အခြေခံပညာ Grade 10က နေ Grade 12 အထိ ဓမ္မစကူးသင်ရိုးညွှန်းတမ်းတွေကိုဆက်လက်ရေးဆွဲနေတယ်လို့ ဓမ္မစကူးဖောင်ဒေးရှင်း(ဗဟို)ကနေ သိရပါတယ်။
#Local_News
Published 17 March 2026
#ဓမ္မစကူး
#YMG/NN #Yangon_Times
မြန်မာနိုင်ငံဆိုင်ရာဂျာမန်သံရုံးရဲ့ အကူအညီနဲ့ပြုပြင်ထိန်းသိမ်းခဲ့တဲ့ Thanlyin HERitage Centreဖွင့်ပွဲကိုငါးရက်ကြာပြုလုပ်သွားမယ်လို့ဒို့အိမ်အဖွဲအစည်းမှသိရပါတယ်။
#Local_News
Published 17 March 2026
#Thanlyin_HERitage_Centre #ဂျာမန်သံရုံး
#YMG/SW #Yangon_Times
ပြည်တွင်းမှာ ဓာတ်မြေသြဇာဈေးနှုန်းတွေ မြင့်တက်လာနိုင်တာမို့ အတတ်နိုင်ဆုံး ဈေးနှုန်းတည်ငြိမ်အောင်ဆောင်ရွက်ပေးဖို့ မတ်လ ၁၃ ရက်မှာ ကျင်းပခဲ့တဲ့ ယူရီးယားမြေသြဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီအစည်းအဝေးမှာသမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့ပါတယ်။
#Local_News
Published 17 March 2026
#ဓာတ်မြေသြဇာ
#YMG/SW #Yangon_Times
ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃၅ ခု ခွင့်ပြုခဲ့တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ကသိရပါတယ်။
#Local_News
Published 17 March 2026
#MIC
#YMG/NN #Yangon_Times
#Daily_News
Published 17 March 2026
၁။ Great 10 မှ 12အထိ ဓမ္မစကူးသင်ရိုးညွှန်းတမ်းများ ဆက်လက်ရေးဆွဲနေ
၂။ ဂျာမန်သံရုံး၏ အကူအညီဖြင့် ပြုပြင်ထိန်းသိမ်းခဲ့သည့် Thanlyin HERitage Centreဖွင့်ပွဲကိုငါးရက်ကြာပြုလုပ်မည်
၃။ ဓာတ်မြေသြဇာဈေးနှုန်းများ မြင့်တက်လာနိုင်၍အတတ်နိုင်ဆုံး ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်ပေးရန်တိုက်တွန်း
၄။စစ်ပွဲအဆုံးသတ်ရေးကိုအီရန်ကသာဆုံးဖြတ်မည်ဟု IRCGပြော... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 17 March 2026
▪️ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တွင် ဆန်အကြောင်း သိကောင်းစရာပြပွဲ လာရောက်လေ့လာသူ ၄၀၀ ဦးရှိကြောင်းသိရသည်။
▪️ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို ပူးပေါင်း၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်အဖြစ် ဆန်အကြောင်းသိကောင်းစရာပြပွဲအား နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေး၌ မတ်လ ၁၃ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
▪️ ပြပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ နှင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး၊ ပြပွဲအား စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး၊ နေပြည်တော် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် နေပြည်တော် ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
▪️ ဆန်အကြောင်း သိကောင်းစရာပြပွဲတွင် ပြည်တွင်း စားသုံးမှုများသည့် ဆန်အမျိုးအစားများ၏ ဆန်နမူနာများ၊ ဧရာဝတီပေါ်ဆန်း အမျိုးအစားများ၊ ထမင်းနမူနာများ၊ ဆန်အမျိုးအစားအလိုက် အရည်အသွေးများနှင့် အာဟာရတန်ဖိုးများ၊ ဈေးနှုန်းများကို ပြသခဲ့ပြီး၊ လာရောက်လေ့လာသူများကို စမ်းသပ်စားသုံးနိုင်ရန် ထမင်း၊ လက်ဖက်၊ ငါးခြောက် စသော အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်းယင်း ပြပွဲသို့ လာရောက်လေ့လာသူ ၄၀၀ ဦးရှိပြီး၊ သက်သာသော စျေးဖြင့် ရောင်းချပေးသော ပေါ်ဆန်းဆန်များကို ဝယ်ယူသူ (၁၈၀) ဦးခန့် ရှိကြောင်း သိရသည်။
▪️ ဧရာဝတီတိုင်းဒေသကြီးမှ ထုတ်လုပ်သော ကြားပျံ၊ မြောင်းမြပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း၊ ရေကြည်ပေါ်ဆန်း၊ ဘိုကလေးပေါ်ဆန်း၊ ကျိုက်လတ်ပေါ်ဆန်းတို့သည် စျေးနှုန်းသင့်တင့်မျှတပြီး တစ်အိတ်လျှင် ၁၂၀၀၀၀ မှ ၁၄၀၀၀၀ ဝန်းကျင် ရှိရာ စားသုံးသူများမှ ရွေးချယ်ဝယ်ယူ စားသုံးမှု အထူးမြင့်မားကြောင်း၊ စိတ်ဝင်တစား လေ့လာကြည့်ရှု့ပြီး ဆန်နမူနာများ၊ ထမင်းနမူနာများကို ကြိုက်နှစ်သက်စွာ စားသုံးကြကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 March 2026
▪️ စက်သုံးဆီအခက်အခဲကြောင့် အိမ်အရောက်ပို့စနစ်ဖြင့် ဆန်ရောင်းချမှုကို မတ်လ ၁၇ ရက် ယနေ့မှ စတင်ပြီး ယာယီရပ်နားထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အသိပေးချက်ထုတ်ပြန်ထားသည်။
▪️ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင်ဘ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းပြီး ဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် စားသုံးသူများထံသို့ အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ဆန်များရောင်းချပေးလျက်ရှိရာ ယမာန်နေ့အထိ စားသုံးသူများထံသို့ စုစုပေါင်းဆန်အိတ် ၁,၁၆၁ အိတ်ကို ပေးပို့ရောင်းချခဲ့ပြီးဖြစ်ကြောင်း ဆိုထားသည်။
▪️ ယခုအခါ ကမ္ဘာနှင့်အဝှမ်းဖြစ်ပေါ်နေသည့် စက်သုံးဆီအခြေအနေများအရ Home Delivery ကို အချိန်နှင့် အညီ ပေးပို့ရန်အခက်အခဲရှိသော ကြောင့် လက်ရှိငွေပေးသွင်းထားသည့် စားသုံးသူ များနှင့် အမှာစာပေးပို့ထားသည့် စားသုံးသူများထံသို့သာ ဆက်လက်ဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ပြန်လည်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 77 of 2354