#Local_News
Published 07 May 2026
■ မန္တလေး - မတ္တရာ - သပိတ်ကျင်း - တကောင်း - ထီးချိုင့် - ကသာ - အင်းတော် - မော်လူး - နန့်စီးအောင် - မိုးညှင်း- မိုးကောင်း- မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ကို တပ်မတော်ကအပြည့်အဝထိန်းချုပ်၍ ယမန်နေ့ကပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
■ အဆိုပါ မန္တလေးမှ မြစ်ကြီးနားသို့ ဆက်သွယ်ထားသည့် ဆက်သွယ်ရေးလမ်းကြောင်းသည် မြန်မာနိုင်ငံ၏ မြောက်ဘက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသော အခြေခံအဆောက်အအုံတစ်ခုဖြစ်ပြီး အဆိုပါလမ်းကြောင်းကိုအသုံးပြု၍ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ၏ သွားလာနေထိုင်မှု၊ ကုန်စည်စီးဆင်းမှုများကို လွယ်ကူမြန်ဆန်စေကာ စီးပွားရေးအခွင့်အလမ်းများကို တိုးတက်စေသည့်အပြင် ကုန်စည်ပို့ဆောင်ရာတွင်လည်း ပိုမိုမြန်ဆန်တိုးတက်လာသည့်အတွက် သယ်ယူပို့ဆောင်စရိတ်များ သက်သာ၍ ဒေသခံပြည်သူများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာဝယ်ယူစားသောက်နိုင်ပြီး ဒေသအချင်းချင်းဆက်သွယ်မှုကိုလည်းခိုင်မာစေခဲ့ကြောင်းလည်း သိရသည်။
■ ထို့ပြင် အဆိုပါလမ်းကြောင်းသည် ကျေးလက်ဒေသများမှ ထွက်ရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များကို မြို့ပြဈေးကွက်များသို့ ပို့ဆောင်ရာတွင်လည်း အရေးပါသည့်လမ်းကြောင်းဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှုများကို လက်လှမ်းမီရန် အထောက်အကူပြုသည်ဖြစ်ရာ ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအသုံးဝင်သည့်လမ်းကြောင်းလည်း ဖြစ်ကြောင်း သိရသည်။
■ တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့်အုပ်ချုပ်ထောက်ပံ့မှုများဆောင်ရွက်ပြီး စနစ်တကျစုဖွဲ့ပြင်ဆင်၍ စစ်နည်းဗျူဟာမြောက် ဟန်ချက်ညီညီဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့၊ ရွာများကိုတစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်တိုက်ခိုက်ထိန်းချုပ်သိမ်းပိုက်ခဲ့ရာ သပိတ်ကျင်းမြို့နှင့် ၎င်းဒေသတစ်ဝိုက်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင်လည်းကောင်း၊ မတ္တရာမြို့၏ အရှေ့ဘက်ရှိ ဖယောင်းတောင် သတ္တုတွင်းဒေသကို ဩဂုတ်လ ၂၄ ရက်နှင့် အယ်လ်ဖာဘိလပ်မြေစက်ရုံကို ဩဂုတ်လ ၂၈ ရက်တွင်လည်းကောင်း၊ ဆည်တော်ကြီးဒေသကို နိုဝင်ဘာလ ၇ ရက်တွင်လည်းကောင်း၊ စဉ့်ကူးဒေသကို ဒီဇင်ဘာ ၁၉ ရက်တွင်လည်းကောင်း ပြန်လည်ထိန်း ချုပ်နိုင်ခဲ့ပြီး မန္တလေး - မတ္တရာ - စဉ့်ကူး - သပိတ်ကျင်း ဆက်သွယ်ရေးလမ်းပိုင်းကိုလည်းကောင်း၊ တကောင်း မြို့ ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်တွင် ပြန်လည်ထိန်းချုပ်ခဲ့ပြီး မန္တလေး- မတ္တရာ-သပိတ်ကျင်း-တကောင်း လမ်းပိုင်းကိုလည်းကောင်း၊ တကောင်း- ထီးချိုင့်လမ်းကြောင်းကို မတ်လ ၂၅ ရက်တွင်လည်းကောင်း၊ ထီးချိုင့်- ကသာ လမ်းကြောင်းကို ဧပြီလ ၁၆ ရက်တွင် လည်းကောင်း၊ အင်းတော်မြို့ကို ဧပြီလ ၃၀ ရက်တွင်လည်းကောင်း ပြန်လည်ထိန်းချုပ်ခဲ့ပြီး မန္တလေးမြို့မှ အင်းတော်မြို့အထိ ဆက်သွယ်ရေးလမ်းကြောင်းကိုလည်းကောင်း တစ်ဆင့်ပြီးတစ်ဆင့် ခက်ခက်ခဲခဲ ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့ကာ မေလ ၅ ရက်တွင် မော်လူးမြို့ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ယနေ့တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ကျေးရွာ၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများနှင့် ပြန်လည်ချိတ်ဆက် ပူးပေါင်း၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည့်အတွက် မန္တလေး-မတ္တရာ-သပိတ်ကျင်း- တကောင်း - ထီးချိုင့် - ကသာ - အင်းတော် - မော်လူး - နန့်စီးအောင် - မိုးညှင်း - မိုးကောင်း - မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ ယင်းကြောင့် ယခုအခါ ခရီးသွားမော်တော်ယာဉ်များနှင့် ကုန်စည်ပို့ဆောင်သည့်မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။
■ တပ်မတော်စစ်ကြောင်းများအနေဖြင့် စစ်ဆင်ရေးကာလ ၁ နှစ် နှင့် ၃ လကျော် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူများနှင့် တိုက်ပွဲကြီးတိုက်ပွဲငယ် ထိတွေ့မှုစုစုပေါင်း ၃၂၂ ကြိမ် ဖြစ်ပွားခဲ့ကာ ရန်သူ့ထံမှ အလောင်း ၁၃၈ လောင်း၊ လက်နက်မျိုးစုံ ၃၃၂ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများသိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရကြောင်း သိရသည်။
#YMG/PP #Yangon_Times
#Local_News
Published 07 May 2026
■ ဝန်ကြီးဌာနအသီးသီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စီမံကိန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် စနစ်တကျဖြင့်အောင်မြင်အောင် အလေးထားအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောသည်။
■ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအတွင်း ယင်းကအထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
■ ယင်းအပြင် ကုန်စည်စီးဆင်းမှုလုံခြုံချောမွေ့စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရန် ၊တရားမဝင် ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါးများ သယ်ဆောင်မှုများမရှိစေရေးနှင့် စစ်ဆေးရေးဂိတ်များအနေဖြင့် စည်းကမ်းတကျ စစ်ဆေးဆောင်ရွက်စေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်သွားရန် ၊ မိမိတို့တာဝန်ထမ်းဆောင်ချိန်ကာလအတွင်း ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အလိုက် ဆောင်ရွက်ရန်လုပ်ငန်းများကိုလည်း အောင်မြင်စွာဖြင့်ဆောင်ရွက်နိုင်ရေး အရှည်ကိုမျှော်တွေးပြီး ဆောင်ရွက်သွားကြရန်၊မြေနေရာများကို အသုံးချရာတွင်လည်း အရှည်ကိုမျှော်တွေးပြီး Master Plan များကြိုတင်ရေးဆွဲကာ စနစ်တကျတွက်ချက်ဆောင်ရွက်သွား ရန် ၊ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအဆင့်မှ ဆောင်ရွက်သည်များရှိသကဲ့သို့ ဒေသအလိုက် ဆောင်ရွက်ရသည်များလည်းရှိပြီး ရေရှည်အကျိုးကိုကြည့်၍ စနစ်တကျဖြင့် တွက်ချက်ဆောင်ရွက်သွားကြရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။
■ နိုင်ငံတော်သမ္မတက ပြည်သူများက ရွေးချယ်ထားသည့်အစိုးရဖြစ်သဖြင့် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားတိုးတက်စေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ အချို့သောနိုင်ငံများအနေဖြင့် ပြည်သူများကရွေးချယ်ထားသည့် ဒီမိုက ရေစီနည်းလမ်းနှင့်အညီ တာဝန်ထမ်းဆောင်နေသည့်မိမိတို့ အစိုးရအပေါ်၌ ကန့်သတ်မှုများ၊ စီးပွားရေး ပိတ် ဆို့မှုများကို ဖိအားပေး လုပ်ဆောင်နေကြဆဲဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းတကျ မိမိဆန္ဒဖြင့် လာရောက်မဲပေးကြသူများကို ဒီမိုကရေစီနိုင်ငံများမှ တန်ဖိုးထားရန်လိုပါကြောင်း၊ မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်စေရေး ဆက်လက်ဆောင်ရွက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ဆက်လက်အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်နှင့်လျော်ညီသည့် ပြောင်းလဲမှုများကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
■ ထို့အပြင် ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် ခေတ်စနစ်နှင့်လျော်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုကိုရရှိအောင်ဆောင်ရွက်ကြရမည့်အပြင် အမျိုး၊ ဘာသာသာသနာ၊ ထုံးတမ်းစဉ်လာများ၊ ယဉ်ကျေးမှုအမွေအနှစ် များနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ရှိသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အားနည်းချက်ရှိသည်များကိုပြင်ဆင်ကာ ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်းလည်း ပြောကြားခဲ့သည်။
■ ထို့အပြင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိတရားကင်းစွာဖြင့် နိုင်ငံတော်မှ ပေးအပ်ထားသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကာ နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုး ကိုဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလတွင် နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ၏ မဆင်မခြင်ဆောင်ရွက်မှုများကြောင့် နိုင်ငံတော်မှနစ်နာဆုံးရှုံးခဲ့ရသည့် ငွေကြေးပမာဏအနေဖြင့် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၃၄၄ သန်းနှင့် ငွေကျပ် ၂၂၆ ဒသမ ၁၀၇ ဘီလီယံ ဆုံးရှုံးခဲ့ရကြောင်း၊ ထိုကဲ့သို့ မဖြစ်စေရေးအတွက် မိမိတို့အနေဖြင့်လည်း လုပ်ငန်းဆောင်ရွက်မှုများအားလုံးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စဉ်းစားဆင်ခြင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်အနေဖြင့် များစွာဆုံးရှုံးနစ်နာရနိုင်သည်ဖြစ်သဖြင့် အဂတိမှုများနှင့်ပတ်သက်၍ အရေးယူရသည်များ မဖြစ်ရန်လိုကြောင်း၊ အဂတိလိုက်စားမှုများမရှိစေရေး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အလိုက် ကြပ်မတ်ထိန်းသိမ်းကြရန်လိုကြောင်းဖြင့် ယင်းကမှာကြားခဲ့ကြောင်း သိရသည်။
■ လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ ဒေသအလိုက် ဖူလုံမှုရှိစေရေး လက်ရှိအချိန်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်သွားရန်၊အလားတူ အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများ ကိုလည်းဆောင်ရွက်သွားရန် ၊လျှပ်စစ်ဓာတ်အားများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် စိစစ်ဆောင်ရွက်သွားရန် ၊ စက်သုံးဆီများနှင့်ပတ်သက်၍ တတ်နိုင်သမျှ ထိန်းသိမ်း ဆောင်ရွက်ထားနိုင်ကြောင်း၊ ဆီသိုလှောင်မှုများနှင့်ဖြန့်ခွဲမှုများ စနစ်တကျဖြစ်စေရေးအတွက်လည်း ဆောင်ရွက်သွားကြရန်လည်း သမ္မတ က ပြောကြားခဲ့ကြောင်းသိရသည်။
#YMG/PP #Yangon_Times
#Local_News
Published 07 May 2026
■ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
■ ယင်းသို့ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။
■ အဆိုပါ အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ရောက် ရှိစဉ်အတွင်း မေလ ၂ ရက်တွင် သန်လျင်တပ်နယ်ရှိ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်သို့ရောက်ရှိရာ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့် တွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
■ ဆက်လက်၍ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် သန်လျင်တပ်နယ်ရှိ နယ်မြေခံရေတပ်လေ့ကျင့်ရေး ဌာနချုပ်သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီးနောက် အဆိုပါရေတပ်လေ့ကျင့်ရေးဌာ နချုပ်ရှိ Small Arm Simulator အား အိန္ဒိယရေတပ်ဦးစီးချုပ်က ဖွင့်လှစ်ပေးပြီး သမိုင်းဝင်စစ်ရေယာဉ် (မေယု) သို့ သွားရောက်ကြည့်ရှုလေ့လာကြကာ အမှတ်တရသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
■ အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မေလ ၃ ရက်တွင်အင်းလေးဒေ သရှိ ဖောင်တော်ဦးဘုရားသို့ သွားရောက်ဖူးမြော်လေ့လာခြင်း၊ ရိုးရာယက်ကန်းရက်လုပ်နေမှုများကိုလေ့လာခြင်းနှင့် အင်းလေးကန်၌ လှည့်လည်ကြည့်ရှုလေ့လာခြင်းတို့ ဆောင်ရွက်ကြပြီး နေပြည်တော်သို့ရောက်ရှိကြ ပြီး နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြကြောင်း သိရ သည်။
■ ယင်းအပြင် မေလ ၄ ရက်တွင် အိန္ဒိယရေတပ်ဦးစီးချုပ်ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် သူရဲကောင်း ဗိမာန် (နေပြည်တော်) သို့ သွားရောက်၍ နိုင်ငံတော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြသည့် တပ်မတော်သားများအတွက် ဂုဏ်ပြုပန်းခြင်းချ အလေးပြုကြပြီးနောက် ဘုရင့်နောင်ရိပ်သာ၌ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် တွေ့ဆုံ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီးနောက် နှစ်ဖက်အပြန်အလှန်မိတ်ဆက်ခဲ့ကြပြီး နှစ်နိုင်ငံရေတပ်ဦးစီးချုပ်များ တွေ့ဆုံဆွေးနွေးကြကာ တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြကြောင်းလည်း သိရသည်။
Yangon_Times/PP
#Local_News
Published 06 May 2026
#လျှပ်စစ်ဓာတ်အား #မိုးရာသီ
#YMG/NN #Yangon_Times
#Local_News
Published 06 May 2026
#ရေငန် #မြန်မာနိုင်ငံငါးလုပ်ငန်း
#YMG/NN #Yangon_Times
#Local_News
Published 06 May 2026
#မန္တလေးတိုင်း
#YMG/NN #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၁၃၅.၃၁ သန်းအား ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 06 May 2026
#စက်သုံးဆီ
#YMG/SW #Yangon_Times
Page 80 of 2398