#Local_News
Published 5 June 2025

▪️ တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးနေသည့် တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌  မြန်မာပိုက်ကျော်ခြင်းအသင်းမှ ရွှေနှင့်ကြေးတံဆိပ်နှစ်ခုစီ  စုစုပေါင်း ဆု လေးဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ ပြိုင်ပွဲကို ဇွန် ၁ ရက်မှ ၄ ရက် အထိ ကျင်းပခဲ့ပြီးပြိုင်ပွဲအမျိုးအစား လေးမျိုးထည့်သွင်းကျင်းပရာ မြန်မာပိုက်ကျော်ခြင်းအသင်းသည် ယင်းလေးမျိုးစလုံးဆုတံဆိပ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

▪️ ထိုသို့ ဆုရရှိရာတွင် မြန်မာပိုက်ကျော်ခြင်းအသင်းသည် အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု၊ အမျိုးသမီးလေးယောက်တွဲ ပြိုင်ပွဲတွင်ကြေးတံဆိပ်ဆုရရှိခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

▪️ ထို့အပြင် အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းကရွှေတံဆိပ်ဆု ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အုပ်စုအဆင့်တွင် အိမ်ရှင်တရုတ်အသင်းကို နှစ်ပွဲပြတ်၊ မလေးရှားအသင်းကို နှစ်ပွဲပြတ်အနိုင် ရရှိကာ အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့သည်။

▪️ ဆီမီးဖိုင်နယ်တွင် လာအိုအသင်းကို နှစ်ပွဲပြတ်အနိုင်ရပြီး ဗိုလ်လုပွဲတွင် မလေးရှားအသင်းနှင့် ပြန်လည်တွေ့ဆုံရာ ၂-၁ ပွဲဖြင့် ထပ်မံအနိုင်ယူပြီး ရွှေတံဆိပ်ဆုရခဲ့ခြင်းဖြစ်သည်။လေးယောက်တွဲ အမျိုးသားပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စုပွဲစဉ်၌ မလေးရှားအသင်းကို နှစ်ပွဲပြတ်၊ ဗီယက်နမ်အသင်းကို ၂-၁ ပွဲဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။

▪️ ဆီမီးဖိုင်နယ် တွင်အိမ်ရှင် တရုတ်အသင်းကို ၁၅-၁၁ မှတ်၊ ၁၅-၅ မှတ်ဖြင့် နှစ်ပွဲ ပြတ်အနိုင်ရရှိပြီးဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်းနှင့်ပြန်လည် တွေ့ဆုံခဲ့ရာ   မြန်မာအသင်းသည် ပထမပွဲငယ်တွင် ၁၃-၁၅ မှတ်ဖြင့် အရေးနိမ့်သော် လည်း ဒုတိယပွဲငယ်တွင် ၁၅-၁၂ မှတ်၊ တတိယပွဲငယ်တွင် ၁၅-၁၀ မှတ်ဖြင့် ပြန်လည်အနိုင်ရရှိကာရွှေတံဆိပ်ဆုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times