#Local_News
Published 12 March 2026
▪️ နေပြည်တော်ရှိ အမျိုးသာပြတိုက်ကို ပြန်လည်ဖွင့်လှစ်ပြသနေပြီဖြစ်ကြောင်း သိရသည်။
မန္တလေးငလျင်ဒဏ်ကြောင့် အမျိုးသားပြတိုက်(နေပြည်တော်)၏ အဆောက်အအုံပိုင်းများ ထိခိုက်ပျက်စီးခဲ့၍ ခေတ္တပိတ်ထားခဲ့ရသော်လည်း ယခုအခါ အဆောင် A နှင့် B ကို ပြန်လည်ပြုပြင်မွမ်းမံပြီးဖြစ်သဖြင့် ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဦး (ဘီစီ ၂ ရာစုမှ အေဒီ ၉ ရာစု) ပြခန်း၊ သမိုင်းတင်ခေတ် (အေဒီ ၁၁ ရာစု - ၁၄ ရာစု) ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနု သုခုမပြခန်းနှင့် လက်ဆောင်ပစ္စည်းများပြခန်း စုစုပေါင်းပြခန်း ခုနစ်ခန်းကို အများပြည်သူကြည့်ရှု လေ့လာနိုင်ရန်အတွက် မတ် ၁၀ ရက်မှစတင်၍ တနင်္လာနေ့နှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှ လွဲ၍ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ နေ့စဉ်ဖွင့်လှစ်ပြသသွားမည်ဖြစ်သည်။
▪️ အဆိုပါ ပြတိုက် ပြန်လည်ဖွင့်လှစ်ပြသသည့် အထိမ်းအမှတ်အဖြစ် မတ် ၁၀ ရက်မှ ၁၂ ရက်အထိ အခမဲ့ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး အမျိုးသားပြတိုက် (နေပြည်တော်) ပြန်လည်ဖွင့်လှစ်သည့် မတ် ၁၀ ရက်တွင် လာရောက်လေ့လာ ကြည့်ရှုသူများကို ပြတိုက်ဝန်ထမ်းများက ပြခန်းအလိုက် ရှင်းလင်းပြသခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
စက်သုံးဆီမပြတ်လပ်စေရန်နှင့် အမှန်တကယ်လိုအပ်သူများ အဆင်ပြေစွာဝယ်ယူနိုင်ရန် စက်သုံးဆီအရောင်းဆိုင်များတွင် မတ်လ ၁၂ရက်နေ့မှစ၍ Barcode နှင့် QR Code များကို Application ဖြင့် အလို အလျောက်စစ်ဆေးသည့်နည်းလမ်းဖြင့် စိစစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အပြည့်အစုံကို အောက်ပါအတိုင်းဖော်ပြပါတယ်။
စက်သုံးဆီရောင်းချမှုများအပေါ် စိစစ်ကြပ်မတ်နိုင်ရေးဆောင်ရွက်သွားမည့်အစီအမံ အသိပေးထုတ်ပြန်ခြင်း
၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်
စက်သုံးဆီမပြတ်လပ်စေရန်နှင့် စက်သုံးဆီအမှန်တကယ်လိုအပ်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ အရောင်းဆိုင်များတွင် တစ်ရက်အတွင်း ၂ ကြိမ် (သို့မဟုတ်) ၃ ကြိမ် တန်းစီ ဝယ်ယူမှုများလျော့နည်းပပျောက်စေရေးအတွက် အရောင်းဆိုင်များအနေဖြင့် တယ်လီဖုန်း Application ကို အသုံးပြုပြီး စိစစ်ရောင်းချမှုများဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ယင်းသို့ဆောင်ရွက်ရာတွင် အများပြည်သူဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ပိုမိုရိုးရှင်းလွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ယာဉ်ပိုင်ရှင်များမှ Application အသုံးပြုရန်နှင့် Registration ပြုလုပ်ရန် လုံးဝ မလိုအပ်ဘဲ အရောင်းဆိုင်အခြေပြုစိစစ်သည့်နည်းလမ်းဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မော်တော် ယာဉ်များအတွက် Wheel Tax ၏ Barcode ကိုလည်းကောင်း၊ မော်တော်ဆိုင်ကယ်များအတွက် Wheel Tax ပါအချက်အလက်များကို အသုံးပြုပြီး QR Code ထုတ်ပေး၍လည်းကောင်း Application ဖြင့် အလို အလျောက်စစ်ဆေးသည့်နည်းလမ်းဖြင့် စိစစ်ရောင်းချပေးသွားမည်ဖြစ်ပါသည်။
မော်တော်ယာဉ်များအတွက် Wheel Tax တွင်ပါရှိသော Barcode အား ဆိုင်ဝန်ထမ်းမှ Scan ဖတ်၍ စနစ်မှ အလိုအလျောက်စစ်ဆေးပြီး တစ်ရက်အတွင်း တစ်ကြိမ်မျှ စက်သုံးဆီဝယ်ယူထားခြင်းမရှိသေးပါက စက်သုံးဆီများဆက်လက်ရောင်းချပေးမည်ဖြစ်ပါသည်။ အကယ်၍ တစ်ရက်အတွင်း နောက်တစ်ကြိမ် ထပ်မံ ဝယ်ယူရန် မည်သည့်ဆိုင်တွင်မဆို Scan ဖတ်ပါက ၎င်းရက်အတွင်း ပထမအကြိမ်ဝယ်ယူခဲ့မှုကို ဖော်ပြပေး မည်ဖြစ်ကာ ဆီဝယ်ယူခွင့်ရရှိမည်မဟုတ်ဘဲ နောက်တစ်ရက်တွင်မှသာ ထပ်မံဝယ် ယူခွင့် ရရှိမည်ဖြစ်ပါသည်။ တစ်ရက်အတွင်း တစ်ကြိမ်ဝယ်ယူပြီးနောက် ထပ်မံတန်းစီဝယ်ယူမှုများမရှိစေရေး စိစစ်တားမြစ် သွားမည်ဖြစ်ပါသည်။
မော်တော်ဆိုင်ကယ်များ၏ Wheel Tax တွင် Barcode မပါရှိသည့်အတွက် အရောင်းဆိုင်တွင် QR Code များထုတ်ယူရမည်ဖြစ်ပါသည်။ ယင်းသို့ ထုတ်ယူနိုင်ရေးအတွက် ယာဉ်ပိုင်ရှင်များအနေဖြင့် ဆိုင်ကယ်၏ Wheel Tax အား အရောင်းဆိုင်ဝန်ထမ်းသို့ပေးအပ်ပြီး ဝန်ထမ်းမှ Application တွင် ယာဉ် နံပါတ်နှင့် သက်တမ်းကုန်ဆုံးရက်များဖြည့်သွင်းကာ QR Code ထုတ်ပေးမည်ဖြစ်ပါသည်။ ယင်း QR Code ကို ပိုင်ရှင်အနေဖြင့် ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူခြင်း သို့မဟုတ် အရောင်းဆိုင်မှ Print ထုတ်ပေးခြင်းဖြင့် ရယူသိမ်းဆည်းထားရှိရန် လိုအပ်မည်ဖြစ်ပါသည်။ စက်သုံးဆီဝယ်ယူသည့်အခါတိုင်း ၎င်း QR Code အား အရောင်းဆိုင်ဝန်ထမ်းသို့ပြသဝယ်ယူနိုင်မည်ဖြစ်ပြီး မော်တော်ယာဉ်များတွင် စိစစ်သကဲ့သို့ တစ်ရက်အတွင်း ၂ ကြိမ် (သို့မဟုတ်) ၃ ကြိမ်ဝယ်ယူမှုမရှိစေရေး စနစ်မှအလိုအလျောက်စစ်ဆေးရောင်းချပေးသွားမည်ဖြစ်ပါသည်။
အရောင်းဆိုင်များမှ စက်သုံးဆီများစိစစ်ရောင်းချရာတွင် နိုင်ငံတော်မှ ထုတ်ပြန်ထားရှိသည့် မူဝါဒ များနှင့်အညီ ယာဉ်အသုံးပြုခွင့် ခွင့်ပြုထားမှုအလိုက် စက်သုံးဆီရောင်းချနိုင်ရေးကိုလည်း တစ်ပါတည်း စစ်ဆေးမည်ဖြစ်ပါသဖြင့် မိမိယာဉ်အသုံးပြုခွင့်ရှိသည့်ရက်များအတွက်သာ စက်သုံးဆီဝယ်ယူခွင့်ရရှိမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
နေပြည်တော်ကောင်စီနယ်မြေ ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့တွင် ၁၂-၃-၂၀၂၆ ရက်နေ့မှစတင်၍ စက်သုံးဆီအရောင်းဆိုင်များ၌ Application ဖြင့် အလိုအလျောက်စစ်ဆေးသည့် နည်းလမ်းကို စမ်းသပ်အသုံးပြုသွားမည်ဖြစ်ပြီး စနစ်အား လိုအပ်သောစစ်ဆေးပြုပြင်မှုများဆောင်ရွက် ပြီးပါက ကျန်မြို့ကြီးများတွင်လည်း ဆက်လက်၍ Application ကို အသုံးပြုသွားမည်ဖြစ်ပါသည်။
ပြည်သူများ၏ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးမှုများကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာဉ်တန်းစီမှုများလျော့ကျသွားပြီး ပုံမှန်ဖြန့်ဖြူးရောင်းချနိုင်သည့်အခြေအနေသို့ပြန်လည်ရောက်ရှိခဲ့ပါသည်။ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း နေပြည်တော်ရှိ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ Online Monitoring Center တွင် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းစဉ် (Supply Chain) တစ်လျှောက်ကို အချိန်နှင့်တပြေးညီစောင့်ကြည့်ကြပ်မတ်လျက်ရှိခြင်း၊ စက်သုံးဆီရောင်းချမှု များနှင့်ပတ်သက်၍ မြို့ကြီးများရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချပေးသည့် ယာဉ်အမျိုးအစား နှင့်ယာဉ်နံပါတ်၊ ဆီအမျိုးအစားနှင့်ပမာဏ၊ ရောင်းချပေးသည့်ဈေးနှုန်း စသည်တို့ကိုလည်း အချိန်နှင့်တပြေးညီ စောင့်ကြည့်ကြပ်မတ်လျက်ရှိခြင်းတို့အပြင် ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးကိုလည်း အစီအမံအတိုင်း အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
စွမ်းအင်ဝန်ကြီးဌာန


မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ်ကျင်းပမယ့် ၂၀၂၆မြန်မာပိုက်ကျော်ခြင်း လိဂ် (MSL)ပြိုင်ပွဲကိုအခုလအတွင်း စတင်ပြုလုပ်သွားမှာဖြစ်ပြီး ယင်းပြိုင်ပွဲမှာဆုကြေးငွေအပြင် ခပ်ကြေးငွေကျပ်သိန်း၈၀၀ကျော်ကိုပါချီးမြှင့်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 11 March 2026
#မြန်မာပိုက်ကျော်ခြင်းလိဂ် #MSL
#YMG/NN #Yangon_Times
အင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမှာပြုလုပ်မယ့် အထည်အလိပ်ပြပွဲကို တက်ရောက်မယ့်မြန်မာအထည်အလိပ်လုပ်ငန်းရှင်တွေအနေနဲ့ တည်းခိုစရိတ်ကျခံရန်မလိုဘဲ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကကျခံပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 11 March 2026
#ဂျာကာတာ #အထည်အလိပ်ပြပွဲ
#YMG/SW #Yangon_Times
#Daily_News
Published 11 March 2026
၁။ ခပ်ကြေးငွေသိန်း၈၀၀ကျော်ချီးမြှင့်မည့် ပထမဆုံး မြန်မာပိုက်ကျော်ခြင်းလိဂ် ပြိုင်ပွဲကျင်းပမည်
၂။ ဂျာကာတာတွင်ပြုလုပ်မည့် အထည်အလိပ်ပြပွဲသို့တက်ရောက်မည့်သူများ တည်းခိုစရိတ်ကျခံရန်မလို
၃။ မြန်မာရိုးရာသနပ်ခါးသင်္ကြန်ပါ၀င်ရန်ဆွေးနွေးနေ
၄။ (၁၄)ကြိမ်မြောက် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်နှစ်စဉ်အစည်းအဝေး၌ တရုတ်သမ္မတရှီကျင့်ဖျင်မိန့်ခွန်းပြော... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ်၌ မြန်မာရိုးရာသင်္ကြန်ကာလအတွင်းသနပ်ခါးသင်္ကြန် ပါ၀င်ရန် ဆွေးနွေးနေတယ်လို့သိရပါတယ်။
#Local_News
Published 11 March 2026
#မြန်မာရိုးရာသနပ်ခါးသင်္ကြန် #ရှမ်းပြည်နယ်
#YMG/NN #Yangon_Times
အွန်လိုင်းမှ တဆင့်ရထားလက်မှတ်ဝယ်ယူခြင်းအချိန်ကန့်သတ်ချက်အား ရထားမထွက်ခွာမီ (၁၀) မိနစ်အထိ ပြင်ဆင်သတ်မှတ်လိုက်တယ်လို့
မြန်မာ့မီရထားမှ သိရပါတယ်။
#Local_News
Published 11 March 2026
#မြန်မာ့မီရထား #အွန်လိုင်း
#YMG/SW #Yangon_Times
Page 81 of 2354