#Local_News
Published 03 April 2026
■ မျိုးပြုန်းပျောက်ကွယ်မည့်ဘေးနှင့် ရင်ဆိုင် နေရပြီးလူသားတို့၏ ထိန်းသိမ်းစောင့်ရှောက်မှုကို လိုအပ်သောမျောက်ပင့်ကူ ( Brown Headed Spider Monkey ) များအား ရန်ကုန်တိရစ္ဆာန်ဥယျာဥ်တွင် ပြသထားရာ လာရောက်လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
■ မျောက်ပင့်ကူမျိုးစိတ်များသည် အမေရိကတိုက် အလယ်ပိုင်း မှ တောင်အမေရိက မြောက်ဘက်ပိုင်းထိ ပင်လယ်ရေမျက်နှာပြင် အထက်မီတာ ၁၀၀ မှ ၁၇၀၀ ကြားတွင်ရှိသော အပူပိုင်း နှင့် စိုစွတ်သည့် သစ်တောများတွင် နေ့ထိုင်လေ့ရှိကြကြောင်း၊ ကိုယ်လုံးကိုယ်ထည်မှာ သွယ်လျကာ ရှည်လျားသော ခြေတံ လက်တံများ နှင့် အမြှီးသည် ခန္ဓာကိုယ်အလျားထက် ပို၍ ရှည်လျားပြီး သစ်ပင်သစ်ကိုင်းများကြားမှာ လှည့်ပတ်နေထိုင်ရန် နှင့် အစာရှာဖွေရာမှာ “ ပဉ္စမမြောက် လက် “ အနေဖြင့်အသုံးပြုကြကြောင်းသိရသည်။
■ မျောက်ပင့်ကူများသည် သစ်တောများ ထူထပ်သောနေရာမျိုးတွင်သာ ရွေးချယ်နေထိုင်ကြပြီး ယနေ့အချိန်တွင် ၎င်းတို့၏ ကျင်လည်ရာ ရေမြေတောတောင် များ ပျက်စီးဆုံးရှုံးလာမှု၊ သစ်တောများ ခုတ်ထွင်ရှင်းလင်းလာမှုနှင့် အမဲလိုက်ဖမ်းဆီးမှုများကြောင့် မျိုးပြုန်းပျောက်ကွယ်မည့်ဘေးနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း ၊၎င်းတို့သည်နေ့ဘက်တွင်လှုပ်ရှား သွားလာကြပြီး သစ်ပင်များပေါ်၌ အများဆုံး နေထိုင်လေ့ရှိကြကာ ရှည်လျားသွယ်လျသော ခန္ဓာကိုယ်ကို ရှိခြင်းကြောင့် အမြင့် (၉)မီတာ ပေ (၃၀)ကျော် အထိပင် ခုန်ကူးနိုင်ကြပြီး သစ်တောများထူထပ်သောနေရာမျိုးတွင်သာ ရွေးချယ်နေထိုင်ကြကြောင်းသိရသည်။
#YMG/SW #Yangon_Times
စက်သုံးဆီဝယ်ယူရာမှာ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ရောင်းချတဲ့စနစ်ကို အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ရာ Bar Code/ QR Codeစနစ်ဖြင့် စက်သုံးဆီဝယ်ယူခြင်းကို ပုသိမ်မြို့နှင့်ရန်ကုန်-ပြည်-မကွေး လမ်းမကြီး တစ်လျှောက်ရှိမြို့တွေမှာ ယခုသီတင်းပတ်အတွင်း အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 03 April 2026
#Bar_Code/QR_Code #ပုသိမ်မြို့
#YMG/SW #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ယခုလအတွင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ယခုလအတွင်းပထမအကြိမ်အဖြစ်အမေရိကန်ဒေါ်လာ ၄၉ သန်း ရောင်းချပေးမယ်လို့ ဗဟိုဘဏ်က ယမန်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။
#Local_News
Published 03 April 2026
#စက်သုံးဆီ #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/SW #Yangon_Times
ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ဖို့နဲ့ ကုန်စည်များဈေးနှုန်းသက်သာစွာ သယ်ယူပို့ဆောင်နိုင်ဖို့ ပါဆယ်ရထားတွေကို တိုးချဲ့ချိတ်ဆက်ပြေးဆွဲသွားမယ်လို့ မြန်မာ့မီးရထားကနေသိရပါတယ်။
#Local_News
Published 03 April 2026
#ပါဆယ်ရထား #မြန်မာ့မီးရထား
#YMG/NN #Yangon_Times
အခု တစ်ပတ်အတွက် စက်သုံးဆီရည်ညွှန်းဈေးတွေမှာ ဓာတ်ဆီ95 ဈေးပြန်လည်ကျဆင်းလာပြီးကျန်စက်သုံးဆီဈေးအားလုံး ဆက်လက်မြင့်တက်လာတယ်လို့စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 03 April 2026
#စက်သုံးဆီ
#YMG/NN #Yangon_Times
#Daily_News
Published 03 April 2026
၁။ Bar Code/ QR Codeစနစ်ဖြင့် စက်သုံးဆီဝယ်ယူခြင်းကို ပုသိမ်နှင့်ရန်ကုန်-ပြည်-မကွေး လမ်းမကြီးတစ်လျှောက်ရှိ မြို့များတွင်အသုံးပြုနိုင်တော့မည်
၂။ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ယခုလအတွင်းပထမအကြိမ်အဖြစ်ကန်ဒေါ်လာ(၄၉)သန်း ရောင်းချပေးမည်
၃။ ကုန်စည်ပို့ဆောင်မှု လွယ်ကူရန်နှင့်သယ်ဆောင်စရိတ်လျှော့ချရန် ပါဆယ်ရထားများ တိုးချဲ့ပြေးဆွဲမည်
၄။ အဆင့်မြင့်စမတ်နည်းပညာများဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို တရုတ်အဆင့်မြှင့်တင်လုပ်ဆောင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 03 April 2026
■ ရွှေညောင်ဘဝသံသရာတံတားနှင့် တောင်ကြီးဘဝသံသရာတံတားတို့၏ ကွေ့နှစ်ခုနှိုင်းယှဉ်သုံးသပ်ချက်များအပါအဝင် အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော မြန်မာ့မီးရထားအတွက် ခေတ်မီစက်ယန္တရားများဖြင့် လမ်းပြုပြင်ထိန်းသိမ်းမှုကဏ္ဍများအား ဆွေးနွေးခဲ့ကြောင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ သိရသည်။
■ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်မှာကြားချက်အရ ရထားလမ်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းနည်းပညာဆိုင်ရာ အထောက်အကူပြုအလုပ်ရုံဆွေးနွေးပွဲကို ယမာန်နေ့မနက်ပိုင်းက မြန်မာ့မီးရထားရုံးချုပ် နေပြည်တော်ဘူတာကြီးဝင်းအတွင်းရှိ ဘဝသံသရာခန်းမ၌ ကျင်းပသည်။
■ အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာများ၊ အရာထမ်းအမှုထမ်းများနှင့် မြန်မာ့မီးရထားတိုင်းအသီးသီးမှ အရာထမ်းအမှုထမ်းများကလည်း Online ဖြင့် တက်ရောက်ကြသည်။
■ ဒုတိယဝန်ကြီးက ရထားလမ်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း နည်းပညာဆိုင်ရာ အထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သူများကို အမှာစကားပြောကြားသည်။
■ ထို့နောက် ရထားလမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍လည်းကောင်း၊ ရွှေညောင်ဘဝသံသရာတံတားနှင့် တောင်ကြီးဘဝသံသရာတံတားတို့၏ ကွေ့နှစ်ခုနှိုင်းယှဉ်သုံးသပ်ချက်နှင့် ပတ်သက်၍လည်းကောင်း၊ ရန်ကုန်မြို့ပတ်ရထားလမ်း၏ မြို့ပြအင်ဂျင်နီယာပိုင်းဆိုင်ရာလုပ်ငန်းများ ပြုပြင်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော မြန်မာ့မီးရထားအတွက် ခေတ်မီစက်ယန္တရားများဖြင့် လမ်းပြုပြင်ထိန်းသိမ်းမှုကဏ္ဍ ခေါင်းစဉ်ဖြင့်လည်းကောင်း ဌာနအလိုက် သက်ဆိုင်ရာအင်ဂျင်နီယာများက ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက ရထားလမ်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းနည်းပညာဆိုင်ရာ အထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲများကို ပုံမှန်ပြုလုပ်သွားကြရန် မှာကြားသည်။
■ ဆွေးနွေးတင်ပြချက်များအပေါ် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ မေးမြန်းချက်များ ပြန်လည်ဆွေးနွေးသည်။
■ ရထားလမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းနည်းပညာဆိုင်ရာ အထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲသို့ အရာထမ်းအမှုထမ်း ၉၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 102 of 2398