#Local_News
Published_31 March 2025

▪️ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် (the day of national mourning) ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ မတ်လ ၃၁ ရက်တွင် သတ်မှတ်ကြေညာလိုက်သည်။

▪️ မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာ စကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများတွက် စာနာ နားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ် နေ့ရက်အဖြစ် ၃၁ - ၃-၂၀၂၅ ရက်မှ ၆ -၄ -၂၀၂၅ ရက်အထိ (၇)ရက်ကို သတ်မှတ်ကြေညာလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ ရက်များအတွင်း နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူကြရန်ဖြစ်ပါသည် ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်မှတ်ဖြင့် ယနေ့ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

#Yangon_Times/PP