မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြိုရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ ပြုလုပ်နေတဲ့ ပြင်ဦးလွင်ပန်းပွဲတော်မှာ ပန်းမျိုးစိတ်၄၀ခန့်နဲ့ အပင်ပေါင်းနှစ်သိန်းကျော် ပြသထားတယ်လို့ သိရပါတယ်။
#Local_News
Published 08 December 2025
#ပြင်ဦးလွင်ပန်းပွဲတော် #အမျိုးသားကန်တော်ကြီးဥယျာဉ်
#YMG/NN #Yangon_Times
#Local_News
Published 8 December 2025
▪️ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းမြို့နယ်အတွင်း ရပ်ကွက်များနှင့် ကျေးရွာများအတွက် သံ၊ သွပ်၊ ဘိလပ်မြေများနှင့် ထောက်ပံ့ငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ထောက်ပံ့ပစ္စည်းများကို စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဘဏ်၌ ခွဲဝေဖြန့်ဖြူးပေးနေမှုကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်အားပေးကြည့်ရှုပြီး ငလျင်ဘေးသင့်ပြည်သူများအား တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး အဝင်မုခ်ဦး ပြန်လည်တည်ဆောက်နေမှုကိုလည်းကောင်း၊ စစ်ကိုင်းမြို့ဝင် ဧရာဝတီတံတား(ရတနာပုံ)ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များ လုပ်ငန်းဆောင်ရွက်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တရားမဝင် ငွေကြေးကောက်ခံမှုများမရှိစေရေးနှင့် တရားမဝင်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
အရဟံဖောင်ဒေးရှင်း အရဟံသာသနာပြုကောလိပ် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကိုရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံမှာ ဒီဇင်ဘာ၇ရက်နေ့က ကျင်းပခဲ့ရာ သံဃာတော်၊သီလရှင်နဲ့ လူပုဂ္ဂိုလ် ၁၆၉ ဦးကို ဘွဲ့လက်မှတ်တွေ ဆပ်ကပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 08 December 2025
#အရဟံဖောင်ဒေးရှင်း
#YMG/NN #Yangon_Times
ဒီဇင်ဘာ၈၊၂၀၂၅
မြန်မာနိုင်ငံ၏ရွေးကောက်ပွဲသည် အရေးကြီးသော နိုင်ငံရေးအကူးအပြောင်းတစ်ခုဖြစ်လာမည်ဟု မျှော်လင့် ကြောင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆာ့ခ် ဖောင်ကက်ခယို (Sihasak Phuangketkeow) က ပြောကြားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်မှတ်ချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်တွင်ဖော်ပြထားခြင်းဖြစ်သည်။
မြန်မာ့ရွေးကောက်ပွဲသည် ထိုင်းနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးကူညီသွားမည့် ကျယ်ပြန့်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဒီဇင်ဘာ ၇ရက်က လာရောက်ကာ ဂါရဝပြုတွေ့ဆုံခဲ့ သည်။ သူသည် မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးညိုစောနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်း ဆွေတို့နှင့်လည်းတွေ့ဆုံခဲ့သည်။
ထိုင်း-မြန်မာ နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ြရေး၊နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အထူးသဖြင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားရန် ဆွေးနွေးသဘောတူခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အထူး သဖြင့် မူးယစ်ဆေးဝါးနှင့် အွန်လိုင်း လိမ်လည်မှုများ (online scams) တိုက်ဖျက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်မြှင့်တင်မည်ဟုဆိုသည်။
နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံရှိ ထိုင်းပုဂ္ဂလိကကဏ္ဍကို ပံ့ပိုးကူညီ ရေး၊ ဆက်သွယ်ချိတ်ဆက်မှုများမြှင့်တင်ရေးနှင့် ပုံမှန်ကုန်သွယ်မှု ပြန်လည်စတင်နိုင်ရန် အမှတ်(၂) ချစ်ကြည် ရေး တံတား (မဲဆောက်-မြဝတီ) ပြန်လည်ဖွင့်လှစ်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သတင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့အပြင်နှစ်နိုင်ငံ ရေအရည်အသွေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးကို အရှိန်မြှင့်တင်ဆောင်ရွက်သွား မည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာအပေါ် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်ကဆိုသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ ဖြစ်ကြသည့် ထိုင်းဘုရင့်တပ်မတော် ပူးတွဲစစ်ဦးစီးချုပ် (Chief of Joint Staff) နှင့် ထိုင်းဘုရင့်တပ်မတော် ကြည်း တပ်စစ်ဦးစီးချုပ် (Army Chief of Staff) တို့လည်းလိုက်ပါလာခဲ့ကြကြောင်းသိရှိရသည်။
#ymg/knl
#Local_News
Published 08 December 2025
▪️ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ သိရသည်။
▪️ ကပ္ပလီပင်လယ်ပြင်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း ၊ယနေ့ညနေအထိခန့်မှန်းချက်မှာ နေပြည်တော်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်းဖော်ပြထားသည်။
▪️ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ကြောင်းသိရသည်။
▪️ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်မှာ အများအားဖြင့် သာယာမည်ဖြစ်ပြီး ရန်ကုန်မြို့နှင့်မန္တလေးမြို့အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၈ ဒီဇင်ဘာ၊၂၀၂၅
◾️မြန်မာနိုင်ငံအပါအဝင် နိုင်ငံရပ်ခြား ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမျာအတွက် ထိုင်းနိုင်ငံ အမျိုးသား ရေနံ နှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး ကုမ္ပဏီ (PTTEP) သည် လာမည့် ၅ နှစ်တာကာလအတွင်း အမေ ရိကန်ဒေါ်လာ ၃၃ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထားကြောင်းသိရသည်။
◾️PTTEP၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ အဆိုပါသတင်းကို ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ သတင်းအချက်အလက်ဝက်ဘ်ဆိုက် Upstream online တွသ် ဖော်ပြထားခြင်းဖြစ်သည်။
◾️အဆိုပါ PTTEP၏ အစီအစဉ်သည် တန်ဖိုးမြှင့်တင်ခြင်း (Driving Value)၊ ကာဗွန်လျှော့ချခြင်း (Decarbonisation) နှင့် လုပ်ငန်းကဏ္ဍစုံသို့ တိုးချဲ့ခြင်း (Diversification) ဟူသော အဓိကမဟာဗျူဟာ ၃ ရပ်အပေါ် အခြေခံထားသည်ဟုဆိုသည်။
◾️လာမည့်နှစ်အတွက် PTTEP ၏ အဓိက ဦးစားပေးလုပ်ငန်းများတွင် ထိုင်းနိုင်ငံသို့ ပိုက်လိုင်းဖြင့် သဘာဝ ဓာတ်ငွေ့ ပို့လွှတ်နေသော မြန်မာကမ်းလွန်ရှိ ရတနာနှင့် ဇောတိက လုပ်ကွက်များလည်းပါဝင်သည်။
◾️မြန်မာကမ်းလွန်ရှိ M3 စီမံကိန်းများအပါအဝင် တည်ဆောက်ရေးကာလတွင်ရှိသော စီမံကိန်းများကို သတ် မှတ်ထားသည့် ကာလအတွင်း စတင်လည်ပတ်နိုင်ရန် PTTEP က အရှိန်မြှင့်တင်လိုသည်ဟု ဆိုသည်။
◾️၂၀၂၆ ခုနှစ်တွင် ထိုင်း၊ မလေးရှား၊ မြန်မာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နှင့် အယ်လ်ဂျီးရီး ယားနိုင်ငံတို့၌ ရှာဖွေရေးနှင့် အကဲဖြတ်တွင်းများ တူးဖော်ရန်အတွက် ဒေါ်လာ ၁၀၁ သန်း ရင်းနှီး မြှုပ်နှံရန် PTTEP က စီစဉ်ထားကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။
◾️နောက်ဆုံးထုတ်ပြန်ထားသည့် ၅ နှစ်တာ စီမံကိန်းအရ ကုမ္ပဏီ၏ မတည်ရင်းနှီးငွေ (Capex) သည် ၂၀၂၈ ခုနှစ်တွင် ဒေါ်လာ ၅.၂၄၉ ဘီလီယံဖြင့် အမြင့်ဆုံးသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ထိုနှစ်တွင် စုစုပေါင်း အသုံးစရိတ်သည်လည်း ဒေါ်လာ ၇.၆၇၆ ဘီလီယံဖြင့် အများဆုံး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
#ymg/knl
#Local_News
Published 08 December 2025
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရဲထွန်းဦးနှင့်အတူ ယမာန် နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။
ယင်းနောက် လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းများ ထိန်းသိမ်းထားရှိသည့် iBMC ဆာဗာခန်း စနစ်တကျ ထိန်းသိမ်းထားရှိမှုအခြေအနေကိုလည်းကောင်း၊ ပြည်ပဆိုက်ရောက် ကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ ဆိုက်ရောက် ဗီဇာ(Visa on Arrival)ဖြင့် ရောက်ရှိလာသည့် ခရီးသည်များအား စစ်ဆေးခွင့်ပြုဆောင်ရွက်သည့် ကောင်တာကိုလည်းကောင်း၊ ပြည်ပနိုင်ငံအသီးသီးမှ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)ဖြင့် ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို မည်သည့်အထောက်အထားမျှ မတင်ပြနိုင်ပါက နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေး၍ NV Card ရရှိပြီးသူများနှင့် နိုင်ငံသားကတ်ပြား တင်ပြနိုင်သူများကို Bographic/Biometric ကောက်ယူပြီး Unique ID နံပါတ် ထုတ်ပေးမှုအခြေအနေ များကိုလည်းကောင်းလှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် CIP Lounge အစည်းအဝေးခန်းမ၌ လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအားတွေ့ဆုံရာ ဦးစွာလူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက လေဆိပ်လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်၍ လူဝင်မှုစစ်ဆေးရေးဆိုင်ရာ လုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး အခြေအနေကို ရှင်းလင်းတင်ပြပြီး လေဆိပ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်အောင်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ၌ ဆိုက်ရောက်၊ ထွက်ခွာလျက်ရှိသည့် ပြည်တွင်း၊ ပြည်ပ လေကြောင်း လိုင်းများအခြေအနေနှင့် လက်ရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းအခက်အခဲများကိုမေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လေဆိပ်တာဝန်ကျ ဝန်ထမ်းများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝတ်စားဆင်ယင်မှု၊ ပြောဆိုဆက်ဆံမှုတို့ကို အလေးထားကြရန်လိုကြောင်း၊ ခရီးသည်များအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန်နှင့် မလိုလားအပ်ဘဲ ကြန့်ကြာမှုမရှိစေရေး ဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊ မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြားသား များ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက် ပေးကြရန် လိုကြောင်း၊ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူအဆင့်ဆင့်သို့ သတင်းပို့ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ လုံခြုံရေးသတိအမြဲရှိပြီး ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်း ရှင်းလင်းမှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 123 of 2315