#Local_News
Published 10 June 2025
▪️ ကိုရီးယားကြက်ခြေနီအသင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းတွင် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ကိုရီးယားကြက်ခြေနီအသင်းအနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်မည့် ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းများတွင် နည်းပညာပိုင်းနှင့်တကွ ပူးပေါင်းပါဝင်မည့် အစီအစဉ်များကိုဇွန်လ(၉)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Best Western Green Hill Hotel တွင်ပြုလုပ်ခဲ့သည့်Debriefing Sessionတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ Debriefing Session သို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ လက်ထောက်အထွေထွေအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms.Nadia Khoury ၊ ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းမှ Mr. KIM Jae Ryu, Head of International Cooperation Team နှင့် Mr. KOO Young Pyo, Deputy Head, International Cooperation Team တို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၏မန္တလေးနှင့်စစ်ကိုင်းတို့တွင် ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို သွားရောက်ကွင်းဆင်းလေ့လာခဲ့သော ကိုရီးယားကြက်ခြေနီအသင်းမှ ကိုယ်စားလှယ်(၃)ဦးတို့က ၎င်းတို့ လေ့လာတွေ့ရှိချက်များ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 10 June 2025
▪️ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နှင့် ရေဖြူမြို့နယ်အတွင်းတည်ရှိသောတနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း နို့တိုက်သတ္တဝါ ၆၇ မျိုးနှင့် ငှက်မျိုးစိတ် ၂၄၄ မျိုး ရှင်သန်ကျက်စားနေမှု မှတ်တမ်းတင်တွေ့ရှိခဲ့ပြီး မျိုးသုဉ်းရန်အန္တရာယ်ရှိ အာရှဆင်နှင့် တောခွေးများလည်းရှင်သန်ကျက်စားလျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
▪️ ထို့အပြင် မျိုးသုဉ်းလုနီး ရင်ဆိုင်နေရသည့် သင်းခွေချပ်၊အင်းကျား၊ ကြံ့သူတော်၊ ကျားသစ်နက်၊ ကြောင်မြင်း၊ မလေးဝက်ဝံနှင့် အင်ဒိုချိုင်းနားကျား စသည့်မျိုးစိတ်များလည်း ရှင်သန်ကျက်စားလျက်ရှိပြီးမျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သော ငှက်မျိုးစိတ်သုံးမျိုးနှင့် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်လုနီးပါး ရင်ဆိုင်နေရသည့် ငှက်မျိုးစိတ် ၁၀ မျိုးအပါအဝင် ငှက်မျိုးစိတ် များစွာကိုလည်းတွေ့ရှိရကြောင်း သိရသည်။
▪️ တိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေဖြင့် တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း ကင်မရာထောင်ချောက်များတပ်ဆင်၍ ဇီဝမျိုးစုံမျိုးကွဲများနှင့် တောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်မှုကို သိရှိမှတ်တမ်းတင်နိုင်ရန်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ရေရှည်ရှင်သန်ဖွံ့ဖြိုးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 9 June 2025
၁။ စားအုန်းဆီရည်ညွှန်းဈေး တစ်ပိဿာကျပ် ခြောက်ထောင်ဝန်းကျင်သို့ ကျဆင်း
၂။ ကမ္ဘာ့အိုလံပစ်နေ့ အထိမ်းအမှတ် Steward Course သင်တန်း၌ သင်တန်းသား ၄၀ဦးခန့်တက်ရောက်
၃။ MSME များအတွက် ထိခိုက်ဆုံးရှုံးနိုင်ခြေများ စီမံခန့်ခွဲမှု သင်တန်းကိုအခမဲ့တက်ရောက်နိုင်မည်
၄။ အပူချိန်မြင့်တက်လာခြင်းနှင့်အတူ ဆီးရီးယားမြို့တော်၌ ဆိုးရွားစွာမိုးခေါင်ရေရှား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
တောင်တရုတ်ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ကြမယ့်လေပွေလှိုင်းနဲ့ တိုင်ဖုန်းအရှိန်တွေကြောင့် မြန်မာတစ်နိုင်ငံလုံးမိုးရွာနိုင်တဲ့အပြင် မွန်နှင့်တနင်္သာရီ၌ မိုးကြီးနိုင်တယ်လို့ မိုးလေဝသပြင်ပပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။
#Local_News
Published 9 June 2025
#လေပွေလှိုင်းနှင့်တိုင်ဖုန်းအရှိန် #မွန်နှင့်တနင်္သာရီ၌ မိုးကြီးနိုင်
#YMG/NN #Yangon_Times
အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ (MSME) အနေနဲ့ လုပ်ငန်းလည်ပတ်မှုအတွင်းနဲ့ ပြင်ပပတ်ဝန်းကျင်ကတစ်ဆင့် ရင်ဆိုင်ကြုံတွေ့နိုင်တဲ့ ထိခိုက်ဆုံးရှုးနိုင်ခြေအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးအတွက် “ထိခိုက်ဆုံးရှုံးနိုင်ခြေများ စီမံခန့်ခွဲမှု (Risk Management)” သင်တန်းကို အခမဲ့တက်ရောက်နိုင်မယ်လို့ သိရပါတယ်။
#Local_News
Published 9 June 2025
#MSME #စီမံခန့်ခွဲမှုသင်တန်း
#YMG/SW #Yangon_Times
ကမ္ဘာ့အိုလံပစ်နေ့အထိမ်း အမှတ် Steward Course သင်တန်း၌ သင်တန်းသား၄၀ဦးခန့် တက်ရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published 9 June 2025
#ကမ္ဘာ့အိုလံပစ်နေ့အထိမ်းအမှတ် #Steward_Courseသင်တန်း
#YMG/NN #Yangon_Times
#Local_News
Published 9 June 2025
▪️ ပြည်မြို့အနီး၌ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိမြေငလျင် တစ်ခု ယနေ့ လှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ
သိရသည်။
▪️ ဇွန်လ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၉) နာရီ၊ (၄၄)မိနစ်၊ (၄၉)စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် (၉၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပြည်မြို့၏ အနောက်ဘက် (၁၁) မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် (၁၈.၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၅) ဒီဂရီ၊ အနက် (၇၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 393 of 2399