#Local_News
Published 24 December 2025
▪️ ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်ရှိလွယ်ဆမ်ဆုန်တောင်တက်လမ်းတွင် ယာဉ်တစ်စီး ဘရိတ်ပေါက်တိမ်းမှောက်မှုကြောင့် နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
▪️ ၂၃.၁၂.၂၀၂၅ ရက်နေ့၊ ညနေ၆နာရီ အချိန်ခန့်က ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းနယ်မြေ၊ လွယ်ဆမ်ဆုန်တောင်တက်လမ်း မိုင်းဆတ်ဘက်မှ တာချီလိတ်သို့ မောင်းနှင်လာသော MITSUBISHI CANTER FUSOအမျိုးအစား(၆)ဘီး(အဖြူရောင်)ယာဉ်သည် ဘရိတ်ပေါက်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါယာဉ်တိမ်းမှောက်မှုအားမိုင်းဆတ်ခရိုင်မီးသတ်စခန်းမှ ကရိန်းယာဉ်(၁)စီး၊ မိုင်းဆတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မိုင်းတွမ်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦး၊ မ(၃)ဦး စုစုပေါင်း(၆)ဦးအနက်၊ မ(၂)ဦး(ေ-သဆုံး)ခဲ့ပြီး ကျား(၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မိုင်းဆတ်မြို့နယ် ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 December 2025
#ရုက္ခဗေဒဥယျာဉ် #ပြင်ဦးလွင်
#YMG/NN #Yangon_Times
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဦးဆောင်မှုဖြင့် စက်မှုလယ်ယာဦးစီးဌာနနှင့် မြန်မာနိုင်ငံလယ်ယာသုံးစက်ကိရိယာလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပတဲ့ လယ်ယာသုံးစက်ကိရိယာပြပွဲကို ယခုလ(၂၂)ရက်မှ(၂၄)ရက်အထိ ကျင်းပလျှက်ရှိပါတယ်။
#Local_News
Published 23 December 2025
#စက်ကိရိယာပြပွဲ
#YMG/SW #Yangon_Times
ရန်ကုန် - ပဲခူး ပြေးဆွဲနေတဲ့ Diesel Electric Multiple Units DEMUs ( DEMU ) ရထားခရီးစဉ်ပြေးဆွဲမှုတွေကို ဒီဇင်ဘာ ၂၂ရက်နေ့က စတင်ပြီး ရပ်ဆိုင်းလိုက်တယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။
#Local_News
Published 23 December 2025
#DEMU #ရန်ကုန်_ပဲခူး
#YMG/NN #Yangon_Times
#Daily_News
Published 23 December 2025
၁။ ရန်ကုန်-ပဲခူး DEMU ရထားများ ပြေးဆွဲမှုရပ်ဆိုင်း
၂။ စက်ကိရိယာအမျိုးပေါင်း ၃၀၀ ကျော်ပြသသည့်လယ်ယာသုံးစက်ကိရိယာပြပွဲကျင်းပနေ
၃။ ရုက္ခဗေဒဥယျာဉ်သို့ တစ်ရက်လျှင်ပြည်တွင်း၊ပြည်ပခရီးသွား လေးသောင်းခန့် လာရောက်လည်ပတ်
၄။ နီကယ်၊ကိုဘော့၊ဘစ္စမက်တိုပါဝင်ဖွဲစည်းထားသောသတ္တုအသစ်တစ်မျိုးအား တရုတ်တောင်ပိုင်း၌တူးဖော်တွေ့ရှိ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေးနဲ့အတူ မြန်မာရွှေဈေးလည်း ဆက်တိုက်မြင့်တက်လျှက်ရှိရာမှာ မြန်မာ့ရွှေပြင်ပပေါက်ဈေးဟာ တစ်ရက်အတွင်း ကျပ်၁၄၀၀၀၀မြင့်တက်ခဲ့ပြီး တစ်ကျပ်သား ကျပ်(၉၃)သိန်းခန့်သို့ရောက်ရှိလာတယ်လို့ ရွှေဈေးကွက်အသိုင်းအဝိုင်းမှ သိရပါတယ်။
#Local_News
Published 23 December 2025
#ကမ္ဘာ့ရွှေဈေး #ရွှေ
#YMG/SW #Yangon_Times
#Local_News
Published 23 December 2025
▪️ ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့တွင် ပြည်သူ့အငှားအိမ်ရာတစ်လုံးတည်ဆောက်လျှက်ရှိကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှသိရသည်။
▪️ အဆိုပါ RC(၄)ခန်းတွဲ(၄)ထပ်ဆောင် ပြည်သူ့အငှားအိမ်ရာတည်ဆောက်လျှက်ရှိသည့်တောင်ကြီးမြို့၊ ထီဖောင်ကျေးရွာသို့ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းကသွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
▪️ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် RC(၄)ခန်းတွဲ(၄)ထပ်ဆောင်ပြည်သူ့အငှားအိမ်ရာတည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြကာ တင်ပြချက်အပေါ် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့်လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးစနစ်တကျ ဆောင်ရွက်သွားရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးရေး၊ တည်ဆောက်ရေးလုပ်ငန်းစဉ် တစ်ခုချင်းစီတိုင်းအား တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 109 of 2315