၄ ဧပြီ ၂၀၂၅
မြန်မာနိုင်ငံနှင့်အိန္ဒိယနှစ်နိုင်ငံ နယ်စပ်တစ်လျောက် သောင်းကျန်းသူများ၏လှုပ်ရှားမှုများ၊ နယ်စပ် ဖြတ်ကျော်မှုခင်းများ နှင့် လူကုန်ကူးကိစ္စများတွင် နှစ်ဘက်ပူးပေါင်းဆောင်ရွက်ကြရန် နှစ်နိုင်ငံ ခေါင်းဆောင်များက သဘောတူညီခဲ့ကြပါတယ်။
မြန်မာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Shri Narendra Modi တို့ ဘင်စတက် ထိပ်သီးအစည်းအဝေးသို့တက်ရောက်နေစဉ်အတွင်း ယနေ့ ဧပြီ ၄ရက်မနက်ပိုင်းက သီးခြားတွေ့ဆုံကြရာမှာ ယင်းကဲ့သို့သဘောတူညီခဲ့ကြတာဖြစ်တယ်လို့ နှစ်ဘက် သတင်းထုတ်ပြန်ချက်များအရသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးက မြန်မာငလျင်ကြီးအတွက် အိန္ဒိယ၏ အကူအညီပေးမှုများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ်မိုဒီကလည်း အိန္ဒိယနိုင်ငံသည် အခက်အခဲအကျပ်အတည်းကာလ တွင် မြန်မာနှင့်အတူရပ်တည်နေပြီး လိုအပ်လာပါက နောက်ထပ်အကူအညီများနှင့်အရင်းအမြစ်များ ထပ်မံပေးသွားမည်ဟုပြောခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့် မစ္စတာမိုဒီတို့သည် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ
မြှင့်တင် ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အလေးထားမှုအခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ တရားမဝင်လူကုန်ကူးမှုများ နှင့်လက်နက်မှောင်ခိုမှုများ ပပျောက်ရေး ပူးပေါင်းဆောင် ရွက်သွားမည့်အခြေနေများကိုဆွေးနွေးခဲ့ကြပါတယ်။
ယင်းအပြင် မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ဆက်လက်လျှောက်လှမ်းလျက်ရှိ မှုနှင့်ယခုနှစ်ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ခရီးစဉ်တွင်
လိုက်ပါလာသည့် အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် အတူ အိန္ဒိယ နိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်။. #ymg/knl

#Daily_News
Published 04 Apirl 2025
၁။ ဧပြီ ၅ ရက်မှစ၍ အမြန်လမ်းတွင် ရန်ကုန်မှနေပြည်တော်ထိ ယာဉ်ငယ်များ သွားလာနိုင်မည်
၂။ ဂျပန်က အရေးပေါ်ကူညီထောက်ပံ့ငွေ ဒေါ်လာ (၆) သန်းခန့်ကို နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် ထောက်ပံ့ပေးအပ်သွားမည်
၃။ ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ အမြန်ရထားများ မနက်ဖန်မှစ၍ ပြန်လည်ပြေးဆွဲမည်
၄။ အမေရိကန်အစိုးရ၏ မော်တော်ကားတင်သွင်းမှုအခွန်စည်းကြပ်ခြင်းသည် ဂျပန်စီးပွားရေးထိခိုက်လာနိုင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်ရွှေတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ၁၂ကြိမ်မြောက် နှစ်ဦးအကြို စတုဒီသာကျွေးမွေးလှုဒါန်းပွဲကို ဒီကနေ့မှာ ရန်ကုန်မြို့ ၊ပန်းပဲတန်းမြို့နယ် ၊ ရွှေဘုံသာလမ်းရှိ အသင်းရုံးရှေ့မှာ ကျင်းပခဲ့ပါတယ်။
#Local_News
Published 04 Apirl 2025
#ရွှေလုပ်ငန်းရှင်များအသင်း #နှစ်ဦးအကြိုစတုဒီသာကျွေးမွေးလှူဒါန်းပွဲ
#YMG/NN #Yangon_Times
#Local_News
Published 4 April 2025
▪️ ငလျင်ဘေးသင့် ပြည်သူများအတွက်ကိုရီးယားနိုင်ငံသားစေတနာရှင်များမှ မြန်မာ စစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးဝန်ထမ်းမိသားစုများမှ ဝမ်ပေါင်း
တစ်သန်းခြောက်သိန်းကျော် နှင့်အမေရိကန်ဒေါ်လာတစ်ထောင် လှူဒါန်း ခဲ့ရာကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတွင် မတ်လ ၂၈ရက်နေ့က အင်အား ရစ်ချ်တာစကေး (၇.၇) ပမာဏရှိ အလွန်ပြင်းထန် သောငလျင် လှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားတွင် ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယင်းငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအား လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကိုရီးယားနိုင်ငံသားစေတနာရှင်များဖြစ်ကြသော Mr. Jang Min Choi မှ ကိုရီးယားဝမ် တစ်သန်းတိတိ (ဝမ် ၁,၀၀၀,၀၀၀) ၊ Mr. Jamie Jangkook Choi မှ အမေရိကန်ဒေါ်လာ တစ်ထောင်တိတိ (USD $ 1,000/-) နှင့် ဆိုးလ်မြို့ရှိ မြန်မာ စစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးဝန်ထမ်းမိသားစုမှ ကိုရီးယားဝမ် တစ်သန်းခြောက်သိန်းတစ်သောင်း လေးထောင်တိတိ (ဝမ် ၁,၆၁၄,၀၀၀/-) တို့ကို မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ ၄-၄-၂၀၂၅ ရက်နေ့တွင် လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါလှူဒါန်းငွေအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့်ပြည်သူများကို ဆက် လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်ကူညီထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၆) သန်းခန့်ကို နိုင်ငံတကာအဖွဲ့အစည်းတွေကတစ်ဆင့် ထောက်ပံ့ပေးအပ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 04 Apirl 2025
#နိုင်ငံတကာအဖွဲ့အစည်း #ထောက်ပံ့ပေးအပ်
#YMG/SW #Yangon_Times
ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ ပြေးဆွဲပေးနေတဲ့ လူစီးအမြန်ရထားတွေကို မနက်ဖန်ကနေစတင်ပြီး ပြန်လည်ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
#Local_News
Published 04 Apirl 2025
#အမြန်ရထား #မနက်ဖန်မှစ၍ပြန်လည်ပြေးဆွဲ
#YMG/NN #Yangon_Times
မတ်လ၂၈ရက်မှာဖြစ်ပွါးခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းမှာ မနက်ဖြန်ကစပြီးယာဉ်ငယ်တွေကို ရန်ကုန်ကနေ နေပြည်တော်အထိသွားလာခွင့် ပြုမယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သိရပါတယ်။
#Local_News
Published 04 Apirl 2025
#ရန်ကုန်-မန္တလေးအမြန်လမ်း #ငလျင်ဒဏ်ကြောင့်ပျက်စီး
#YMG/SW #Yangon_Times
Page 491 of 2422