#Local_News
Published 14 June 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၁)ရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက်လမ်း၊ အမှတ်(၂၅)ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)အား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
▪️ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)အား ယခုလ ၁၇ ရက်မှ ဇူလိုင်လ၁၈ရက်အထိ ခေတ္တပိတ်ထားမည်ဖြစ်ပြီး ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့တွင် ပြန်လည်ဖွင့်လှစ်ကာ ယခင်နှစ်များအတိုင်း အခမဲ့လာရောက်လေ့လာခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယခုကဲ့သို့ ခေတ္တပိတ်ထားခြင်းမှာ ၇၈ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲခင်းကျင်းပြသရန် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times