မတ်၃၁၊၂၀၂၆
သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအစုအဖွဲ့အစည်းအဝေးဒုတိယနေ့ကို ယနေ့ မတ်၃၁ ရက်က ပြည်သူ့လွှတ်တော်အဆောက်အအုံ၌ ကျင်းရာ ပြည်သူ့လွှတ်တော် အစုအဖွဲ့၏ ဒုတိယသမ္မတလောင်းများဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှဒေါက်တာကျော်ဆွေတို့အနက် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ကို ထောက်ခံမဲ၂၄၇မဲ ဖြင့် ရွေးချယ်တင်မြှောက်ခဲ့သည်။
အလားတူ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ကို ယနေ့ မတ်၃၁ ရက်က အမျိုးသားလွှတ်တော် အဆောက်အအုံ ၌ ကျင်းပရာ အမျိုးသားလွှတ်တော် အစုအဖွဲ့၏ ဒုတိယသမ္မတလောင်းများဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဒေါ်နန်းနီနီအေးနှင့်ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒေါက်တာ မနမ်တူးဂျာတို့အနက် ဒေါ်နန်းနီနီအေးကို ထောက်ခံမဲ ၁၁၇ မဲ ဖြင့် ရွေးချယ်တင်မြှောက်ခဲ့သည်။
ထို့ကြောင့်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်နန်းနီနီအေးတို့သည် ပြည်သူ့လွှတ်တော်နှင့်အမျိုးသား လွှတ်တော်တို့မှ တင်မြှောက်သော ဒုတိယသမ္မတများဖြစ်လာသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်သော ဒုတိယသမ္မတ အမည်ကို တရားဝင်ကြေညာခြင်းမရှိသေးပေ။ သို့သော် မီဒီယာအချို့က ဦးညိုစောဟုထင်ကြေးပေးထားကြသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှရွေးကောက်တင်မြှောက်ထားသော ဒုတိယသမ္မတ အပါအဝင် ရွေးချယ်တင်မြှောက်ခံရသည့် ဒုတိယသမ္မတ(၃)ဦးထဲမှ နိုင်ငံတော်သမ္မတကို ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်မည်ဖြစ်သည်။
ထောက်ခံမဲအများဆုံးရသူသည် သမ္မတ၊ ဒုတိယမဲအများဆုံးရသူက ဒုတိယသမ္မတ(၁)နှင့် တတိယ မဲအများဆုံးရသူက ဒုတိယမ္မတ(၂) အဖြစ် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်းသိရသည်။
#ymg/knl
#Daily_News
Published 30 March 2026
၁။ သင်္ကြန်ကာလ၌အမြန်လမ်းယာဉ်မောင်းများလိုက်နာရန်စည်းကမ်းချက်များထုတ်ပြန်
၂။ ဒီဇယ်/CNG အသုံးပြုYBS ယာဉ်များတွင် EV YBSများအစားထိုးပြေးဆွဲနိုင်ရန် စမ်းသပ်ဆောင်ရွက်နေ
၃။ သင်္ကြန်ကာလအတွင်း အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းများရှိပါက ဆေးရုံ၊ ဆေးခန်း၌ကုသမှုခံယူရန်လိုအပ်ဟုဆို
၄။ အာရှစီးပွားရေးဖွံဖြိုးမှုလားရာနှင့်ပတ်သက်သောအစီရင်ခံစာကြီးနှစ်ခုအား ဘိုအော်ဖိုရမ်၌ထုတ်ပြန်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
လာမယ့် မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို အသုံးပြုပြီးခရီးသွားလာတဲ့ ယာဉ်မောင်းသူများ လိုက်နာဖို့အသိပေးချက်တစ်ရပ်ကို အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေး နှင့် ကြီးကြပ်ရေးအဖွဲ့က မတ် ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 30 March 2026
#သင်္ကြန်ကာလ #အမြန်လမ်းယာဉ်မောင်း
#YMG/NN #Yangon_Times
ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ဒီဇယ်/CNG အသုံးပြုYBS ယာဉ်တွေရဲ့နေရာမှာ EV YBSများအစားထိုးပြေးဆွဲနိုင်ဖိံ စမ်းသပ်ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ သိရပါတယ်။
#Local_News
Published 30 March 2026
#EV_YBS #ဒီဇယ်/CNG
#YMG/SW #Yangon_Times
လာမယ့် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကာလအတွင်း အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းများရှိပါက နီးစပ်ရာကျန်းမာရေးဌာန ၊
ဆေးရုံ၊ ဆေးခန်းမှာ ကုသမှုခံယူဖို့လိုအပ်တယ်လို့
ကျန်းမာရေးဝန်ကြီးဌာနက အသိပေးချက်ထုတ်ပြန်ထားပါတယ်။
#Local_News
Published 30 March 2026
#သင်္ကြန် #ဆေးရုံ_ဆေးခန်း
#YMG/NN #Yangon_Times
ရမည်းသင်းဘူတာ မှ ရထားလက်မှတ်များကို ORTP စနစ်နဲ့ အွန်လိုင်းမှ တဆင့်စတင်ဝယ်ယူနိုင်ပြီဖြစ်တယ်လို့ မြန်မာ့မီးရထားမှ အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 30 March 2026
#ရမည်းသင်းဘူတာ #ORTP
#YMG/SW #Yangon_Times
နေပြည်တော်-မတ်၃၀၊၂၀၂၆
ဦးစီးချုပ်တို့၏ ဦးဆောင်မှုအောက်တွင် တပ်မတော်၏ တာဝန်များကို စုစည်းညီညွတ်စွာဖြင့်ကြိုးပမ်း ဆောင်ရွက်ကြရန် တပ်မတော်ကာကွယ်ရေးဦီးစီးချုပ်တာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကိုယနေ့ မတ်၃၀ ရက် နံနက်ပိုင်းတွင် နေပြည်တော် ရှိ ဇေယျသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာမှာ တာဝန်များအား လွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦီးစီးချုပ်တာဝန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ရှိကာကွယ်ရေး ဦီး စီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦးထံ အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ကမ္ဘာတည်သ၍ မြန်မာတည်ရမည်၊ မြန်မာတည်သ၍ မြန်မာ့တပ်မတော် တည်ရှိရမည်ဖြစ်ပြီး ကောင်း မြတ်သည့်တပ်မတော်၏ သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းကာ နိုင်ငံတော်ကအားထားရ သော၊ ပြည်သူလူထုက အားကိုးရသော တပ်မတော်အဖြစ် ဆက်လက်ရပ်တည်သွားကြဖို့လည်း ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းသွားပါတယ်။
တပ်မတော်အကြီးအကဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ယုံကြည်စွာဖြင့် တာဝန်လွှဲ ပြောင်းပေးအပ်ခဲ့သည့် တာဝန်ကိုလည်း ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှအကောင်းဆုံးဖြစ်အောင် ကျေပွန်စွာ ထမ်းဆောင်ခဲ့တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
ဗိုလ်ချုပ်ကြီး နေဝင်းအပါအဝင် ခေတ်အဆက်ဆက် တပ်မတော်ခေါင်းဆောင်ကြီးများ မျှော်မှန်းတည်ဆောက်ခဲ့သည့်အတိုင်း အင်အားတောင့်တင်းပြီးစွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်ကြီး ဖြစ်အောင် ကြိုးပမ်းတည်ဆောက်ခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။ယင်းကဲ့သို့ တည်ဆောက်သည့်နေရာတွင်ယခင်တပ်မတော်အကြီးအကဲများ၏ လမ်းညွှန်ဆုံးမ ဩဝါဒများ၊ ဖြတ်သန်း ခဲ့ရသည့် ဘဝအတွေ့ အကြုံများနှင့် ပေါင်းစပ်ပြီးအကောင်းဆုံး ဆောင်ရွက်ခဲ့ခြင်းပြီး တပ်မတော်၏ စွမ်းရည်မြင့်မားရေး၊ နိုင်ငံတကာ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်ရေးတို့ကို အတိုင်းအတာတစ်ရပ် အထိရောက်အောင် မြှင့်တင်စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦီးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံခဲ့တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကလည်း ကျေးဇူးတင်စကားနှင့် ကတိစကားများပြန်လည်ပြောကြားခဲ့ပါတယ်။

ထို့နောက် လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦး ထံသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆောင်အယောင်ဓါးနှင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံး၏ အလံတို့ကို လွှဲပြောင်းပေးအပ်ပေးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဦးစီး ကွပ်ကဲမှုတံဆိပ်ကို တပ်ဆင်ပေးခဲ့ပါတယ်။
ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လက်ခံထမ်းဆောင်သည့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦး ကတာဝန်လွှဲပြောင်း ပေးအပ်ခဲ့သည့် ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဂုဏ်ပြုအဆောင် အယောင်ဓါးကို ဂါရဝပြု ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်။
အဲဒီနောက် မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များအား လွှဲပြောင်းပေး အပ် ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၏တာဝန်များအား လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်သည့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး ဒေါ်နီလာ တို့သည် အခမ်းအနား တက်ရောက် လာကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အဆင့်မြင့် အရာ ရှိကြီးများနှင့်ဇနီးများ၊ ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိပါတယ်။







Page 107 of 2398