အိန္ဒိယနိုင်ငံက ငလျင်အပြီး အဆောက်အအုံများစစ်ဆေးရာမှာ အသုံးပြုဖို့အတွက် ကျပ်သိန်းပေါင်း တစ်သောင်းကျော်တန်ဖိုးရှိတဲ့ စက်ကိရိယာပစ္စည်းတွေလှူဒါန်းခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 31 March 2026
#အိန္ဒိယ #စက်ကိရိယာပစ္စည်း
#YMG/SW #Yangon_Times
ဓာတ်မြေဩဇာတွေကို ဈေးနှုန်းသက်သာစွာ တိုက်ရိုက်ဝယ်ယူသုံးစွဲနိုင်ဖို့ ချုပ်ဆိုခဲ့တဲ့စာချုပ်တွေနဲ့ ပတ်သက်တဲ့ တံဆိပ်ခေါင်းခွန်တွေကို ကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 31 March 2026
#ဓာတ်မြေဩဇာ #တံဆိပ်ခေါင်းခွန်
#YMG/SW #Yangon_Times
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာပြုလုပ်မယ့်လမ်းလျှောက်သင်္ကြန်မှာ ဗဟိုမဏ္ဍပ်မုခ်ဦးပုံဒီဇိုင်းကို ပုဂံအငွေ့အသက်ပုံ ဒီဇိုင်းရေးဆွဲတည်ဆောက်သွားမယ်လို့ ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်
#Local_News
Published 31 March 2026
#ပုဂံလမ်းလျှောက်သင်္ကြန် #သင်္ကြန်
#YMG/NN #Yangon_Times
#Daily_News
Published 31 March 2026
၁။ ရိုးမရိပ်သာအိမ်ရာအခန်းယာယီနေထိုင်ခွင့်များထုတ်ပေးမည်
၂။ ဓာတ်မြေဩဇာဝယ်ယူခွင့်စာချုပ်များအတွက် တံဆိပ်ခေါင်းခွန်ကင်းလွတ်ခွင့်ပြု
၃။ ပုဂံလမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ်မုခ်ဦးပုံဒီဇိုင်းကို ပုဂံအငွေ့အသက်ပုံ ဒီဇိုင်းရေးဆွဲ တည်ဆောက်မည်
၄။ လူဝင်မှုနှင့်အကောက်ခွန်ကြီးကြပ်ရေးမှဝင်ရောက်ကူညီနေရသဖြင့် ဗာဂျီးနီးယားအပြည်ပြည်ဆိုင်ရာလေဆိပ်၌ခရီးသည်များအဆင်မပြေဖြစ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
နေပြည်တော်၊ မတ် ၃၁
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၏ ဒုတိယသမ္မတအဖြစ် ကိုကိုးကျွန်းမဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှင့်လက်ရှိဝန်ကြီးချုပ်ဖြစ်သူ ဦးညိုစောအား ယနေ့ မတ်လ ၃၁ ရက် တွင် ကျင်းပသော အစည်းအဝေး၌ အတည်ပြု ရွေးချယ်လိုက်ကြောင်းသိရသည်။
နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြု လုပ်သော ဒုတိယသမ္မတရွေးချယ်ရေး အစည်းအဝေးတွင် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်ချုပ်ကျော်သူရအေးက ဦးညိုစောကို အဆိုပြုတင်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုကို တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်စိုးညွန့်က ထောက်ခံခဲ့ပြီး ကန့်ကွက်သူ မရှိသည့်အတွက် အစုအဖွဲ့၏ ဒုတိယသမ္မတအဖြစ် အတည်ပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးကို တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ရဲကျော်သူက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရေး ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကျင်းပခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးသို့ တက်ရောက်ခွင့် ရှိသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးစလုံး ရာခိုင်နှုန်းပြည့် တက်ရောက်ခဲ့ကြသည်။
ယခုကဲ့သို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ အတည်ပြုရွေးချယ်လိုက်သော ဒုတိယသမ္မတ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ဆက်လက်ပေးပို့ တင်ပြသွား မည်ဖြစ်ကြောင်း သဘာပတိက ကြေညာခဲ့သည်။
ယခုအခါ သမ္မတအဖြစ် အရွေးချယ်ခံနိုင်ရန်အတွက် ဒုတိယသမ္မတများအဖြစ် ဦးမင်းအောင်လှိုင်၊ ဒေါ်နန်းနီနီအေး နှင့်ဦးညိုစောတို့ကို သက်ဆိုင်ရာ အစုအဖွဲ့များက ရွေးချယ်တင်မြှောက်ခဲ့ကြပြီးဖြစ်ပြီး မကြာမီ ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတကို ဆန္ဒမဲပေးရွေးချယ်ကြမည်ဟုသိရသည်။
#ymg/knl
#Local_News
Published 31 March 2026
■ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ဗဟိုမဏ္ဍပ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ယိမ်းအဖွဲ့ ၁၃ ဖွဲ့ဖြင့် ဖျော်ဖြေတင်ဆက်သွား မည်ဖြစ်ကြောင်းသိရသည်။
■ တောင်ငူမြို့၏မဟာသင်္ကြန်ပွဲတော်၌ လမ်းလျှောက်သင်္ကြန်၊ စတုဒိသာအလှူများ၊ ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ DJ နှင့် နာမည်ကြီးအဆိုတော်များဖြင့် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
■ အဆိုပါ တောင်ငူမြို့တွင် မန္တလေးမြေငလျင်ကြီးကြောင့် ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို အေးသင်္ကြန်အဖြစ် ဆင်နွှဲခဲ့ပြီး ယခုနှစ်တွင် ယိမ်းအဖွဲ့ ၁၃ ဖွဲ့ဖြင့် ဖျော်ဖြေတင်ဆက်နိုင်ရေး သင်္ကြန်တေးသီချင်းများဖြင့် သီဆိုကပြရန် ရပ်ကွက်ကျေးရွာအုပ်စုများ၌ ကြိုတင် လေ့ကျင့်လျက်ရှိ ကြောင်း ၊အကယိမ်းဖွဲ့များကို သင်္ကြန်ဝတ်စုံများ စီစဉ်ဆောင်ရွက်ပေးထားပြီး ဖျော်ဖြေရေးအစီအစဉ်များတွင် DJ နှင့် ဒေသခံအဆိုတော်များအပြင် နိုင်ငံကျော်အဆိုတော်များ ဖျော်ဖြေကြမည်ဖြစ် ကြောင်း သိရသည်။
■ ထို့အပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ရေရရှိရေး၊ ရေလာရောက်ကစားမည့်သူများ အဆင်ပြေချောမွေ့စေရေးနှင့် အလှူရှင်များက စတုဒိသာအလှူများဖြင့် ကျွေးမွေးနိုင်ရေး ကြိုတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည် ။

Page 106 of 2398