မြန်မာနိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ထိခိုက်ပျက်စီးမှုတွေကို ကူညီဆောင်ရွက်ဖို့အတွက် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ ရန်ကုန်ကို ယမန်နေ့ညနေပိုင်းက ရောက်ရှိလာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 1 Apirl 2025
#ကျွမ်းကျင်ပညာရှင်များအဖွဲ့ #မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့ ရက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးကြောင့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကသံဃာတော် ၂၁ ပါး ပျံလွန်ခဲ့ရရှာပြီး ၄၅ ပါး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 1 Apirl 2025
#မစိုးရိမ်တိုက်သစ် #သံဃာတော်၂၁ပါးပျံလွန်တော်မူ
#YMG/NN #Yangon_Times
#Local_News
Published 1 April 2025
▪️ ယနေ့မွန်းလွဲတစ်နာရီကျော်အချိန့်ခန့်က မဂ်လာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းမပေါ် သိမ်ဖြူစာတိုက်အနီးတွင် ကားနှစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
▪️ သိမ်ဖြူစာတိုက်မှတ်တိုင်အနီးရှိ Daily Gasရှေ့တွင် ရပ်နားထားသည့် တိုယိုတာပရိုဘောက်ယာဉ်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဘေး၌ကပ်လျက်ရပ်ထားသည့်ကားကိုပါ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါမီးလောင်မှုကြောင့် သိမ်ဖြုလမ်းပိုင်းအားခေတ္တပိတ်ကာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးသတ်ကား ၆စီးခန့်ဖြင့် မီးငြိမ်းသတ်ခဲ့ရသည်။
#YMG/SW #Yangon_Times
#Local_News
Published 1 April 2025
▪️ အိန္ဒိယရေတပ်သင်္ဘောဖြင့် သယ်ဆောင်လာသည့်ကူညီကယ်ဆယ်ရေးပစ္စည်းများရောက်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ ထုတ်ပြန်ထားသည်။
▪️ အိန္ဒိယရေတပ်သင်္ဘော INS Karmuk & LCU52 ဖြင့် သယ်ဆောင်လာသော အစားအသောက်၊ ဆေးဝါးနှင့် ရွက်ဖျင်တဲများအပါအဝင် သယ်ဆောင်လာသည့်ကူညီကယ်ဆယ်ရေးပစ္စည်းတန် ၅၀ သည်ရန်ကုန်မြို့သို့ ယမန်နေ့ညပိုင်းက ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါပစ္စည်းများအားသံအမတ်ကြီး Abhay Thakur မှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းထံ ယနေ့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ အိန္ဒိယတပ်မတော်လေမှ လေယာဉ် ၆ စီးနှင့် အိန္ဒိယတပ်မတော်ရေ မှ သင်္ဘော ၅ စင်းတို့နှင့်အတူ အိန္ဒိယ၏ ကြီးမားသော ပထမဆုံးတုံ့ပြန်ကူညီမှုများကို ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 1 Apirl 2025
▪️ နေပြည်တော်၌ ငလျင်လှုပ်ပြီး ငါးရက်အကြာ၌ အသက် ၆၀ကျော် အမျိုးသမီးတစ်ဦးအားအသက်ရှင်လျှက်ပြန်တွေ့ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဧပြီ ၁ ရက်နေ့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ် ၃၃၆၉ တွင် အသက်(၆၃)နှစ်ခန့် မ(၁)ဦးအား အသက်ရှင်လျက်ရှာဖွေတွေ့ရှိ ခဲ့ ကြောင်းသိရသည်။
▪️ ထို့နောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 1 Apirl 2025
▪️ မန္တလေးတိုင်းဒေသကြီး၌ ငလျင်လှုပ်ပြီး လေးရက်အကြာတွင် (၄၀၃)ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အဆိုပါ မန္တလေးတိုင်း၌ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦထိခိုက်ပျက်စီးမှုများတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ တရုတ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် အိန္ဒိယနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မတ်လ ၃၁ ရက်နေ့ကလည်း မ (၅)ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ကျား(၁၆)ဦး၊ မ(၁၁)ဦး၊ စုစုပေါင်း (၂၇)ဦး၏ ရုပ်အလောင်းများအား ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
▪️ ထို့ကြောင့် စတင်ဖြစ်ပွားအချိန်မှာ ယခုအချိန်ထိ မန္တလေးတိုင်းဒေသကြီးအတွင်း စုစုပေါင်းလူဦးရေ (၄၀၃)ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ (၂၅၉)ဦး၏ ရုပ်အလောင်းများကို ထုတ်ယူနိုင်ခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 1 April 2025
▪️ ရန်ကုန်တွင် လက်ရှိကြုံတွေ့နေရသည် လျှပ်စစ်မီးပျက်သည့်အခြေအနေများနှင့်ပတ်သက်၍ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာကို ယနေ့ ဧပြီလ၁ရက်မှစ၍ အရေးပေါ်ဖုန်းအားသွင်းရန်လိုအပ်သူများ အခမဲ့အားသွင်းနိုင်ရန်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် စင်တာတွင်လျှပ်စစ်မီးအသုံးပြုနိုင်သည့်အတွက် ဂျပန်စာလေ့လာနေသူများ စင်တာသို့လာရောက်ခြင်းကိုလည်း ကြိုဆိုကြောင်း၊စင်တာဖွင့်ချိန်မှာ မနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲဖြစ်ပြီး အပတ်စဉ် အင်္ဂါနေ့မှစနေနေ့အထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း၊ စင်တာသို့လာရောက်အားသွင်းချိန်တွင် စင်တာမှသတ်မှတ်ချက်များကိုလိုက်နာပေးပါရန်မေတ္တာရပ်ခံကြောင်း၊ ငလျင်ဒဏ်သင့်ပြည်သူများနှင့် အရပ်ဒေသများ အမြန်ဆုံး ပြန်လည်ထူထောင်လာစေရန် ဆုတောင်းမေတ္တာပို့အပ်ပြီး ဂျပန်ဖောင်ဒေးရှင်း(JF)သည် ဂျပန်နိုင်ငံ၏မိတ်ဆွေသင်္ဂဟဖြစ်သည့် မြန်မာနိုင်ငံမှ ပြည်သူပြည်သားများအား တတ်စွမ်းသမျှကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
▪️ အရေးပေါ်ဖုန်းအားသွင်းရန်လိုအပ်သူများအနေဖြင့် ယနေ့မှစတင်ကာ အမှတ် ၇၀၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ၌ လူတဉီးလျှင် ဖုန်းတလုံးနှုန်းဖြင့်လာရောက်အားသွင်းနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 497 of 2422