#Daily_News
Published 31 March 2025
၁။ ဧည့်မထဆန်အိတ်(၃)သိန်းကို ငလျင်ဘေးဒဏ်သင့် ဒေသများအတွက် ရောင်းချပေးမည်
၂။ ပြည်ပသို့ကျွမ်းကျင်မြန်မာလုပ်သားအဖြစ် မိမိအစီအစဉ်ဖြင့်သွားရောက်ရန် လျှောက်ထားမှုကို ဧပြီ ၂၂ ရက်တွင် စတင်လက်ခံသွားမည်
၃။ ဧပြီလဆန်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ဟုဆို
၄။ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအကြီးအကဲ ယူနွတ်စ်တို့တွေ့ဆုံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
စည်းကမ်းဖောက်ဖျက်တဲ့ YBS ယာဉ်များကို Traffic Control Center မှ နည်းပညာမြင့် Telematics စက်များ၊ CCTV record များဖြင့် မှတ်တမ်းရယူပြီး အရေးယူနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကသိရပါတယ်။
#Local_News
Published 31 March 2025
#Traffic_Control_Center #YRTC
#YMG/NN #Yangon_Times
လာမယ့် ဧပြီလဆန်းကစတင်ပြီး လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးလိုက်ပါတယ်။
#Local_News
Published 31 March 2025
#လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင် #မိုးလေဝသပညာရှင်ဦးဝင်းနိုင်
#YMG/NN #Yangon_Times
ပြည်ပနိုင်ငံတွေကို ကျွမ်းကျင်မြန်မာလုပ်သားအဖြစ် မိမိအစီအစဉ်နဲ့ သွားရောက်ဖို့ လျှောက်ထားမှုတွေကို လာမယ့် ဧပြီ၂၂ရက်မှာ စတင်လက်ခံသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 31 March 2025
#ကျွမ်းကျင်မြန်မာလုပ်သား #အလုပ်သမားဝန်ကြီးဌာန
#YMG/SW #Yangon_Times
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ဧည့်မထဆန်အိတ် (၃) သိန်းကို ငလျင်ဘေးဒဏ်သင့် ဒေသတွေအတွက် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 31 March 2025
#ငလျင်ဘေးဒဏ်သင့်ဒေသ #ဧည့်မထဆန်အိတ်ရောင်းချပေး
#YMG/SW #Yangon_Times
#Local_News
Published_31 March 2025
▪️ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် (the day of national mourning) ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ မတ်လ ၃၁ ရက်တွင် သတ်မှတ်ကြေညာလိုက်သည်။
▪️ မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာ စကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများတွက် စာနာ နားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ် နေ့ရက်အဖြစ် ၃၁ - ၃-၂၀၂၅ ရက်မှ ၆ -၄ -၂၀၂၅ ရက်အထိ (၇)ရက်ကို သတ်မှတ်ကြေညာလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ရက်များအတွင်း နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူကြရန်ဖြစ်ပါသည် ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်မှတ်ဖြင့် ယနေ့ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published 31March 2025
▪️ အမေရိကန်သံရုံး၏ အတည်ပြုထုတ်ပြန်ထားချက်အရ မြန်မာ့ငလျင်ဘေးအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၂ သန်း ကူညီမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သည် အရေးပေါ် နားခိုစရာ၊ အစားအသောက်၊ ဆေးဝါးလိုအပ်ချက်နှင့် ရေရရှိနိုင်မှုအပါအဝင် ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများ၏ အပူတပြင်း လိုအပ်ချက်များကို သုံးသပ်ဖော်ထုတ်ရန် မြန်မာနိုင်ငံသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါအမေရိကန် ဒေါ်လာ၂ သန်းကူညီထောက်ပံ့ရာတွင်
မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသည့်အဖွဲ့အစည်းများမှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိကာ အခက်အခဲကာလအတွင်း အသက်ဆုံးရှုံးမှုများနှင့် လမ်းပန်းဆက်သွယ်ရေး ပျက်စီးဆုံးရှုံးမှုများအတွက်လည်း အားလုံးနှင့်ထပ်တူ မိမိတို့ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
Page 498 of 2422