသား ၄၅၃ ဦးနှင့် အမျိုးသမီး ၅၃ ဦး ပါဝင်သည်။ ဤအရေအတွက်မှာ လက်နက်ကိုင်ပဋိပက္ခများအတွင်း အများဆုံးသော အစုလိုက်အပြုံလိုက် အလင်းဝင်ရောက်မှုဖြစ်စဉ်တစ်ခု ဖြစ်လာသည်။ တာဝန်ရှိသူများ က လက်နက်ကိုင်တိုက်ခိုက်နေသူများကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ် ထားပြီး လိုအပ်သည့် ထောက်ပံ့မှုများ ပေးအပ်သွားမည်ဟု ကမ်းလှမ်းထားသည်။
ယခုကဲ့သို့ အများအပြား အလင်းဝင်ရောက်လာခြင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်း PDF များ ထိန်းချုပ်ထားသည့် နယ်မြေအချို့ကို တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်နိုင် ခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်အဖွဲ့ဝင်များအကြား စိတ်ဓာတ်ကျဆင်းကာ လမ်းစဉ်စွန့်လွှတ်လာခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလင်းဝင်ရောက်လာသူများအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့် အခြား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလင်း ဝင်ရောက်လာသူများနှင့် ထိုသူတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


Page 118 of 2398