#Local_News
Published 14 June  2025

▪️ Sky Villa အဆောက်အဦ မှ  ရုပ်အ‌ေ-လာင်းတစ်‌ေ-လာင်း နှင့် လက်ဝတ်ရတနာများတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

▪️ ဇွန်လ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ(A)အဆောင်နှင့် (B)အဆောင်တို့အား ယာဉ်ယန္တရားများအသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာမနက် ၁၁ နာရီ၅၅ မိနစ်နာရီအချိန်၌ B အဆောင် အခန်းအမှတ် G-4 မှ အမျိုးသား(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ ကြောင်း သိရသည်။

▪️ ထို့အတူ ဇွန်၁၃ ရက်နေ့ကလည်း  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ(A)အဆောင်နှင့် (B)အဆောင်တို့အား ယာဉ်ယန္တရားများအသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ မနက်၁၁ နာရီ ခွဲ အချိန်တွင် Bဆောင်၊ အခန်းအမှတ် H-7 ရှာဖွေတွေ့ရှိသော မီးခံသေတ္တာအတွင်းမှ  ရွှေ(၁၀)ကျပ်သား (၄)တုံး၊ ရွှေ(၅)ကျပ်သား(၁)တုံး၊ ရွှေ(၁)ကျပ်သား(၁)တုံး၊ ရွှေလက်ကောက်(၂)ကွင်း၊ ရွှေဆွဲကြိုး(၃)ကုံး၊ ရွှေနားကပ်(၃)ရံ၊ ရွှေလက်စွပ်(၂)ကွင်း၊ ရွှေဆွဲသီး (၁) ခု၊ ပယင်းဆွဲသီး(၂)ခု၊  ရွှေတုံးအစ(၂၀)သားနှင့် အရေးကြီးစာရွက်စာတမ်းများအား ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့မှတဆင့် ပိုင်ရှင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times