#Local_News
Published 06 December 2025
▪️ အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင်ခေတ်မီကင်ဆာဓာတ်ရောင်ခြည်ကုသစက်သုံးလုံးဖြင့် ဓာတ်ရောင်ခြည်ကုသမှု ဆောင်ရွက်နေပြီး စက်အသစ်တစ်လုံးထပ်မံ တပ်ဆင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။
▪️ အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမျိုးသားကင်ဆာရောဂါကုသရေးဌာနသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ပါမောက္ခများ၊ တာဝန်ရှိသူများနှင့်အတူ ယမာန်နေ့ မနက်ပိုင်းကသွားရောက်ကြည့်ရှုစစ်ဆေးသည်။
▪️ ဦးစွာ ငါးထပ်ကုသဆောင်ရှိ အစည်းအဝေးခန်းမ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးကိုကိုအေးက အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့်ဆေးရုံပတ်ဝန်းကျင်သာယာလှပရေးဆောင်ရွက်မည့် အစီအစဉ်များကိုရှင်းလင်းတင်ပြသည်။
▪️ ထို့နောက် အမျိုးသားကင်ဆာရောဂါကုသရေးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကြည်လွင်က အမျိုးသားကင်ဆာရောဂါကုသရေးဌာန၌ ဓာတ်ရောင်ခြည်ကုသမှုဆောင်ရွက်နေသည့် အခြေအနေများကိုတင်ပြပြီး တက်ရောက်လာကြသည့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် လိုအပ်ချက်များ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကိုပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးပြီး ကင်ဆာရောဂါဝေဒနာရှင်များ အကျိုးငှာသတ်မှတ်ချိန်အတွင်း စီမံကိန်းပြီးစီးရန် အင်အားပြည့်ဆောင်ရွက်စေလိုပါကြောင်း၊ ကုသရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ အရည်အသွေးများ ကောင်းမွန်စေရေးနှင့် ကင်ဆာရောဂါဝေဒနာရှင်များအနေဖြင့် စိတ်ချမ်းသာစွာဖြင့် ကုသမှုခံယူနိုင်ရေးအတွက် ဆေးရုံပတ်ဝန်းကျင်သာယာလှပရေးဆောင်ရွက်ရာတွင် မြင်နေကျဆေးရုံပတ်ဝန်းကျင်ထက် ပိုမိုသာယာလှပသောပုံစံကို ဆေးပညာရှင်များ၊ အင်ဂျင်နီယာပညာရှင်များ ပူးပေါင်း၍ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း မှာကြားသည်။
▪️ ယင်းနောက် ခေတ်မီကင်ဆာဓာတ်ရောင်ခြည်ကုသစက်သုံးလုံးဖြင့် ဓာတ်ရောင်ခြည်ကုသမှု ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စက်အသစ်တစ်လုံးတပ်ဆင်မည့်နေရာ၊ ဆောက်လက်စအဆောက်အအုံတည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုပြီး Landscaping နှင့် ဆေးကုသဆောင်များ ဖွဲ့စည်းမှုတို့ကိုကြည့်ရှုစစ်ဆေးသည်။
▪️ အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကာ ရှစ်ထပ်ကုသဆောင်တည်ဆောက်ရေးနှင့် ဆက်စပ်လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁) မှ တာဝန်ယူကာ ဆက်လက်ဆောက်လုပ်လျက်ရှိပြီး အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် စုစုပေါင်းစက်သုံးလုံးဖြင့် တစ်ရက်လျှင် ကင်ဆာရောဂါဝေဒနာရှင် လူနာ ၂၀၀ မှ ၂၅၀ ကျော်ကို ဓာတ်ရောင်ခြည်ကုသမှုဆောင်ရွက်ပေးလျက်ရှိပြီး လူနာများသွားလာရေးနှင့် စားသောက်ရေးအဆင်ပြေစေရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆေးရုံကြီးကြပ်ရေးအဖွဲ့က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့နိုင်ငံများရဲ့ ဈေးကွက်နဲ့ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဒီဇင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၁၄၀ ဖြစ်တယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားပါတယ်။
#Local_News
Published 05 December 2025
#စားအုန်းဆီ #စားသုံးဆီ
#YMG/SW #Yangon_Times
ဒီဇယ်ဆီဈေးအကျကြမ်းလာပြီး တစ်လီတာကို ကျပ် ၃၀၀နီးပါးအထိ ကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 05 December 2025
#ဒီဇယ်ဈေး
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးအတွင်းတန်ဖိုးသင့်အိမ်ရာစီမံကိန်း ရှစ်ခုကိုအစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်မှုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီမှသိရပါတယ်။
#Local_News
Published 05 December 2025
#ရန်ကုန်တိုင်းဒေသကြီး #တန်ဖိုးသင့်အိမ်ရာ
#YMG/SW #Yangon_Times
#Daily_News
Published 05 December 2025
၁။ တန်ဖိုးသင့်အိမ်ရာစီမံကိန်း ရှစ်ခုတည်ဆောက်မည်
၂။ ဒီဇယ်ဈေးအကျကြမ်း ၊တစ်လီတာ(၃၀၀)နီးပါးကျဆင်း
၃။ စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းနှစ်လအတွင်း ၄၄၅ ကျပ်အထိ ကျဆင်း
၄။ တရုတ်ပြည်ပေကျင်းသို့ခရီးလည်ပတ်ရောက်ရှိလာသည့်ပြင်သစ်သမ္မတအား ရှီကျင့်ဖျင်အခမ်းအနားဖြင့်ကြိုဆို... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အင်တာနက်ဝန်ဆောင်မှုများ မူလအခြေအနေသို့ မကြာမီ ပြန်လည်ရောက်ရှိ တော့မယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 05 December 2025
#အင်တာနက် #
#YMG/NN #Yangon_Times
#Local_News
Published 05 December 2025
▪️ စားသုံးဆီတင်သွင်းသူများအား အမေရိကန်ဒေါ်လာ ၉ သိန်းခန့် ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ယမာန် နေ့က ထုတ်ရောင်းခဲ့ကြောင်းသိရသည်။
▪️ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားများ မှ အမေရိကန်ဒေါ်လာ ၉၀၂,၉၇၄ ကို ဒီဇင်ဘာလ ၄ ရက်နေ့တွင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
▪️ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများအပြင် စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများကိုပါ နိုင်ငံခြားငွေကြေးများကိုဆက်တိုက်ထုတ်ရောင်းပေးနေခြင်းဖြစ်သည်။
▪️ ထိုသို့ ရောင်းချပေးရာတွင် စက်သုံးဆီတင်သွင်းသူများကို နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှ အမေရိကန်ဒေါ်လာသန်း ၃၀ ရောင်းချပေးမယ်လို့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကြေညာပါတယ်။
▪️ ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းမှာလည်း စက်သုံးဆီလုပ်ငန်းရှင်တွေထံ အမေရိကန်ဒေါ်လာ ၁၁၅ သန်းအထိ ထုတ်ရောင်းပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 125 of 2315