နေပြည်တော်၊ မတ်၂၇ ၊ ၂၀၂၆
ပြည်သူများ စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်နှင့် အရောင်းဆိုင်များ၌ ယာဉ်များ တန်းစီရမှု လျှော့ချနိုင်ရန် ရည်ရွယ်၍ အဆင့်မြှင့်တင်ထားသော Bar Code/QR Code စနစ်သစ်ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် ယနေ့မှစတင်၍ ကျင့်သုံးလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။
ယင်းစနစ်ဖြင့် စိစစ်ရောင်းချနေမှုကို စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းနှင့် တာဝန်ရှိ သူများက နေပြည်တော်ရှိ Online Monitoring Center မှတစ်ဆင့် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
စနစ်၏ လုပ်ဆောင်ပုံနှင့် တိုးချဲ့မည့် အစီအစဉ်
ဤစနစ်သစ်အရ မော်တော်ယာဉ် တစ်စီးချင်းစီ၏ အင်ဂျင်စက်စွမ်းအား (Engine Power) အလိုက် သတ်မှတ်ထားသော ပမာဏအတိုင်း စက်သုံးဆီများကို စနစ်တကျ စိစစ်ရောင်းချပေးမည်ဖြစ်သည်။ လက်ရှိတွင် အဓိက မြို့ကြီး ၄ မြို့၌ စတင်နေပြီဖြစ်ပြီး၊ ရန်ကုန်-မန္တလေး လမ်းမကြီးတစ်လျှောက်နှင့် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့များတွင်လည်း ဆက်လက်ကျင့်သုံးနိုင်ရန် တာဝန် ရှိသူများအား သင်တန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနကပြောသည်။

နောက်ခံအကြောင်းအရာနှင့် ခြွင်းချက်များ
QR Code ဖတ်ရန် အခက်အခဲရှိသော ယာဉ်များ၊ လုပ်ငန်းသုံး မော်တော်ယာဉ်ငယ်များနှင့် အခြား လုပ်ငန်းသုံး ကဏ္ဍများအတွက်မူ သီးခြားမှတ်တမ်းများထားရှိ၍ လိုအပ်သော စက်သုံးဆီများကို ဆက်လက်ရောင်းချပေးမည်ဖြစ်သည်။
သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးများမှ ပူးပေါင်းအဖွဲ့များသည် အရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်း၍ လိုအပ်သည်များ ကူညီပေးခြင်းနှင့် စစ်ဆေးခြင်းများကို ပြုလုပ် လျက်ရှိသည်။
အရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရန် စီစဉ်ထားပြီး အလုံအလောက်ရှိသည့်အတွက် ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုဖြင့် အလုအယက် ဝယ်ယူခြင်းမပြုဘဲ လိုအပ်သလောက်သာ ဝယ်ယူကြရန် တာဝန်ရှိသူများက အသိပေးထားသည်။
ဆက်သွယ်တိုင်ကြားနိုင်မည့်ဖုန်းနံပါတ်များ
စက်သုံးဆီဝယ်ယူရာတွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ ကြုံတွေ့လာပါကဖြစ်စေ၊ အခြား တင်ပြတိုင်ကြားလိုမှုများ ရှိပါကဖြစ်စေ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်ရန် အောက်ပါ Call Center များသို့ ဆက်သွယ်နိုင်ကြောင်းလည်းသိရသည်။
ဖုန်းနံပါတ်များ: ၀၉ ၄၄၀၄၃၃၃၂၄ ၊ ၀၉ ၈၉၉၁၂၉၂၉၆
Viber: ၀၉ ၄၀၁၇၄၈၅၉၈
#Daily_News
Published 27 March 2026
၁။ သင်္ကြန်ကာလအတွင်း ခရီးသည်များအဆင်ပြေစွာသွားလာနိုင်ရေး အရံမော်တော်ယာဉ်များထားရှိသွားမည်
၂။ စက်သုံးဆီတစ်လီတာကျပ်၈၀၀ကျော် မှ ၁၂၀၀ ကျပ်ကျော်အထိ ထပ်မံမြင့်တက်
၃။ YBS စီးနင်းသူဦးရေ နှစ်သိန်းခွဲအထိတိုးလာ
၄။ (၁၉၈၃)နောက်ပိုင်းတစ်ပတ်အတွင်းရွှေဈေးကျဆင်းမှုအကြီးမားဆုံးဖြစ်ပေါ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
သင်္ကြန်ကာကာလအတွင်း ခရီးသည်များအဆင်ပြေစွာသွားလာနိုင်ရေးအတွက် အဝေးပြေးယာဉ်လိုင်းတွေမှာ အရံမော်တော်ယာဉ်တွေထားရှိပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှသိရပါတယ်။
#Local_News
Published 27 March 2026
#သင်္ကြန် #အဝေးပြေးယာဉ်လိုင်း
#YMG/SW #Yangon_Times
စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၈၀၀ ကျော်ကနေ ၁၂၀၀ ကျပ် ကျော်အတွင်း ဆက်လက်မြင့်တက်လာတယ်လို့
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ အခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ စာရင်းတွေအရသိရပါတယ်။
#Local_News
Published 27 March 2026
#စက်သုံးဆီ
#YMG/NN #Yangon_Times
YBS စီးနင်းသူဦးရေဟာ မတ်လဆန်းနဲ့လက်ရှိအချိန် နှိုင်းယှဉ်ပါက နှစ်သိန်းခွဲအထိ တိုးလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။
#Local_News
Published 27 March 2026
#YBS #YRTC
#YMG/SW #Yangon_Times
မြန်မာလုပ်သားတွေအနေနဲ့ ပြည်ပထွက်ခွာဖို့အတွက်ဆောင်ရွက်ရာမှာ မမှန်မကန်လိမ်လည်တင်ပြသူနဲ့ နောက်ကွယ်မှ ပါဝင်ကူညီသူတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
#Local_News
Published 27 March 2026
#မြန်မာလုပ်သား #အလုပ်သမားဝန်ကြီးဌာန
#YMG/SW #Yangon_Times
နေပြည်တော်၊ မတ် - ၂၆၊၂၀၂၆
(၈၁) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားအပြီးတွင် တပ်မတော်အတွင်း ခေါင်းဆောင်ပိုင်း အပြောင်း အလဲများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အတည်ပြု ပြောကြား လိုက်သည်။
မတ်လ ၂၆ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပပြုလုပ်သော (၈၁) နှစ်မြောက် တပ်မတော်နေ့အကြို အငြိမ်းစားတပ်မတော်အရာရှိကြီးများအား ဂါရဝပြုကန်တော့သည့် အခမ်းအနား တွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မည်သူပင် ဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် အစဉ်အဆက်သော ခေါင်းဆောင်များ၊ ဆရာ သမားများ၏ လမ်းညွှန်ချက်၊ စစ်ပညာရပ်များနှင့် ချမှတ်ထားသည့် မူဝါဒများအတိုင်း ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြား သည်။
ထို့အပြင် တပ်မတော်၏ အဓိကတာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေးကို ဆက်လက်ကျေပွန်စွာ ထမ်း ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်အညီလည်း လက်တွဲညီညီ ပူးပေါင်း ဆောငရွက် သွားမည်ဖြစ်ကြောင်း သူက အလေးပေး ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး အပါအဝင် ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြ ပြီး အငြိမ်းစားတပ်မတော်အရာရှိကြီး (၁၈) ဦးနှင့် ဇနီး (၉) ဦး၊ စုစုပေါင်း (၂၇) ဦးတို့ အား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများကိုယ်စား ဂါရဝပြု ကန်တော့ခဲ့ကြသည်။
အခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိုင်ငံရေးအကူးအပြောင်းနှင့် ပတ်သက်၍လည်း ရှင်းလင်း ပြောကြားခဲ့ရာ မကြာမီရက်ပိုင်းအတွင်း သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ် တင်မြှောက် ကာ ဒီမိုကရေစီအစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာတော့မည်ဖြစ်ပြီး အဆိုပါအစိုးရသစ်အား နိုင်ငံတော် တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့သည်။
ယင်းနောက် ကန်တော့ခံ အငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား ဗိုလ်ချုပ်ကြီး သိန်းစိန် (အငြိမ်းစား) က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ မကြာမီ ပေါ်ထွက်လာမည့် ဒီမိုကရေစီအစိုးရအနေဖြင့် တိုင်းပြည်ကောင်းမွန်စေရန်၊ တရားဥပဒေစိုးမိုးရန်နှင့် ပြည်သူလူထု၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရာတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အဓိက လိုအပ်ချက်ဖြစ်သဖြင့် တပ်မတော်၏ အခန်းကဏ္ဍမှာ လွန်စွာအရေးကြီးကြောင်း နိုင်ငံတော် သမ္မတ(ငြိမ်း)လည်းဖြစ်သူ ဗိုလ်ချုပ်ကြီးသိန်းစိန်(အငြိမ်းစား)က ထောက်ပြခဲ့သည်။ ထို့ကြောင့် နိုင်ငံ တော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အရည်အချင်းပြည့်ဝပြီး စွမ်းအင်ထက်မြက်သော တပ်မတော်ဖြစ်အောင် ကြိုးပမ်းသွားကြရန် သူကတိုက်တွန်းမှာကြားခဲ့သည်။
အခမ်းအနားအပြီးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများက အငြိမ်းစား တပ်မတော်အရာရှိကြီးများနှင့် ဇနီးများထံ ဂါရဝပြု လက်ဆောင်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ရိုသေ စွာ ပေးအပ်ခဲ့ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။
#ymg/knl
Page 110 of 2398