နေပြည်တော်၊ မတ် ၁၀
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်း အစိုးရ၏ ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်သည့် အစည်းအဝေးကို နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး၊ လာမည့် ဧပြီလတွင် အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးတော့မည်ဖြစ်ကြောင်း အတည်ပြုပြောကြား လိုက်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်အနက် ၅၄.၂၂ ရာခိုင်နှုန်းကျော်ဖြစ်သည့် ၁၃.၁၄ သန်း လာရောက် မဲပေးခဲ့ကြကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ကိုယ်စားလှယ်များနှင့်အတူ လွှတ်တော်အစည်းအဝေးများကို ယခု မတ်လအတွင်း စတင်ကျင်းပမည်ဖြစ်ပြီး၊ ဧပြီလတွင် အစိုးရသစ်ထံ နိုင်ငံတော်အာဏာ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
၅ နှစ်တာ ကာလအတွင်း တွေ့ကြုံခဲ့ရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ: ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ရခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးကပြောသည်။
ထို့အပြင် ငြိမ်းချမ်းရေးဆွေးနွေးမှု: NCA လမ်းကြောင်းပေါ်တွင် အခြေခံကာ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် စုစုပေါင်း (၁၄၉) ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်ဟုလည်း ဆိုသည်။

ဥပဒေပြင်ဆင်ရေး: ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ ရရှိလာသော အချက်များကို လာမည့်လွှတ်တော် တွင် ဆွေးနွေးပြီး အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း နိုင်ငံတော် ယာယီ သမ္မတက အတည်ပြုပြောကြားသည်။
နိုင်ငံတော်၏ GDP တိုးတက်စေရန်အတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSME လုပ်ငန်းများကို အားပေးခဲ့ကြောင်းနှင့် ယခင်အစိုးရလက်ထက်က ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံကို သင်ခန်းစာယူ၍ ပို့ကုန်မြှင့်တင်ရန် ကြိုးပမ်းခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးက ဖြည့်စွက်ပြောကြားသည်။
သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ရန်ကုန်-မန္တလေး ရထားလမ်းကို အဆင့်မြှင့်တင်ခဲ့ရာ ယခုအခါ တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းဖြင့် မောင်းနှင်နိုင်ပြီဖြစ်ကြောင်းနှင့် ပြည်တွင်းလေဆိပ် ၈ ခုကိုလည်း အဆင့် မြှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးကဏ္ဍတွင် မြန်မာနိုင်ငံသားများ၏ မျှော်မှန်းသက်တမ်း တိုးတက်လာသော်လည်း အာဆီယံ ဒေသတွင်းတွင် အနိမ့်ဆုံးဖြစ်နေသေးသဖြင့် ဆက်လက်မြှင့်တင်ရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ နိုင်ငံတကာ ဆက်ဆံရေးတွင် လွတ်လပ်၍ တက်ကြွသော မူဝါဒကို ကျင့်သုံးခဲ့ပြီး၊ ICJ တရာ းရင်ဆိုင်မှုတွင်လည်း ဥပဒေကြောင်းအရ ထိရောက်စွာ ပါဝင်ရင်ဆိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နောင်လာမည့် အစိုးရအနေဖြင့် အခက်အခဲများ မကြုံတွေ့စေရန် မိမိတို့၏ အတွေ့အကြုံများကို စနစ်တကျ မှတ်တမ်းတင် လွှဲပြောင်းပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့ပြီး၊ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
Knl/ymg
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့
ထိုင်းနိုင်ငံကိုတင်ပို့မယ့် ပြောင်းဆံတွေအတွက် မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်ကို အခုမတ်လဆန်းကနေစတင်ပြီး စိစစ်ခွင့်ပြုထုတ်ပေးနေတယ်လို့ မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်ထုတ်ပေးရေးလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 10 March 2026
#ပြောင်းဆံ #ထိုင်းနိုင်ငံ
#YMG/NN #Yangon_Times
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်မှာအပတ်စဉ်တနင်္လာနေ့တိုင်းကို ပလတ်စတစ်/ကြွပ်ကြွပ်အိတ်မသုံးစွဲရနေ့အဖြစ်သတ်မှတ်ဆောင်ရွက်နေတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 10 March 2026
#ပြင်ဦးလွင် #မန္တလေးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
မြန်မာနိုင်ငံသဘင်အစည်းအရုံးရဲ့ကွပ်ကဲမှုမှာရှိကြတဲ့ သဘင်တည်ထောင်သူအဖွဲ့တွေ၊ သဘင်အနုပညာရှင်တွေအနေနဲ့ မဖြစ်မနေသွားရောက်ဖျော်ဖြေရမဲ့ ခရီးစဉ်တွေအတွက် မော်တော်ယာဉ်ဖြတ်သန်းသွားလာခွင့် ထောက်ခံချက်ရယူရမယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံးက ယမာန်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 10 March 2026
#မြန်မာနိုင်ငံသဘင်အစည်းအရုံး
#YMG/NN #Yangon_Times
စက်သုံးဆီ ဝယ်ယူရရှိမှုအခြေအနေတွေကြောင့် ယခုရက်ပိုင်းအတွင်း မန္တလေးမြို့မှာ EV ဆိုင်ကယ်တွေ ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားကောင်းနေတယ်လို့ မန္တလေးမြို့ခံတွေထံကသိရပါတယ်။
#Local_News
Published 10 March 2026
#EVဆိုင်ကယ် #မန္တလေး
#YMG/SW #Yangon_Times
#Daily_News
Published 10 March 2026
၁။ ထိုင်းသို့တင်ပို့မည့်ပြောင်းဆံများအား မီးခိုးမြူကင်းစင်ကြောင်းထောက်ခံချက်များထုတ်ပေးနေ
၂။ ပြင်ဦးလွင်တွင် အပတ်စဉ်တနင်္လာနေ့တိုင်းကိုပလတ်စတစ် မသုံးစွဲရနေ့အဖြစ်သတ်မှတ်
၃။ သဘင်တည်ထောင်သူနှင့်အနုပညာရှင်များ မော်တော်ယာဉ်ဖြတ်သန်းသွားလာခွင့် ထောက်ခံချက်ယူရမည်
၄။ တရုတ်နိုင်ငံ၏ သံတမန်ရေးရာတွင် အိမ်နီးချင်းနိုင်ငံများကို အဓိကဦးစားပေးအဖြစ် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ဝန်ကြီးဝမ်ရိပြောကြား... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန် မတ်၉ — တပ်မတော်(ရေ)၏ ရေကြောင်းကာကွယ်ရေးနှင့် ရေယာဉ်တည်ဆောက်မှုစွမ်းရည်ကို ပိုမိုတိုးချဲ့သည့်အနေဖြင့် ပြည်တွင်း၌ ကိုယ်တိုင်တည်ဆောက်ထားသော အကြီးမားဆုံး ဖရီဂိတ် စစ်ရေ ယာဉ်သစ် တပ်တော်ဝင်ခြင်းနှင့် တန် ၄၀,၀၀၀ ဆံ့ ရေလုံလွန်းကျင်းကြီး ဖွင့်လှစ်ခြင်း အခမ်းအနား ကို တနင်္ဂနွေနေ့ နံနက်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည့် အဆိုပါအခမ်းအနားတွင် ရေငုပ်သင်္ဘော တိုက် ဖျက်ရေး ရေယာဉ်များ၏ ဧရာခင်းမင်္ဂလာကိုလည်း တစ်ပါတည်း ကျင်းပခဲ့သည်။
ယခုတပ်တော်ဝင်ခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ် (သာလွန်မင်း) သည် တပ်မတော်(ရေ) သမိုင်းတစ်လျှောက် ပြည်တွင်း၌ ကိုယ်တိုင်တည်ဆောက်နိုင်ခဲ့သည့် အရွယ်အစားအားဖြင့် အကြီးမားဆုံး စစ်ရေယာဉ် ဖြစ်သည်။ အဆိုပါရေယာဉ်သည် တပ်တော်မဝင်မီ ခရီးရှည်စမ်းသပ်မောင်းနှင်မှုအဖြစ် နာရီပေါင်း ၂၇၀ ကျော်၊ ရေမိုင် ၃,၅၀၀ ခန့် မောင်းနှင်ခဲ့ပြီး ရေယာဉ်ပေါ်ပါ စနစ်များအားလုံး စံချိန်စံညွှန်းပြည့်မီကြောင်း သေချာစွာ စစ်ဆေးအတည်ပြုနိုင်ခဲ့သည်။
သန်လျင်တပ်နယ် ရေတပ်သင်္ဘောကျင်းဌာနချုပ်တွင် ဖွင့်လှစ်လိုက်သည့် တန် ၄၀,၀၀၀ ဆံ့ ရေလုံလွန်း ကျင်းသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးဖြစ်ပြီး အရွယ်အစားကြီးမားသော စစ်ရေယာဉ်များနှင့် ကုန်သွယ်ရေကြောင်း ရေယာဉ်ကြီးများကို တည်ဆောက်ရန်နှင့် ပြုပြင်ရန် ရည်ရွယ်ထားသည်။ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က အဆိုပါလွန်းကျင်းကြီးအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ရေယာဉ်များတည်ဆောက်ရန် ဧရာခင်းပေးခဲ့ကာ Shipyard Management Software ခန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကိုပါ ကြည့်ရှုစစ်ဆေးခဲ့သည်။
ယခု တန် ၄၀,၀၀၀ ဆံ့ ရေလုံလွန်းကျင်းကြီးကို ရေယာဉ်များ ကိုယ်တိုင်တည်ဆောက်နိုင်ရန်နှင့် အရပ်ဘက်ကုန်တင်ရေယာဉ်ကြီးများ ပြုပြင်တည်ဆောက်ပေးခြင်းမှ ဝင်ငွေပြန်လည်ရရှိရန် ရည်ရွယ်၍ ၂၀၁၈ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
ဤစီမံကိန်းသည် ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ အဆင့်သုံးဆင့်ပါဝင်သော မဟာဗျူဟာစီမံကိန်း၏ တတိယမြောက်နှင့် နောက်ဆုံးအဆင့်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ ပထမအဆင့်ကို ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ လည်းကောင်း၊ ဒုတိယအဆင့်ကို ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ လည်း ကောင်း အကောင်အထည်ဖော်ခဲ့ပြီး ရေတပ်သင်္ဘောကျင်းကို နိုင်ငံတကာအဆင့်မီဖြစ်လာစေရန် တဖြည်းဖြည်း အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမှာစကားတွင် ယခုကဲ့သို့ ရေတပ်အင်အားတိုးချဲ့ခြင်းသည် မြန်မာ နိုင်ငံ၏ အမျိုးသားရေးနှင့် စီးပွားရေးအကျိုးအမြတ်များကို ကာကွယ်ရန် မရှိမဖြစ်လိုအပ်ကြောင်း ထည့် သွင်းပြောကြားခဲ့သည်။ မြန်မာ့ပင်လယ်ပြင်သည် သီးသန့်စီးပွားရေးဇုန်ဖြစ်သည့် ကမ်းလွန်ပင်လယ်ပြင် အထိ ကျယ်ပြန့်ပြီး ကမ္ဘာ့ကုန်သွယ်ရေကြောင်းရေယာဉ်ကြီးများ ဖြတ်သန်းသွားလာနေသည့် အဓိက ရေလမ်းကြောင်းများပေါ်တွင် တည်ရှိနေကြောင်း ဗိုလ်ချုပ်မှူးကြီးက ထောက်ပြခဲ့သည်။ ထို့ကြောင့် ပင်လယ်ပြင် ဆက်သွယ်ရေးလမ်းကြောင်းများ၊ ရေနက်ဆိပ်ကမ်းများနှင့် ရေထွက်သယံဇာတများကို ကာကွယ်ရန် အင်အားတောင့်တင်းသော ရေတပ်တစ်ခု လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ ရေတပ်ဆိပ်ခံတံတား၌ ဆက်လက် ကျင်းပခဲ့ပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) ကာကွယ်ရေးဦးစီးချုပ်များနှင့် အဆင့်မြင့်တပ်မတော် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ တပ်တော်ဝင်တံခွန်အလံများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ခေါင်းလောင်းရှစ်ချက်တီးခြင်းစသည့် တပ်တော်ဝင်အစဉ်အလာများ ပြုလုပ်ပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ရေယာဉ် (မုတ္တမ) ပေါ်သို့ တက်ရောက်ကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်။ အခမ်းအနားကို စစ်ရေယာဉ် (ရန်တိုင်းအောင်) နှင့် (ရန်ကြီးအောင်) တို့မှ အမြောက် ၂၁ ချက် ပစ်ဖောက်ဂုဏ်ပြုကာ ရုပ်သိမ်းခဲ့ပြီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)က အဆိုပါ ဂုဏ်ပြု ပစ်ခတ်ခဲ့သည့် ပထမဆုံး အမြောက်ကျည်ဆန်ခွံကို အထိမ်းအမှတ်အဖြစ် ဂါရဝပြု ပေးအပ်ခဲ့သည်။
Knl/ymg


Page 82 of 2354