#World_Health
Published 06 March 2026
■ စာဖတ်ခြင်း၊ စာရေးခြင်း၊ ဘာသာစကား သင်ယူခြင်းတို့ဖြင့် ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းနီးပါး လျော့ကျစေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
■ ဒီမန်ရှာရောဂါက ၂၀၅၀ ခုနှစ်အရောက်မှာ တစ်ကမ္ဘာလုံး ဖြစ်ပွားသူသန်း ၁၅၀ ကျော်လာနိုင်တယ်လို့ ခန့်မှန်းထားပြီး အနာဂတ်ကျန်းမာရေး ခြိမ်းခြောက်လာနိုင်တယ်လို့ ကျွမ်းကျင်သူများ ဆိုပါတယ်။
■ ဦးနှောက်လှုံ့ဆော်ရတဲ့ လုပ်ငန်းစဉ်တွေဖြစ်တဲ့ စာဖတ်ခြင်း၊ စာရေးခြင်း၊ ဘာသာစကားအသစ် လေ့လာခြင်းတို့က အယ်ဇိုင်းမားရောဂါနဲ့ ဦးနှောက်အသိဉာဏ်ကျဆင်းခြင်းတို့ကို လျော့ကျစေတယ်လို့ အမေရိကန်သုတေသီများ တွေ့ရှိထားပါတယ်။
■ စာကြည့်တိုက်တွေထားခြင်း၊ ပညာပေးအစီအစဉ်များ စီစဉ်ပေးခြင်းတို့က ဒီမန်ရှာဖြစ်ပွားမှုကို လျှော့ချနိုင်ဖွယ်ရှိတယ်လို့ ချီကာဂို ရက်ရှ်တက္ကသိုလ်ဆေးဘက်ဆိုင်ရာမှ သုတေသနပြုစုသူ အန်ဒရီယာဇမ်မစ်က ပြောပါတယ်။
■ သုတေသီတွေက ပျမ်းမျှအသက် ၈၀ ခန့်ရှိတဲ့ လူပေါင်း ၁၉၃၉ ဦးကို ၈ နှစ်ကြာအောင် စောင့်ကြည့်ခဲ့ပါတယ်။
■ အယ်ဇိုင်းမားရောဂါဖြစ်ပွားသူ ၅၅၁ ဦးရှိခဲ့ပြီး ဦးနှောက်အသိဉာဏ်ချို့ယွင်းသူ ၇၁၉ ဦးရှိခဲ့ကာ ဦးနှောက်အသိဉာဏ်အမြင့်ဆုံး ၁၀ ရာခိုင်နှုန်းနဲ့ အနိမ့်ဆုံး ၁၀ ရာခိုင်နှုန်းတို့ကို နှိုင်းယှဉ်ခဲ့ကြပါတယ်။
■ အသက်အရွယ်၊ ကျား/မ၊ ပညာရေး စတဲ့အချက်အလက်တွေကို ထည့်သွင်းစဉ်းစားရာမှာ စာပေအထိအတွေ့ကြွယ်ဝဆုံးသူတွေက ပျမ်းမျှအသက် ၉၄ နှစ်မှာ အယ်ဇိုင်းမားဖြစ်ပွားပြီး အနိမ့်ဆုံးသူတွေကတော့ ၈၈ နှစ်ဖြင့် ဖြစ်ပွားခဲ့ကြပါတယ်။
■ ဒီလေ့လာချက်တွေက ကိုယ်တိုင်တင်ပြရတဲ့ အချက်အလက်များဖြစ်ပြီး ဂရုတစိုက်တင်ပြတာလားဆိုတာ အထောက်အထားသေချာ မသိရပါဘူး။
■ ဘယ်လိုပဲဖြစ်ဖြစ် ဘဝတလျှောက် စိတ်ပိုင်းဆိုင်ရာ တက်ကြွနေအောင် နေထိုင်ခြင်းက ဦးနှောက်အသိဉာဏ်ကို ထောက်ပံ့ပေးပြီး ဒီမန်ရှာဖြစ်နိုင်ခြေကိုလျှော့ချနိုင်မှာ ဖြစ်ပါတယ်။
Source: The Guardian.
မတ်၄၊၂၀၂၆ (နေပြည်တော်)-
မြန်မာနိုင်ငံတွင် စက်သုံးဆီများ ရက်၄၀ခန့်စာ တင်သွင်း သိုလှောင်ထားရှိပြီး ပြည်ပမှ စက်သုံးဆီ သင်္ဘောများ စဉ်ဆက်မပြတ် ရောက်ရှိစေရေး သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက် ထားရှိပြီးဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ယနေ့မတ် ၄ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါတယ်။
သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါတယ်။
နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်နိုင်ကြောင်းနှင့် စိုးရိမ်ကြောင့်ကြမှု မဖြစ်ပေါ်စေရေး အသိပေးထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်
အရှေ့အလယ်ပိုင်းဒေသအတွင်း၌ ဖြစ်ပေါ်လျက်ရှိသော စစ်ရေးပဋိပက္ခအခြေအနေများကြောင့် စက်သုံးဆီတင်သွင်းမှုလမ်းကြောင်းတွင် အကျပ်အတည်းဖြစ်ပေါ်မှုများသည် ကမ္ဘာ့နိုင်ငံအသီးသီးကို ရိုက်ခတ်လျက်ရှိပြီး အထူးသဖြင့် ယင်းဒေသမှ ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများကို အားပြု တင်သွင်းနေရသည့် အရှေ့တောင်အာရှနိုင်ငံများအတွက် ထိခိုက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ရာ ယင်းအခက်အခဲ အကျပ်အတည်းများကို ကျော်လွှားနိုင်ရေးအတွက် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများအနေဖြင့် နည်းလမ်းများရှာဖွေ၍ ပူးပေါင်းဖြေရှင်း ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံမှ တင်သွင်းနေသော စက်သုံးဆီများသည် ထိုင်းနိုင်ငံမှ တင်သွင်းနေခြင်း မဟုတ်ကြောင်းနှင့် စင်္ကာပူ၊ မလေးရှားနိုင်ငံတို့မှ ပင်လယ်ရေကြောင်းဖြင့် အဓိကတင်သွင်းနေပြီး စက်သုံးဆီဖြည့်ဆည်း မှုကွင်းဆက် Supply Chain တစ်လျှောက်တွင် အခက်အခဲများ မဖြစ်ပေါ် စေရေးအတွက် စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီ ဖူလုံမှုရှိစေရေး အစီအမံဖြင့် ဆောင်ရွက်ထားရှိသည့်အတွက် ရက်(၄၀)ခန့်စာ တင်သွင်းသိုလှောင်ထားရှိပြီး စက်သုံးဆီ များကို သီလဝါမှ နိုင်ငံတစ်ဝှမ်းသို့ ဆီတင်ယာဉ်များဖြင့် ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိပါသည်။
ဆက်လက်၍ ကြိုတင်စီမံထားသည့်အစီအစဉ်အတိုင်း သီလဝါဆိပ်ကမ်းတွင် သင်္ဘော ၂ စီး၊ လမ်းခရီးတွင် သင်္ဘော ၆ စီး၊ ဆီတင်ရန် စောင့်ဆိုင်းနေသည့် သင်္ဘော ၈ စီးဖြင့် ထပ်မံဖြည့်တင်းသွားမည် ဖြစ်ပါသည်။ ပြည်ပမှ စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ် ရောက်ရှိစေရေး သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ထားရှိပြီး ဖြစ်သည့်အပြင် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေချိတ်ဆက် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။ စွမ်းအင် ဝန်ကြီးဌာနအနေဖြင့်လည်း ဖြစ်ပေါ်လာနိုင်သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့အခြေအနေများကို အနီးကပ် စောင့်ကြည့်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ကြောင့်ကြမှု မဖြစ်ကြရန်နှင့် သက်ဆိုင်ရာဌာနမှ တရားဝင်ထုတ်ပြန်ပေးလျက်ရှိသည့် သတင်းများကိုသာ ယုံကြည်ကြရန် လိုအပ်ပါကြောင်း၊ တရားမဝင် ကောလာဟလသတင်းများကို မယုံကြည်ကြရန်နှင့် စိုးရိမ်စိတ်လွန်ကဲ၍ စက်သုံးဆီကို မလိုအပ်ဘဲ ဝယ်ယူသိုလှောင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် စွမ်းအင်ဝန်ကြီးဌာနမှ မိဘပြည်သူများသို့ မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
စွမ်းအင်ဝန်ကြီးဌာန
သီလဝါရှိ Terminal များတွင် စက်သုံးဆီတင်သင်္ဘောများ ဝင်ရောက်လျက်ရှိနေသည်ကိုတွေ့ရစဉ်။ (ဓါတ်ပုံ-စွမ်းအင်ဝန်ကြီးဌာန)


မြန်မာ့ပြောင်းအား ဖိလစ်ပိုင်နိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပိုနိုင်ရေးအတွက် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးထားတယ်လို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။
#Local_News
Published 04 March 2025
#မြန်မာ့ပြောင်း # ဖိလစ်ပိုင်
#YMG/SW #Yangon_Times
#Daily_News
Published 04 March 2025
၁။ အိမ်အရောက်ပို့စနစ်ဖြင့်ဆန်များ ရောင်းချပေး၊ ပေါ်ဆန်းနှင့်ဧည့်မထဈေးနှုန်းများမြင့်တက်
၂။ မြန်မာ့ပြောင်းအား ဖိလစ်ပိုင်သို့တိုးမြှင့်တင်ပို့နိုင်ရေး နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုး
၃။ စာဝါကျားငှက် ၈၀,၀၀၀ ကျော်လာရောက်ကျက်စား
၄။ ဂျာမနီနိုင်ငံ့အကြီးအကဲဖရိုင်းဒရစ်မာ့ဇ် တရုတ်စက်ရုပ်ကိုယ်ခံပညာပြပွဲကြည့်ရှုအားပေး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ယခုမတ်လအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ ကုန်သေတ္တာတင်သင်္ဘော(၅၉)စင်း ဝင်ရောက်ဆိုက်ကပ်မှာဖြစ်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှသိရပါတယ်။
#Local_News
Published 04 March 2025
#ကုန်သေတ္တာတင်သင်္ဘော #ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း
#YMG/SW #Yangon_Times
ဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေးအတွက် စားသုံးသူများထံသို့ အိမ်အရောက်ပိုစနစ် နဲ့ ဆက်လက် ပိုဆောင်ရောင်းချပေးနေပြီး ယင်းသို့ရောင်းချပေးနေတဲ့ ဆန်အမျိုးအစားတွေမှာတော့ ပေါ်ဆန်းနဲ့ ဧည့်မထ ဆန် ဈေးနှုန်းတွေ အရက်လကထက်မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 04 March 2025
#ဆန်
#YMG/NN #Yangon_Times
၃ မတ် ၂၀၂၆
အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေးပဋိပက္ခများကြောင့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ က ပြည်သူသို့ အသိပေးကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာအောက်ပါအတိုင်းဖြစ်ပါတယ်။
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
နေပြည်တော်၊ မတ်လ ၃ ရက်
၁။ လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့် သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်းတစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။
၂။ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များသည် အောက်ပါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရန် ဖြစ်ပါသည်-
(က) လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/----၊ 4A/---- စသည်ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 1A/----၊ 3A/---- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရန် ဖြစ်ပါသည်။ (EV မော်တော်ယာဉ်/EV မော်တော်ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင်သည်။)
(ခ) နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံးဆီသယ်ယူပို့ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်းယာဉ်များ အသုံးပြုနိုင်သည်။
(ဂ) စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူအနေဖြင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန် ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှုမရှိသရွေ့ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ

Page 129 of 2398