တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူတွေအတွက် နိုင်ငံအဝှမ်းက တက္ကသိုလ်တွေမှာ ကျွမ်းကျင်မှုအတတ်ပညာ (Job - Ready Skills) သင်တန်းတွေဖွင့်လှစ်ပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 31 December 2025
#တက္ကသိုလ်ဝင်စာမေးပွဲ #သင်တန်း
#YMG/NN #Yangon_Times
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့ မန္ဆလေးမြို့ရှိမဟာမုနိဘုရားကြီး ရွှေထီးတော်အသစ်တင်လှူပူဇော်ပွဲကို နိုင်ငံတော်အဆင့် အခမ်းအနားနဲ့ကျင်းပသွားမယ်လို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောပါတယ်။
#Local_News
Published 31 December 2025
#မဟာမုနိဘုရားကြီး #မန္တလေး
#YMG/NN #Yangon_Times
#Local_News
Published 31 December 2025
■ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် စက်သုံးဆီနှင့်စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့
အမေရိကန်ဒေါ်လာ ၆ သန်းကျော် ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။
■ CMP ကုမ္ပဏီများထံမှဝယ်ယူထားသည့် နိုင်ငံခြားငွေများမှ အမေရိကန်ဒေါ်လာ ၂.၆၅၀ သန်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့က စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီများထံထုတ်ရောင်းပေးခဲ့ကြောင်းသိရသည်။
■ ထို့အပြင် အမေရိကန်ဒေါ်လာ ၄ သန်းကိုလည်း စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအတွက်လည်း ရောင်းပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
၂၀၂၆ ဇန်နဝါရီလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ ကုန်သေတ္တာတင်သင်္ဘော(၆၃)စီးပြေးဆွဲပေးသွားမယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှတဆင့် သိရပါတယ်။
#Local_News
Published 31 December 2025
#သင်္ဘော #ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း
#YMG/SW #Yangon_Times
#Daily_News
Published 31 December 2025
၁။ မန္တလေး မဟာမုနိဘုရားကြီး ရွှေထီးတော်အသစ်တင်လှူပွဲကို နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ကျင်းပမည်
၂။ နိုင်ငံအဝှမ်းရှိတက္ကသိုလ်များ၌ ကျွမ်းကျင်မှုအတတ်ပညာ သင်တန်းများဖွင့်လှစ်မည်
၃။ သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေး တရုတ်နှင့်နည်းပညာ၊ အရင်းအနှီး ပူးပေါင်းဆောင်ရွက်လို
၄။ ရုရှားဗုံးကျဲလေယာဉ်Tu-95MS ပျံသန်းမှုခရီးစဉ်ပြီးမြောက် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Breaking_News
Published 31 December 2025
ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်များမှကောက်နှုတ်ချက်
◾️တစ်နိုင်ငံလုံးမဲပေးနိုင်သူ ၂၄၂၆၁၂၉၃ ဦး(၂၄ သန်းကျော်)ရှိခဲ့
◾️လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၄၈၆၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့
◾️ပထမပိုင်း ရွေးကောက်ပွဲ ၁၀၂ မြို့နယ်တွင်ပြုလုပ်ခဲ့
◾️ရွေးကောက်ပွဲပထမပိုင်းမဲပေးနိုင်သူ ၁၁၆၉၂၁၄၄ ဦး(၁၁.၆ သန်းကျော်)ရှိ
◾️မဲပေးခဲ့သူ ၆၀၉၅၅၁၁ ဦး (၆ သန်းကျော်) ရှိခဲ့
◾️ပထမပိုင်းရွေးကောက်ပွဲတွင် မဲပေးသူ ၅၂.၁၃ ရာခိုင်နှုန်းမဲပေးခဲ့
◾️မဲပေးသူ ၅၀ရာခိုင်နှုန်းကျော်ရှိ၍အောင်မြင်သောရွေးကောက်ပွဲဖြစ်
#Local_News
Published 31 December 2025
■ လုပ်ငန်းဆောင်ရွက်လျက်ရှိသော မြေဩဇာမှတ်ပုံတင် (၇၉၄၆) စောင်ရှိ
ပြီး တောင်သူများ အရည်အသွေးပြည့်မီသည့် မြေဩဇာများ သုံးစွဲနိုင်ကြစေရန် မှတ်ပုံတင်များ စိစစ်ထုတ်ပေးလျက်ရှိကြောင်းမြေဩဇာကော်မတီမှ သိရသည်။
■ မြေဩဇာကော်မတီ၏ (၄၆) ကြိမ်မြောက် အစည်းအဝေးကို ယမာန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
■ အဆိုပါ အစည်းအဝေးတွင် မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးစီမံကိန်းများအတွက် ၂၀၂၅ - ၂၀၂၆ ခုနှစ် မိုးစပါးနှင့် မိုးသီးနှံများတွင် လိုအပ်သည့် မြေဩဇာများကို ရာသီချိန်မီဖြန့်ဖြူးပေးနိုင်ရန် ဓာတ်မြေဩဇာအရည်အသွေးမှန်ကန်မှု ရှိ/မရှိ တိုင်းဒေသကြီး၊ ပြည်နယ်စစ်ဆေးရေးအဖွဲ့များက နမူနာရယူပြီး ကြိုတင်ဓာတ်ခွဲစစ်ဆေးခဲ့သည့်နည်းတူ ယခုစီမံကိန်းပြင်ပသီးနှံစိုက်ပျိုးခြင်းများအတွက် ဖြန့်ဖြူးမည့် ယူရီးယား၊ ကွန်ပေါင်းမြေဩဇာများကိုလည်း အရည်အသွေးမှန်ကန်မှု ရှိ/ မရှိ တိုင်းဒေသကြီး ပြည်နယ်စစ်ဆေးရေးမှူးက ဓာတ်ခွဲစစ်ဆေးရန် ဆောင်ရွက်လျက်ရှိသကဲ့သို့ ဓာတ်ခွဲစစ်ဆေးမှုပမာဏကို တိုးမြှင့်သွားရန်လိုကြောင်း၊ဓာတ်မြေဩဇာ သုံးစွဲရာတွင် ထိရောက်မှုရှိစေရန်၊ အပင်ကျန်းမာရေးနှင့် မြေဆီလွှာကျန်းမာရေးကို စိုက်ပျိုးသူတောင်သူများ အထူးဂရုပြုစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဒေသန္တရမြေဆီလွှာ ကျန်းမာရေးမှသည် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်သော အမျိုးသားအဆင့် မြေဆီလွှာကျန်းမာရေးစနစ်ကို ရှေးရှုဆောင်ရွက်လျက်ရှိရာ တောင်သူလယ်သမားများ သိရှိဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊
သီးနှံပေါ်မူတည်၍ သီးသန့်ပြုပြင်ထုတ်လုပ်ထားသော မြေဩဇာ (Tailor-made Fertilizers or Customized Fertilizers) များကို ထုတ်လုပ်သုံးစွဲသင့်ပါကြောင်း၊ သီးသန့်ပြုပြင် ထုတ်လုပ်ထားသည့် မြေဩဇာ (Tailor-made Fertilizers) များသည် ပုံမှန်မြေဩဇာများနှင့် ကွာခြားသော အချက်များရှိပြီး သီးနှံအလိုက် လိုအပ်သည့် အာဟာဓာတ်များ ပေးနိုင်မှုကြောင့် Tailor-made Fertilizers များကို ထုတ်လုပ်သုံးစွဲသင့်ကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် မြေသြဇာလုပ်ငန်းနှင့် ပတ်သက်ပြီး ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အကြံပြုချက်များကို ဝိုင်းဝန်းကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။
■ ဆက်လက်၍ မြေဩဇာကော်မတီအတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းများကို တင်ပြရာ မြေဩဇာကော်မတီအဖွဲ့ဝင်များနှင့် မြေဩဇာကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာကဏ္ဍများမှ ဝိုင်းဝန်းစိစစ်ဆွေးနွေးဆောင်ရွက်ကြသည်။
■ မြေဩဇာကော်မတီအနေဖြင့် တောင်သူများ အရည်အသွေးပြည့်မီသည့် မြေဩဇာများကို အချိန်နှင့်တစ်ပြေးညီသုံးစွဲနိုင်ကြစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေပြီး နိုင်ငံ၏ စားရေရိက္ခာဖူလုံပိုလျှံစေရန်အတွက် မြေဩဇာမှတ်ပုံတင်များကို စနစ်တကျစိစစ်ထုတ်ပေးလျက်ရှိရာ မြေဩဇာကော်မတီ၏ (၄၅) ကြိမ်မြောက် အစည်းအဝေးအထိ မှတ်ပုံတင်လက်မှတ်ပေါင်း ၁၃၁၈၂ စောင် ခွင့်ပြုပေးနိုင်ခဲ့ပြီး ကာယကံရှင်၏ တင်ပြချက်အရ ပယ်ဖျက်မှု ၂၃၀၇ စောင်နှင့် သက်တမ်းကျော်လွန်ခြင်းကြောင့် ဌာနက ဖျက်သိမ်းခဲ့ရသည့် မြေဩဇာမှတ်ပုံတင် ၂၉၂၉ စောင်ရှိသည့်အတွက် ယနေ့အထိ လုပ်ငန်းဆောင်ရွက်လျက်ရှိသော မှတ်ပုံတင် ၇၉၄၆ စောင်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 101 of 2314