ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်းရှိ မြို့ရိုးနဲ့ ကျုံးတို တည်ရှိရာဒေသကို ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သတ်မှတ်လိုက်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အသိပေးလာပါတယ်။
#Local_News
Published 5 June 2025
#တောင်ငူ၊ကေတုမတီမြို့ရိုး #ယဉ်ကျေးမှုအမွေအနှစ်ဒေသ
#YMG/NN #Yangon_Times
အခု၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မေလတစ်လတာအတွင်း ဆန်နဲ့ဆန်ကွဲ တန်ချိန် ၂သိန်းခွဲကျော်တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 5 June 2025
#ဆန်နှင့်ဆန်ကွဲတင်ပို့ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
စီးပွားရေးပြန်လည်ကောင်းမွန်လာစေဖို့ ပြည်တွင်းအသေးစား အငယ်စား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုစေဖို့အတွက် SKD ၊ CKD စနစ်နဲ့ တင်သွင်းမယ့်ယာဉ်တွေအတွက် အခွန်ငါးရာခိုင်နှုန်း အထိ ဖြေလျှော့ပေးလိုက်တယ်လို့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လ၄ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 5 June 2025
#အခွန်ငါးရာခိုင်နှုန်းဖြေလျှော့ #SKD၊ CKD
#YMG/SW #Yangon_Times
မန္တလေးငလျင်ကြီးအပြီး ဆက်လက်မြင့်တက်နေတဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ဥရောပသမဂ္ဂက ရန်ပုံငွေ ယူရို ၅ သန်းပေးအပ်ကြောင်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ ဥရောပသမဂ္ဂ (EU) တို့က ယမန်နေ့က ပူးတွဲသတင်းထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 5 June 2025
#လိုအပ်ချက်များကိုဖြည့်ဆည်း #EUကယူရို၅သန်းပေး
#YMG/SW #Yangon_Times
#Local_News
Published 5 June 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ထိုင်းဘတ် ငွေ ၂သန်းအပြင်အမေရိကန်ဒေါ်လာနှင့်တရုတ်ယွမ် ၇သိန်းကျော်ကို ဇွန်လ ၄ ရက်နေ့မှာ ထုတ်ရောင်းခဲ့ကြောင်း သိရသည်။
▪️ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည် ဖြစ်ကြောင်း ဇွန်လ ၄ ရက်နေ့က ကြေညာခဲ့ပြီးနောက် ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် ငွေလဲနှုန်း ၃၆၁၀ ကျပ်နှင့် အမေရိကန်ဒေါ်လာ ၄၂၂,၀၀၀ ၊ ငွေလဲနှုန်း ၅၄၈.၂၄ ကျပ်နှင့် တရုတ်ယွမ် ၃၄၅,၈၅၂ ၊ ငွေလဲနှုန်း ၁၃၂.၇၅ ကျပ်ဖြင့် ထိုင်းဘတ် ၂.၁၁၀ သန်းကိုလည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 5 June 2025
▪️ တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးနေသည့် တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာပိုက်ကျော်ခြင်းအသင်းမှ ရွှေနှင့်ကြေးတံဆိပ်နှစ်ခုစီ စုစုပေါင်း ဆု လေးဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ပြိုင်ပွဲကို ဇွန် ၁ ရက်မှ ၄ ရက် အထိ ကျင်းပခဲ့ပြီးပြိုင်ပွဲအမျိုးအစား လေးမျိုးထည့်သွင်းကျင်းပရာ မြန်မာပိုက်ကျော်ခြင်းအသင်းသည် ယင်းလေးမျိုးစလုံးဆုတံဆိပ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ ဆုရရှိရာတွင် မြန်မာပိုက်ကျော်ခြင်းအသင်းသည် အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု၊ အမျိုးသမီးလေးယောက်တွဲ ပြိုင်ပွဲတွင်ကြေးတံဆိပ်ဆုရရှိခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
▪️ ထို့အပြင် အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းကရွှေတံဆိပ်ဆု ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အုပ်စုအဆင့်တွင် အိမ်ရှင်တရုတ်အသင်းကို နှစ်ပွဲပြတ်၊ မလေးရှားအသင်းကို နှစ်ပွဲပြတ်အနိုင် ရရှိကာ အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့သည်။
▪️ ဆီမီးဖိုင်နယ်တွင် လာအိုအသင်းကို နှစ်ပွဲပြတ်အနိုင်ရပြီး ဗိုလ်လုပွဲတွင် မလေးရှားအသင်းနှင့် ပြန်လည်တွေ့ဆုံရာ ၂-၁ ပွဲဖြင့် ထပ်မံအနိုင်ယူပြီး ရွှေတံဆိပ်ဆုရခဲ့ခြင်းဖြစ်သည်။လေးယောက်တွဲ အမျိုးသားပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စုပွဲစဉ်၌ မလေးရှားအသင်းကို နှစ်ပွဲပြတ်၊ ဗီယက်နမ်အသင်းကို ၂-၁ ပွဲဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။
▪️ ဆီမီးဖိုင်နယ် တွင်အိမ်ရှင် တရုတ်အသင်းကို ၁၅-၁၁ မှတ်၊ ၁၅-၅ မှတ်ဖြင့် နှစ်ပွဲ ပြတ်အနိုင်ရရှိပြီးဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်းနှင့်ပြန်လည် တွေ့ဆုံခဲ့ရာ မြန်မာအသင်းသည် ပထမပွဲငယ်တွင် ၁၃-၁၅ မှတ်ဖြင့် အရေးနိမ့်သော် လည်း ဒုတိယပွဲငယ်တွင် ၁၅-၁၂ မှတ်၊ တတိယပွဲငယ်တွင် ၁၅-၁၀ မှတ်ဖြင့် ပြန်လည်အနိုင်ရရှိကာရွှေတံဆိပ်ဆုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 5 June 2025
▪️ မြေနီကုန်းဂုံးတံတားအပေါ်လူတစ်ဦးအားကားတစ်စီးမှတိုက်ပြေးမှုတစ်ခု ယမန်နေ့ ညပိုင်းက ဖြစ်ပွါးခဲ့ကြောင်း သိရသည်။
▪️ ဇွန်လ ၄ရက်နေ့ ည၉နာရီ ၄၅မိနစ်အချိန်ခန့်က စမ်းချောင်းမြို့နယ် ပြည်လမ်း မြေနီကုန်းဂုံးတံတားပေါ်တွင် လူတစ်ဦးအား ကားတစ်စီးမှတိုက်ပြေးမှုဖြစ်ပွါးခဲ့ခြင်းကြောင့် အခင်းဖြစ်ပွားရာနေရာသို့ အနာဂတ်အလင်းတန်းပရဟိတအသင်းမှအရေးပေါ်လူနာတင်ယာဉ်တစ်စီးထွက်ခွါ၍ကူညီ လူနာအားလိုအပ်သည့်မြေပြင်ကုသမှုများပြုလုပ်ပေး၍ကူညီပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ လူနာအား အခင်းဖြစ်ပွါးရာသို့ ကနဦးရောက်ရှိနေသည့်ပြည်သူ့+လူရွှင်တော်ပရဟိတအသင်းလူနာတင်ယာဉ်ဖြင့်ရန်ကုန်ဆေးရုံကြီးသို့ဆက်လက်၍ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Crd - အနာဂတ်အလင်းတန်းပရဟိတအသင်း
#YMG/SW #Yangon_Times
Page 397 of 2399