နေပြည်တော်-မတ်၂၆၊၂၀၂၆
◾️စက်သုံးဆီဝယ်ယူရာတွင် စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပမာဏကို သတ်မှတ်ပြီး ပိုမို၍ ပြည့်စုံသည့်စနစ်ဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များ တွင် ၂၇-၃-၂၀၂၆ ရက်နေ့မှစ၍ ရောင်းချသွားမည်ဖြစ်ပြီး ကျန်မြို့များတွင်လည်း ယခုစနစ်အား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
◾️စနစ်အားအသုံးပြုရာတွင် မော်တော်ယာဉ်၏ Wheel Tax တွင် အာမခံမှုအမှတ်အသား (Hologram) ပါရှိမှသာ အရောင်းဆိုင်ဝန်ထမ်းက Scan ဖတ်မည်ဖြစ်ပါသည်။
◾️ယင်းအချိန်တွင် Gas ကားဖြစ်ပါက “Gas ဆိုင်တွင်သာ ဝယ်ယူရန်” စာသားပေါ်လာမည် ဖြစ်ပါသည်။
◾️ဓာတ်ဆီ၊ ဒီဇယ်ဆီကားများဖြစ်ပါက မော်တော်ယာဉ်နံပါတ်၊ တစ်ပတ်အတွင်း ဝယ်ယူခွင့် ပမာဏ၊ ဝယ်ယူပြီးသည့်ပမာဏ၊ ဝယ်ယူရန်ကျန်ရှိသည့်ပမာဏ ပေါ်လာမည်ဖြစ်ပါသည်။
◾️ဝယ်ယူမည့်ဆီအမျိုးအစားနှင့်ပမာဏကို ဖြည့်သွင်းပြီး ဝယ်ယူနိုင်မည်ဖြစ်ပြီး ရောင်းချသည့် ဆိုင်နံပါတ်၊ တည်နေရာ၊ ဆီပမာဏများ အလိုအလျောက် Server သို့ ဝင်ရောက်သွားပါမည်။ ဒုတိယအကြိမ်ထပ်မံဝယ်ယူသည့်အချိန်တွင် Quota ကုန်နေပါက ဝယ်ယူခွင့် မပြုကြောင်း ဖော်ပြပေးပါမည်။
◾️သတ်မှတ်ပေးသည့် Quota ကို တစ်ပတ်အတွင်း အပြီးအပြတ် ဝယ်ယူရပါမည်။
◾️ခရီးဝေးသွားရောက်မည့်ယာဉ်များအတွက် မူလဝယ်ယူထားသည့် စက်သုံးဆီငွေရှင်းပြေစာ ကိုပြသ၍ ရောက်ရှိရာ အခြားတိုင်းဒေသကြီး/ပြည်နယ်ရှိ အရောင်းဆိုင်များတွင် Scan ဖတ်၍ ထပ်မံဝယ်ယူနိုင်မည်ဖြစ်ပါသည်။
◾️ခရီးဝေးပြေးဆွဲနေသည့် အထူးဘတ်စ်ကား၊ လူမှုကူညီရေးယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန် ယာဉ်၊ စည်ပင်အမှိုက်သိမ်းယာဉ်၊ ရေပုတ်စုပ်ယာဉ် စသည့်ယာဉ်များကို Quota များ သတ်မှတ်ခြင်း မရှိဘဲ အရောင်းဆိုင်များမှ လိုအပ်သည့်ပမာဏအတိုင်း စိစစ် ရောင်းချပေးသွားပါမည်။ Scan ဖတ်၍ မှတ်တမ်းတင်ထားပြီး Online Monitoring စနစ်ဖြင့် ကြပ်မတ် ထိန်းကျောင်းသွားပါမည်။
◾️ကုန်တင်ယာဉ်ကြီးများအနေဖြင့် မြို့ပြင်ရှိစက်သုံးဆီဆိုင်များတွင်သာ QR Code စနစ်ဖြင့် ဖြည့်သွင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။
◾️စက်မှုလယ်ယာကဏ္ဍတွင် အသုံးပြုသည့် ထွန်စက်၊ လယ်ယာသုံးစက်ကိရိယာများ၊ အိမ်တွင်း စက်မှုလုပ်ငန်းများနှင့် မီးစက်များအတွက် စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့်ပုံစံတွင် ဖြည့်စွက်၍ နီးစပ်သောအရောင်းဆိုင်များတွင် မှတ်တမ်းထားရှိ၍ ရောင်းချပေးမည် ဖြစ်ပါသည်။
◾️စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် Bar Code သို့မဟုတ် QR Code ဖတ်၍ ရောင်းချပေးထားမှု နှင့် ပုံစံတွင်ဖြည့်စွက်၍ ရောင်းချပေးထားသည့် စက်သုံးဆီပမာဏကိုသာ ပြန်လည်ဖြည့်တင်းခွင့်ရရှိ မည်ဖြစ်ပါသည်။
◾️ယာဉ်တစ်စီးချင်းအနေဖြင့် တစ်ပတ်စာဝယ်ယူခွင့်အကြိမ်ရေနှင့် ပမာဏကို ထုတ်ပြန်ပေး မည်ဖြစ်ပြီး သတ်မှတ်ချက်အတိုင်း ရောင်းချပေးသွားမည်ဖြစ်ပါသဖြင့် ပြည်သူများ အဆင်ပြေ ချောမွေ့စွာ စက်သုံးဆီဝယ်ယူခွင့်ရရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါ ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
စွမ်းအင်ဝန်ကြီးဌာန



ရန်ကုန်-နေပြည်တော်ရထားလမ်းပိုင်းမှာ ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတစ်စင်းထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားမှ မတ်လ၂၅ရက်နေ့က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 26 March 2026
#ရန်ကုန်_နေပြည်တော်ရထား #DEMU
#YMG/SW #Yangon_Times
ငါးမွေးမြူရေးကန်များ အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ငါးလုပ်ငန်းဦးစီးဌာနကအသိပေးနှိုးဆော်ထားပါတယ် ။
#Local_News
Published 26 March 2026
#ငါးမွေးမြူရေးကန် #ငါး
#YMG/NN #Yangon_Times
ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်စရိတ်မြင့်တက်လာတာကြောင့် သားငါးဈေးတွေမြင့်တက်လာတယ်လို့ ဈေးကွက်စာရင်းများအရသိရပါတယ်။
#Local_News
Published 26 March 2026
#သားငါးဈေး
#YMG/SW #Yangon_Times
ရန်ကုန်မြို ပန်းဆိုးတန်းနဲ့ ဒလမြိုသို့ ခရီးသည်များသယ်ယူပို့ဆောင်ပေးနေတဲ့ချယ်ရီကူးတို့သင်္ဘောရဲ့ နောက်ဆုံးပြေးဆွဲချိန်ကို မတ်လ၂၈ရက်မှ စတင်ကာ ပြောင်းလဲပြေးဆွဲပေးသွားမယ်လို့သိရပါတယ်။
#Local_News
Published 26 March 2026
#ပန်းဆိုးတန်း_ဒလ #ချယ်ရီကူးတိုသင်္ဘော
#YMG/SW #Yangon_Times
#Daily_News
Published 26 March 2026
၁။ ရန်ကုန်-နေပြည်တော်ရထားလမ်းပိုင်းတွင် DEMU ရထားတစ်စင်း ထပ်မံတိုးချဲ့ပြေးဆွဲမည်
၂။ ငါးမွေးမြူရေးကန်များ အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေး
၃။ ထုတ်လုပ်မှုနှင့်သယ်ယူပို့ဆောင်စရိတ်မြင့်တက်လာခြင်းကြောင့် သားငါးဈေးများမြင့်တက်လာ
၄။ စွမ်းအင်သစ်မော်တော်ယာဉ်ဝယ်ယူသူများအတွက် တစ်နာရီအတွင်းလိုင်စင်နံပါတ်ပြားပိုဆောင်ပေးသည့်ဒရုန်းစနစ် တရုတ်၌တရားဝင်စတင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 26 March 2026
▪️ ၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်လိုက်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း အောက်ဖော်ပြပါ တိုင်းတာမှတ် (၃) နေရာတွင် Ambient Air Quality Monitoring Station with Mobile Car- (AQMS Mobile Car)၊ Compact Air Quality Monitoring Station- (AQM 65) စက်များကို အသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10) ၊ Sulphur Dioxide (SO2)၊ Nitro-gen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter (၆) မျိုးကို (၂၄) နာရီ ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါသည်။
▪️ လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထု အရည်အသွေးတိုင်းတာသည့်နေရာ အနီးဝန်းကျင်အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ပါကြောင်း သုံးသပ်ရရှိ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 111 of 2398