#Local_News
Published 14 June 2025
▪️ Sky Villa အဆောက်အဦ မှ ရုပ်အေ-လာင်းတစ်ေ-လာင်း နှင့် လက်ဝတ်ရတနာများတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇွန်လ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ(A)အဆောင်နှင့် (B)အဆောင်တို့အား ယာဉ်ယန္တရားများအသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာမနက် ၁၁ နာရီ၅၅ မိနစ်နာရီအချိန်၌ B အဆောင် အခန်းအမှတ် G-4 မှ အမျိုးသား(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ ကြောင်း သိရသည်။
▪️ ထို့အတူ ဇွန်၁၃ ရက်နေ့ကလည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ(A)အဆောင်နှင့် (B)အဆောင်တို့အား ယာဉ်ယန္တရားများအသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ မနက်၁၁ နာရီ ခွဲ အချိန်တွင် Bဆောင်၊ အခန်းအမှတ် H-7 ရှာဖွေတွေ့ရှိသော မီးခံသေတ္တာအတွင်းမှ ရွှေ(၁၀)ကျပ်သား (၄)တုံး၊ ရွှေ(၅)ကျပ်သား(၁)တုံး၊ ရွှေ(၁)ကျပ်သား(၁)တုံး၊ ရွှေလက်ကောက်(၂)ကွင်း၊ ရွှေဆွဲကြိုး(၃)ကုံး၊ ရွှေနားကပ်(၃)ရံ၊ ရွှေလက်စွပ်(၂)ကွင်း၊ ရွှေဆွဲသီး (၁) ခု၊ ပယင်းဆွဲသီး(၂)ခု၊ ရွှေတုံးအစ(၂၀)သားနှင့် အရေးကြီးစာရွက်စာတမ်းများအား ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့မှတဆင့် ပိုင်ရှင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 14 June 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၁)ရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက်လမ်း၊ အမှတ်(၂၅)ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)အား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
▪️ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)အား ယခုလ ၁၇ ရက်မှ ဇူလိုင်လ၁၈ရက်အထိ ခေတ္တပိတ်ထားမည်ဖြစ်ပြီး ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့တွင် ပြန်လည်ဖွင့်လှစ်ကာ ယခင်နှစ်များအတိုင်း အခမဲ့လာရောက်လေ့လာခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယခုကဲ့သို့ ခေတ္တပိတ်ထားခြင်းမှာ ၇၈ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲခင်းကျင်းပြသရန် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 14 June 2025
▪️ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင်မြန်မာနိုင်ငံသားအများအတွက်ကောင်စစ်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအား အွန်လိုင်းမှတစ်ဆင့် လျှောက်လွှာစိစစ်လက်ခံမည့်စနစ်ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
▪️ ကောင်စစ်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများတွင် မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ ထောက်ခံစာလျှောက်ထားခြင်းနှင့် ပြည်ဝင်ဗီဇာလျှောက်ထားခြင်းစသည့် ကောင်စစ်ဆိုင်ရာဝန်ဆောင်မှုများ ကို အွန်လိုင်းမှတစ်ဆင့် လျှောက်လွှာဖြည့်စွက်၍ တိုက်ရိုက်လျှောက်ထားနိုင်သည့်စနစ်အား https://consularservicesmyanmarcgla.org/အင်တာနက်စာမျက်နှာမှတစ်ဆင့် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ထုတ်ပြန်ထားသည်။
▪️ အွန်လိုင်းကောင်စစ်ဝန်ဆောင်မှု ရယူလိုသူများအနေဖြင့် သက်ဆိုင်ရာလျှောက်လွှာများအလိုက် အွန်လိုင်း ဖောင်တွင်ဖြည့်စွက်၍ ကောင်စစ်ဝန်ချုပ်ရုံးသို့ တိုက်ရိုက်လျှောက်ထားနိုင်မည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ပြည့်စုံသည့် လျှောက်လွှာများအား ကောင်စစ်ဝန်ချုပ်ရုံးမှ အတည်ပြုကြောင်း လျှောက်ထားသူများထံသို့ အဆိုပါစနစ်မှတစ်ဆင့်ပြန်လည် အကြောင်းပြန်ကြားသွားမည်ဖြစ်ကြောင်း၊ စိစစ်အတည်ပြုချက်ရရှိပြီးသော လျှောက်လွှာရှင်များအနေဖြင့် လိုအပ်သည့်နိုင်ငံကူးလက်မှတ်၊ ဓါတ်ပုံ၊ Money Order နှင့် Return Envelope များအား ကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_14 June 2025
▪️ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ကော့ဘော်ကျေးရွာ အတွင်းသို့ KNLA အဖွဲ့ နှင့် PDF များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အသက် ၄ နှစ် နှင့် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
▪️ ယမန်နေ့ ဇွန်လ ၁၂ ရက် ညနေ ၅ နာရီခွဲခန့်တွင် ကော့ဘော်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၇၀၀ ခန့်အကွာမှ လက်နက်ကြီးဖြင့် ရောက်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲခဲ့သဖြင့် အသက် ၄ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊အဆိုပါထိခိုက် ဒဏ်ရာရရှိသူ ၃ ဦးအား ဘားအံမြို့ ပြည်သူ့ဆေးရုံသို့ တာဝန်ရှိသူများက ပို့ဆောင်စဉ် ရရှိသောဒဏ်ရာများဖြင့် ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။
▪️ ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
#Yangon_Times/PP
#Daily_News
Published 13 June 2025
၁။ စက်သုံးဆီဈေးအားလုံးတက်ရိပ်ပြ
၂။ အွန်လိုင်းရွှေရောင်းသူများကို ငွေစုစာအုပ်အပြင် ကံစမ်းမဲဖောက်ရောင်းချခြင်းမပြုရန်အသိပေး
၃။ တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေဝယ်/ ရောင်း/ လဲလှယ်ခြင်းများကို အရေးယူရန် အရှိန်မြှင့်လုပ်ဆောင်မည်
၄။ ၂၀၂၅ တရုတ် အင်တာနက်အစည်းအဝေးညီလာခံ၌ AI စနစ်၏ ပုဂ္ဂိုလ်ရေးအချက်အလက်ပေါက်ကြားနိုင်သည့်အန္တရာယ်အကြောင်းစိုးရိမ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published_13 June 2025
▪️ KNU အဖွဲ့မှအချို့နှင့် PDF များက အရပ်ဘက်မော်တော်ယာဉ်တစ်စီးကို မိုင်းထောင်ဖောက်ခွဲမှု ကျိုက်ထိုမြို့နယ်တွင် ဖြစ်ပွားခဲ့၍ ၄ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
▪️ ယမန်နေ့ ဇွန်လ ၁၂ ရက် နံနက် ၉ နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့မှ ကျိုက်ထိုမြို့ဘက်သို့ ထွက်ခွာလာသည့် ယာဉ်မောင်းမျိုးမင်းခန့် မောင်းနှင်ပြီး ခရီးသွားပြည်သူအမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ စီးနင်းလိုက်ပါလာသော WISH အမျိုးအစား မော်တော်ယာဉ်ကိုဘိုက္ကားကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကား လမ်း၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အပြစ်မဲ့ပြည်သူ ၄ ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
▪️ ယင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား တာဝန်ရှိသူများက ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်း သိရသည်။
▪️ ယင်းဖြစ်စဉ်အပေါ် အွန်လိုင်းမီဒီယာအချို့က တပ်မတော်ယာဉ် တန်းကို မိုင်းဆွဲတိုက်ခိုက်စဉ် အရပ်သားများ လိုက်ပါလာသည့် မော်တော်ယာဉ် ၁ စီး မိုင်းစထိမှန်ခဲ့ပြီး အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဝါဒဖြန့် သတင်းမှားထုတ်ပြန်လျက်ရှိကြောင်းလည်း သိရသည်။
#Yangon_Times/PP
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေနဲ့မုတ်သုံမိုးရာသီ ရောက်ရှိလာတာနဲ့အမျှ ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေအတွက် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 13 June 2025
#ကမ္ဘာ့ကျန်းမာရေးအဖွဲ့ #ကြိုတင်ကာကွယ်ရေးများတိုးမြှင့်ဆောင်ရွက်
#YMG/SW #Yangon_Times
Page 387 of 2399