#Local_News
Published 7 June 2025
▪️ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့်မိသားစုများအား အရှည်ဆုံး ဗီဇာသက်တမ်းများကို ဇွန်လ ၉ ရက်နေ့မှစတင်၍ စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၏ အာဆီယံ ဗီဇာ လျှောက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်အရသိရသည်။
▪️ အဆိုပါ ကြေညာချက်၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးအနေဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီသော မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် ၎င်းတို့၏ အိမ်ထောင်ဖက်၊ သားသမီးများ အတွက် အကြိမ်များစွာ ဝင်ထွက်သွားလာနိုင်သော (Multiple Entry) ဖြင့် အရှည်ဆုံး ဗီဇာသက်တမ်း ၅ နှစ်ထိ၊ အရှည်ဆုံးနေထိုင်ခွင့်ကာလ ၁၈၀ ရက် ရှိသည့် တရုတ်နိုင်ငံဗီဇာအမျိုးအစားများကို ၂၀၂၅ ခုနှစ် ဇွန်လ ၉ ရက်နေ့မှစတင်၍ စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
▪️ တရုတ်သံရုံးဖုန်း : 0095-9894853188 ( ရုံးတက်ရက် မွန်းလွဲ ၂နာရီမှ ၆နာရီ အထိ အီးမေးလ် :
#YMG/NN #Yangon_Times
#Local_News
Published 7 June 2025
▪️ မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုမှာ ၄၂ ဒသမ ၆ ရာခိုင်နှုန်းခန့်သာ ရှိတော့ ကြောင်း ယနေ့ ဇွန်လ ၆ ရက် တွင်ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂ဝ၂၅ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
▪️ ယင်းက နစက အစိုးရတာဝန်ယူဆောင်ရွက်ချိန်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု လုပ်ငန်းများကို ပိုမိုအလေးထား ဆောင်ရွက်ခဲ့ကြောင်း၊ ရေဝေရေလဲတောများရှိပါက ရေထိန်းသိမ်းမှုများကို ပိုမိုဆောင်ရွက်နိုင် သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ အလားတူ “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားခိုနိုင်သည်” ဟုဆိုရိုးရှိကြောင်း၊ ထို့ကြောင့် သစ်ပင်စိုက်ပျိုးမှုများကို အကျိုးရှိစွာဖြင့် ဆောင်ရွက်ကြစေလိုကြောင်းလည်း ပြောကြားခဲ့သည်။
▪️ ယင်းအပြင်နိုင်ငံအတွင်းမုန်တိုင်းမိုးကြောင့် ရေကြီးရေလျှံမှု များကိုခါးသီးစွာခံစားခဲ့ရကြောင်း၊ အလားတူ ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့သည့် မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့်လည်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများမှာ လူများကြောင့်ပျက်စီးမှုများရှိသကဲ့သို့ သဘာဝတရားကြီး၏ Climate Change ပြောင်းလဲမှုများကြောင့် ထိခိုက်မှုများလည်းရှိကြောင်း၊ မိမိတို့အ နေဖြင့် သဘာဝပတ်ဝန်းကျင်ကို တတ်နိုင်သမျှ ထိန်းသိမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် နစက ဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။
▪️ ယနေ့ ဇွန်လ ၆ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ပထမအကြိမ်သစ်ပင် စိုက်ပျိုးပွဲ အတွင်း ရတနာတန်းဝင် ကျွန်း ၉၀၀ ပင်၊ ပျဉ်းကတိုး ၆၀၀ ပင်၊ ပိတောက် ၃၀၀ ပင်၊ မဟော်ဂနီ ၆၀၀ ပင် စုစုပေါင်း ၂၄၀၀ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
▪️ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာ ဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက် ပျိုးပွဲတော် စုစုပေါင်း ၄၂ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၃,၆၂၅ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
▪️ အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ် ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေ ပြည် တော်တိုင်းစစ်ဌာနချုပ်၌ ၈,၀၄၃ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၀,၅၀၀ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာ နချုပ်၌ ၇,၀၂၂ ပင်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ၁၄,၇၅၈ ပင်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၌ ၁၁,၉၂၅ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ၁၅,၇၇၅ ပင်၊ ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ်၌ ၉,၅၇၃ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၁၈,၀၉၄ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ ၆,၈၂၀ ပင်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်၌ ၉,၁၄၂ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၃၀,၀၄၁ ပင်နှင့် တောင်ပိုင်းတိုင်းစစ် ဌာနချုပ်၌ ၈,၇၅၁ ပင်တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြ ပြီး ယနေ့တွင် တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုဝင်များအပါအဝင်၊ တိုင်းစစ်ဌာနချုပ်အသီးသီးနှင့်တပ်ရင်း၊ တပ်ဖွဲ့များ၌ စုစုပေါင်းသစ်ပင် ၁၅၂,၈၄၄ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
▪️ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများအနေဖြင့် ရေဆင်းဆည် ပတ်ဝန်းကျင်၌ ၂၀၁၁ ခုနှစ်မှစ တင်၍သစ်ပင်စိုက်ပျိုးမှုများဆောင်ရွက်ခဲ့ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့မှုမှာ ၄၁ ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။
#Yangon_Times/PP
#Daily_News
Published 6 June 2025
၁။ မြေဩဇာတင်သွင်းထုတ်လုပ်ခွင့် မှတ်ပုံတင် ၇,၆၀၀ ကျော် ခွင့်ပြုထားပြီး ထပ်မံစိစစ်ခွင့်ပြုပေးနေ
၂။ ရွှေဘိုပေါ်ဆန်းနှင့် ဆန်ကြမ်းအချို့ဈေးတက်
၃။ သန်လျင်ရေနံချက်စက်ရုံအပိုင်း(၁)မှ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ငါးသိန်းချက်လုပ်မည်
၄။ ဂျပန်ဆန်စပါးဈေးနှုန်းမြင့်တက်ခြင်း ပြဿနာများကြောင့် အခွန်မူဝါဒပြောင်းလဲပေးရန် အစိုးရကိုတောင်းဆိုမှုများပြား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 6 June 2025
▪️ စေလွှတ်အလုပ်သမားများ၏ မေလအတွက် မိသားစုလွှဲပို့ငွေ ရရှိမှုအထောက်အထားတင်ပြရန် ကျန်ရှိနေသော ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် ယခုလ ၁၀ရက် နောက်ဆုံးထားတင်ပြရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ Safe Migration Channel မှ ယနေ့ ထုတ်ပြန်ထားသည်။
▪️ နိုင်ငံအလိုက်စေလွှတ်ရှိသော်လည်း ၂၀၂၅ ခုနှစ်၊ မေလအတွက် မိသားစုလွှဲပို့ငွေ ရရှိမှုအထောက်အထား တင်ပြခြင်းမရှိသေး သည့် အေဂျင်စီပေါင်း ၁၃၀ရှိပြီး အဆိုပါ အေဂျင်စီများ၏ အမည်စာရင်းကို ယနေ့ ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
▪️ အဆိုပါ အမည်စာရင်းပါဝင်သူများသည် ၁၀-၆-၂၀၂၅ ရက် ညနေ ၅နာရီ နောက်ဆုံး ထား၍ dolmigrationremittance@gmail ပေးပို့ရန်နှင့် အချိန်မီပေးပို့ခြင်းမရှိပါက Demand Letter အသစ်တင်ပြခွင့်ဆိုင်းငံ့ခြင်း ခံရမည့်အပြင် ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 6 June 2025
▪️ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က Article-33 ခေါ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၃ အရ မြန်မာနိုင်ငံကို အလုံးစုံပိတ်ဆို့အရေးယူရန် ဇွန်လ ၅ ရက်တွင် ကျင်းပခဲ့သည့် ညီလာခံတွင် အတည်ပြု ဆုံးဖြတ်ခဲ့ရာ အဆိုပါ ဆုံးဖြတ်ချက်အား စိုးရိမ်ရန်မလိုဘဲ လုပ်ငန်းခွင်များတွင် ဆက်လက်လုပ်ကိုင်နိုင်ဟု အလုပ် သမားဝန်ကြီး ဌာနက ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
▪️ ILO မှ ချမှတ်သည့် ဆုံးဖြတ်ချက်သည် နိုင်ငံရေးကို ဖိအားပေးလိုသည့် ဆုံးဖြတ် ချက်ဖြစ်ပြီး မြန်မာနိုင်ငံအစိုးရအပေါ် ILO စာမျက်နှာမှတစ်ဆင့် ဖိအားပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် တစ်ဖက်သတ် တောင်းဆိုထားသည့် ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ILO ၏ ဆုံးဖြတ်ချက်ကို လေ့လာခဲ့ရာတွင် နိုင်ငံရေးဆိုင်ရာ ချဉ်းကပ်မှု များအပေါ် အခြေခံပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
▪️ အဆိုပါဆုံးဖြတ်ချက်ကြောင့် နိုင်ငံအတွင်း မှီတင်းနေထိုင်လုပ်ကိုင်ကြသည့် အလုပ် ရှင်များ၊ အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများ မရှိနိုင် ကြောင်း၊ ထို့ကြောင့် စိုးရိမ်မှုမရှိဘဲ လုပ်ငန်းခွင်များတွင် အေးချမ်းစွာ ဆက်လက် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့် အလုပ်သမားထု၏ အခွင့်အရေးများဥပဒေနှင့်အညီ တိုးတက်ရရှိရေး၊ လူမှုဘဝများ ဖွံ့ဖြိုးရေး၊ အလုပ်အ ကိုင်အခွင့်အလမ်းများဖန်တီးနိုင်ရေးအတွက် ILO အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်လက်ထိတွေ့လျက် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်လွတ်လပ်မှုကို မထိပါးသည့် ပူးပေါင်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
▪️ ယခုကဲ့သို့ ILO ၏ အရေးယူပိတ်ဆို့မှုခံရခြင်းသည် မြန်မာနိုင်ငံအနေဖြင့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဒုတိယအကြိမ်မြောက် ဖြစ်ပြီး Article -33 အရ အရေးယူခံရသည့် နိုင်ငံသည် ILO၏ကန့်ကွက်မှုကြောင့် နိုင်ငံတကာနှင့် ကုန်သွယ်ရေးကိစ္စများတွင် ရရှိထားသည့် အထူးအခွင့်အရေးများ ဆုံးရှုံးရနိုင်ပြီး အခွန်သက်သာခွင့်များလည်း ရုတ်သိမ်းခံရနိုင်ချေ ရှိလာနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ငလျင်ဘေးသင့်ပြည်သူပေါင်း ၁ ဒသမ ၁ သန်း အား အဓိကထား အကူအညီပေးအပ်ဖို့ ရည်ရွယ်ထားတဲ့ ငလျင် အရေးပေါ် ကူညီရေးအစီအစဉ် အတွက် လိုအပ်တဲ့ အမေရိကန်ဒေါ်လာ ၂၇၅ သန်း အနက်မှ ဒေါ်လာ ၆၃ ဒသမ ၇ သန်းခန့်သာ လက်ခံရရှိထားသေးတယ်လို့ ကုလသမ္မဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး( OCHA Myammar) ကထုတ်ပြန်ထားပါတယ်။
#Local_News
Published 6 June 2025
#OCHA #ကန်ဒေါ်လာ ၂၇၅ သန်း
#YMG/SW #Yangon_Times
နိုင်ငံတော်ရဲ့ စက်သုံးဆီလိုအပ်ချက်ကို အတိုင်းအတာတစ်ရပ်အထိ ဖြည့်ဆည်းပေးနိုင်ဖို့ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)ကို အသွင်သစ်နဲ့ လည်ပတ်ထုတ်လုပ်သွားမည်ဖြစ်ရာ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)စီမံကိန်းအပိုင်း(၁)အဖြစ် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ငါးသိန်းချက်လုပ်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 6 June 2025
#စက်သုံးဆီလိုအပ်ချက် #သန်လျင်ရေနံချက်စက်ရုံအပိုင်း(၁)
#YMG/SW #Yangon_Times
Page 395 of 2399