#Daily_News
Published 12 June 2025
၁။ မြန်မာ-ရုရှားခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များအပြန်အလှန်စီစဉ်ရေးဆွေးနွေး
၂။ ရွှေဘိုနှင့်ဧရာဝတီပေါ်ဆန်းဆန်များကို သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးသွားမည်
၃။ အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် နေရာကွက်၍ မိုးကြီးနိုင်
၄။ တောင်အာဖရိကကမ်းရိုးတန်းမှ ငါးသေတ္တာငါးရွှေ့ပြောင်းမှုဖြစ်စဉ်ကနေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် လိုအပ်ကြောင်းထောက်ပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ယခုလဆန်းပိုင်းက စတင်ပြီး ဆက်လက်မြင့်တက်လာခဲ့တဲ့ အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားဈေးနှုန်းဟာ ယနေ့မှာတော့ တစ်ကျပ်သားကို ကျပ်၇၉သိန်းနဲ့ ဈေးဖွင့်လာခဲ့တယ်လို့ ရွှေဈေးကွက်မှ တဆင့်သိရပါတယ်။
#Local_News
Published 12 June 2025
#ကမ္ဘာ့ရွှေဈေးမြင့်တက် #မြန်မာ့ရွှေဈေးမြင့်တက်
#YMG/SW #Yangon_Times
မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြား ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ရင်းနှီးကျွမ်းဝင်မှုခရီးစဉ် (Familiarization Trip - FAM Trip) တွေကို အပြန်အလှန်စီစဉ်ဆောင်ရွက်ရေးတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 12 June 2025
#မြန်မာ-ရုရှားခရီးသွားလုပ်ငန်း #Familiarization_Trip-FAM_Trip
#YMG/SW #Yangon_Times
တောင်တရုတ်ပင်လယ်ပြင် မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း အရှိန်ကြောင့် ဒေသအနှံ့အပြားမှာမိုးရွာမှာဖြစ်သလို နေရာကွက်ပြီးတော့လည်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 12 June 2025
#အပူပိုင်းမုန်တိုင်းအရှိန် #နေရာကွက်၍မိုးကြီးနိုင်
#YMG/NN #Yangon_Times
ရွှေဘိုနဲ့ ဧရာဝတီပေါ်ဆန်းဆန်တွေကို ဆန်စပါးကုန်စည်ဒိုင်တွေမှာ သက်သာတဲ့နှုန်းထားနဲ့ တစ်ပတ်ကို နှစ်ရက်ကြာရောင်းချပေးသွားမယ်လို့
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက သိရပါတယ်။
#Local_News
Published 12 June 2025
#ရွှေဘိုနှင့်ဧရာဝတီပေါ်ဆန်းဆန် #ဆန်စပါးကုန်သည်များအသင်း
#YMG/NN #Yangon_Times
#Local_News
Published 12 June 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းများအတွက် နိုင်ငံခြားငွေကြေးများကို ယမန်နေ့က ထုတ်ရောင်းလိုက်ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် CMP ကုမ္ပဏီများမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၉၆ သန်းကို စက်သုံးဆီတွင်သွင်းသည့် ကုမ္ပဏီများသို့ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ငွေလဲနှုန်း ၅၄၈ဒသမ၂၄ ကျပ်ဖြင့် တရုတ်ယွမ် ၂၉၄,၂၀၆ ၊ ငွေလဲနှုန်း ၁၃၂ဒသမ၇၅ ကျပ်ဖြင့် ထိုင်းဘတ် ၁ သန်းကိုလည်း ရောင်းပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 June 2025
▪️ မန္တလေးငလျင်ကြီးကြောင့်ပြိုကျခဲ့ရသည့် မန္တလေးမြို့ Sky Villa အဆောက်အဦမှ ရုပ်အေ-လာင်း ငါးလောင်းကို ယနေ့တူးဖော်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇွန်၁၂ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ (A)အဆောင်နှင့် (B)အဆောင်တို့အား ယာဉ်ယန္တရားများအသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်နေစဉ် မနက် ၁၁ နာရီ၄၅မိနစ် အချိန်တွင် B အဆောင် အခန်းအမှတ် H-4 မှ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၃)ဦးတို့၏ ရုပ်အလောင်းများအား ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 389 of 2399