#Local_News
Published 03 April 2025
▪️ မိုးလေဝသသတင်းနှင့်ပတ်သက်၍ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းရက်ဝေးလျှင် မှန်ကန်မှုအလွန်နည်းတတ်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
▪️ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မတ်လ ၃၁ ရက် မြန်မာစံတော်ချိန် ၆ နာရီခွဲတွင် တိုင်းတာတွက်ချက်ခဲ့သော အဆိုပါဌာန၊ WRF မော်ဒယ်လ်၏ တိုင်းတာချက်၊ အင်္ဂလန်နိုင်ငံ၊ European Centre for Medium-Range Weather Forecasts (ECMWF) Data ကို အခြေခံတွက် ထုတ်ထားသည့် သင်္ချာပုံစံပြုမော်ဒယ်၊အမေရိကန်နိုင်ငံ၊ National Hurricane Center မှ Global Forecasting Model (GFS) Data ကို အခြေခံတွက်ထုတ်ထားသည့် တွက်ချက်ခန့်မှန်းမှုများ ကို ထုတ်ပြန်ဖော်ပြရာတွင် အထက်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။
▪️ လက်ရှိလေထုအခြေအနေများပေါ်အခြေခံ၍ တွက်ချက်ထားသော သင်္ချာပုံစံပြုမော်ဒယ်များဖြစ်သည့် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ WRF မော်ဒယ်လ်၏ မတ်လ ၃၁ ရက် မြန်မာစံတော်ချိန် ၆ နာရီခွဲ အချိန် ကို အခြေခံတွက်ထုတ်ထားသည့် သင်္ချာပုံစံပြုမော်ဒယ်၏ ခန့်မှန်းချက်အရ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများအရှိန်ကြောင့် မနက်ဖြန် ဧပြီလ ၄ ရက်ခန့်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း ၌လေထုမငြိမ်မသက်မှု ဖြစ်ပေါ်နိုင်သော်လည်း အားကောင်းလာနိုင်မည့် အခြေအနေ မရှိဘဲ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ သီရိလင်္ကာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတောင်ပိုင်းသို့ ဦးတည်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းဖော်ပြထားသည်။
▪️ အင်္ဂလန်နိုင်ငံ၊ European Centre for Medium-Range Weather Forecasts (ECMWF) Data ၏ မတ်လ ၃၁ ရက် မြန်မာစံတော်ချိန် ၆ နာရီခွဲ အချိန်ကို အခြေခံတွက်ထုတ်ထားသည့် သင်္ချာပုံစံပြုမော်ဒယ်၏ ခန့်မှန်း ချက်အရ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ အရှိန်ကြောင့် ဧပြီလ ၅ ရက်ခန့်တွင် ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် လေထုမငြိမ်မသက်မှု ဖြစ်ပေါ်နိုင်သော်လည်း အားကောင်းလာနိုင်မည့် အခြေအနေမရှိဘဲ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ သီရိလင်္ကာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတောင် ပိုင်းသို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းဖော်ပြထားသည်။
▪️ အမေရိကန်နိုင်ငံ၊ National Hurricane Center မှ Global Forecasting Model (GFS) Data ၏ မတ်လ ၃၁ ရက် မြန်မာစံတော်ချိန် ၆ နာရီခွဲ အချိန်ကို အခြေခံတွက်ထုတ်ထားသည့် တွက်ချက်ခန့်မှန်းမှုများအရ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများအရှိန်ကြောင့် ဧပြီလ ၄ ရက် မှ ဧပြီလ ၈ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်တွင် လေထုမငြိမ်မသက်မှုဖြစ်ပေါ်ရာမှ လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခုဖြစ်ပေါ်လာနိုင်ခြေရှိပြီး မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိကာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ ရခိုင်ကမ်းရိုးတန်း အနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းဖော်ပြထားသည်။
▪️ သင်္ချာပုံစံပြုမော်ဒယ်များအနေဖြင့် ခန့်မှန်းသည့် ရက်ဝေးကွာပါက အသုံးပြုသည့် မော်ဒယ်အပေါ်မူတည်၍ ခန့်မှန်းချက်များ တစ်ခုနှင့်တစ်ခုမတူညီဘဲ မှန်ကန်နိုင်မှုမှာလည်း အလွန်နည်းတတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
▪️ ယင်းကြောင့် အများပြည်သူအနေဖြင့် ဆိုရှယ်မီဒီယာများနှင့်အွန်လိုင်းများတွင် လတ်တလောထုတ်ပြန်နေသော အခြေအမြစ်မရှိကောလာဟလသတင်းများကို မယုံကြည်ကြပါရန် နှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေဖြင့်လည်း ပြောင်းလဲနေသော သင်္ချာပုံစံပြုမော်ဒယ်များ၏ ခန့်မှန်းချက်များနှင့်ခေတ်မီမိုးလေဝသ တိုင်းတာရေး ကိရိယာများမှ တိုင်းတာရရှိသည့် အချက်အလက်များ အပေါ်အခြေခံ၍ ခန့်မှန်းချက်များနှင့် သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ မြဝတီရုပ်မြင်သံကြား၊
မြန်မာ့ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင်သတင်းမီဒီယာများမှ တရားဝင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
▪️ ကမ္ဘာ့လေထု၏ဖြစ်စဉ်များကြောင့် မိုးလေဝသအခြေအနေများသည် အချိန်နှင့်အမျှပြောင်းလဲဖြစ် ပေါ်လျက် ရှိကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒ
ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် အဆိုပါဖြစ်စဉ်များကို အချိန်နှင့်အမျှ စောင့် ကြည့် လေ့လာပြီး ခန့်မှန်းချက်၊ သတိပေးချက်နှင့် အခြေအနေသတင်းများကို ထုတ်ပြန်ပေးနေမည်ဖြစ်ကြောင်း သိရသည်။
#YMG/PP #Yangon_Times
#Local_News
Published 03 April 2025
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဧပြီလ ၂ ရက် လွဲပိုင်းတွင် မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ H.E.Mr.Yohei SASAKAWA က နေပြည်တော်ရှိ တပ်မတော်ဧည့်ရိပ်သာ၌ လာ ရောက် တွေ့ ဆုံပြီး ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် အထောက်အကူပြုပစ္စည်း များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ H.E.Mr.Yohei SASAKAWA က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ကယ်ဆယ်ရေးပစ္စည်း ၁၄ မျိုးပါ ကျောပိုး အိတ် ၅၀ လုံး၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းဦးထုပ် ၆၀ လုံးနှင့် လက်အိတ် ၁ ဖာတို့ ကို ပေးအပ်လှူ ဒါန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် ငလျင်သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံး မှုများဖြစ်ပေါ်ခဲ့ရမှုအခြေအနေများ၊ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ပေးခဲ့မှုနှင့် ကူညီ ကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများပေးပို့ပေးခဲ့သည့် အခြေအနေများ၊ နိုင်ငံတကာမှ လာရောက်ကူညီကြသည့်ကူညီကယ်ဆယ် ရေးအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ စေတ နာ့ဝန်ထမ်းများနှင့်အတူ ကူညီကယ်ဆယ်မှုများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိမှုအ ခြေအနေ များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် မြန်မာနိုင်ငံအမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ တို့ဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ နစကဥက္ကဌ က မြန်မာနိုင်ငံအမျိုး သား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေး အန္တရာယ်ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကူညီ ကယ် ဆယ်ရေးပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပေးအပ်လှူဒါန်းခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
▪️ နိပွန်ဖောင်ဒေးရှင်းအနေဖြင့် အမေရိကန်ဒေါ်လာ ၃ သန်းနှင့် ညီမျှသည့် စားနပ်ရိက္ခာများအပါအဝင် အခြားလိုအပ်သည့် ထောက်ပံ့ပစ္စည်းများအား ငလျင်ဒဏ်ခံစားနေရသော ပြည်သူများထံသို့လှူဒါန်းသွားမည့် အခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းလည်းသိရသည်။
#YMG/PP #Yangon_Times
၂ ဧပြီ ၂၀၂၅
ငလျင်ဒဏ်ခံစားနေရသည့် မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်က ၂၁ ရက်ကြာ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ဧပြီ ၂ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာ ထောက်ထား နားလည်သော အားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် လည်း ကောင်း တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ အချက် ၄ချက်ပါ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကြေညာချက်မှာ ဖော်ပြထား ပါတယ်။
ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက် ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက် ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင် ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုကြဖို့လည်း တပ်မတော်က တိုက်တွန်းထား ပါတယ်။
အကယ်၍ ထိုကဲ့သို့ ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုအားကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်တယ်လို့လည်း ကြေညာချက်မှာဖော်ပြပါရှိပါတယ်။
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမို တိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း(၂၂)ကြိမ် ထုတ်ပြန်ခဲ့သည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ကြောင်းသိရှိရပါတယ်။
#ymg/knl
#Daily_News
Published 2 Apirl 2025
၁။ ငလျင်ကယ်ဆယ်ရေးတွင်အသုံးပြုရန် တရုတ်-မြန်မာ-အင်္ဂလိပ် ဘာသာပြန်ဆိုစနစ်ကို အရေးပေါ်ဖော်ဆောင်ခဲ့
၂။ ၆ရက်အတွင်း မြေငလျင်(၅၅)ကြိမ် လှုပ်ခတ်ခဲ့
၃။ ငလျင်ဒဏ်ကြောင့် ယာယီရပ်နားထားသော ရထားလမ်းပိုင်းများအား အမြန်ဆုံးပြုပြင်ပြီး ပြန်လည်ပြေးဆွဲသွားမည်
၄။ ဉာဏ်ရည်တုချိတ်ဆက်မော်တော်ယာဉ် ရှန်ကျန်းမြို့တွင် ကနဦးစမ်းသပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အင်အားပြင်းငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဘုန်းတော်ကြီးကျောင်းနဲ့သီလရှင်ကျောင်းပေါင်း ၂ ထောင်ကျော် အလုံးစုံပျက်စီး
ဆုံးရှုံးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)က သိရပါတယ်။
#Local_News
Published 2 Apirl 2025
#အင်အားပြင်းငလျင် #ဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)
#YMG/NN #Yangon_Times
ငလျင်ဒဏ်ကြောင့် ယာယီရပ်နားထားတဲ့ ရထားလမ်းပိုင်းတွေကိုအမြန်ဆုံးပြုပြင်ပြီး ပြန်လည်ပြေးဆွဲသွားမယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။
#Local_News
Published 2 Apirl 2025
#ယာယီရပ်နားထားရထားလမ်း #အမြန်ဆုံးပြုပြင်
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့မတ်လ(၂၈)ရက်ကစတင်ပြီး ဖျက်အားပြင်း ငလျင်ကြီး စတင်လှုပ်ခတ်ခဲ့ပြီးနောက် ဒီကနေ့ ဧပြီလ(၂)ရက် မနက်ပိုင်းအချိန် အထိ ၆ရက်တာကာလအတွင်း မြေငလျင်(၅၅)ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတယ်။
#Local_News
Published 2 Apirl 2025
#မြေငလျင်(၅၅)ကြိမ်လှုပ်ခတ် #မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက
#YMG/NN #Yangon_Times
Page 494 of 2422