ရန်ကုန်တိုင်းကိုယ်စားပြုမြန်မာ့သိုင်းလက်ရွေးစင်တွေ ရွေးချယ်ဖို့ ၂၀၂၅ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲကို ရန်ကုန်မြို့မှာသုံးရက်ကြာ ကျင်းပပြုလုပ်နေရာ သိုင်းအားကစားသမား ၃၆၀ကျော် ဝင်ရောက် ယှဉ်ပြိင်နေတယ်လို့
မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းသိုင်းဆပ်ကော်မတီက သိရပါတယ်။
#Local_News
Published 16 June 2025
#သိုင်းလက်ရွေးစင်ရွေးချယ်ပြိုင်ပွဲ #သိုင်းသမား၃၆၀ကျော်ဝင်ရောက်ယှဉ်ပြိုင်
#YMG/NN #Yangon_Times
#Local_News
Published 16 June 2025
▪️ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၌ ယခုမနက်အစောပိုင်း လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ်များပျက်စီးခဲ့ကြောင်း သိရသည်။
▪️ ဇွန်၁၆ ရက်နေ့၊ မနက်၇နာရီ ၂မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ်များပျက်စီးမှုဖြစ်ပွားကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းအပါအဝင်တိုင်းနှင့်ပြည်နယ် အချို့၌လည်း ယနေ့ညပိုင်းအထိခန့်မှန်းချက်အရနေရာကွက်၍ မိုးကြီးနိုင်သည့်အပြင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေ ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ယနေ့ မနက်ပိုင်းက
အကြံပြုထားသည်။
#YMG/NN #Yangon_Times
ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းရာမှအားအလွန်ကောင်းနေခြင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်၊ အနောက်ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်တို့ကြောင့် ဇွန် ၁၅ ရက်ညနေမှ ဇွန် ၁၉ ရက်အတွင်း တိုင်းေဒသကြီးနဲ့ ပြည်နယ်အနှံ့မှာ မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက အထူးမိုးလေဝသသတင်းတစ်ရပ်အနေနဲ့သတိပေးထားပါတယ်။
#Local_News
Published 16 June 2025
#တိုင်းနှင့်ပြည်နယ်အနှံ့ #မိုးသည်းထန်စွာရွာသွန်းနိုင်
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ် နှစ်လတာအတွင်း နေလှန်းဆား ပိဿာချိန်တစ်သိန်းကျော် ကို ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို
တင်ပို့ရောင်းချခဲ့တယ်လို့ နေလှမ်းဆားထုတ်လုပ်ငန်းလုပ်ကိုင်သူတွေ ဆီကသိရပါတယ်။
#Local_News
Published 16 June 2025
#နေလှမ်းဆားထုတ်လုပ်ငန်း #ငပုတောမြို့နယ်
#YMG/NN #Yangon_Times
ယခု၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာပြည်ပသို့ဆန်၊ ဆန်ကွဲ တန်ချိန်စုစုပေါင်း ၃ သန်း တင်ပို့ဖို့ လျာထားပြီး လက်ရှိဘဏ္ဍာနှစ်စောပိုင်းကာလမှာ တန်ချိန်ေလးသိန်းကျော် တင်ပို့ထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
#Local_News
Published 16 June 2025
#ဆန်၊ဆန်ကွဲ #ပြည်ပသို့တင်ပို့
#YMG/SW #Yangon_Times
#Local_News
Published 16 June 2025
▪️ ရေပြင် ရှာဖွေ/ကယ်ဆယ်ရေး စပိဘုတ် အသုံးပြု/မောင်းနှင်ရေးသင်တန်းမှ သင်တန်းသားများသည်ဒုဌဝတီမြစ်ရေပြင်၊ ကန်တော်ကြီးရေပြင် ရေသေများ၌Jet Ski မောင်းနှင်ခြင်းများကို လက်တွေ့ မောင်းနှင်ခြင်းများကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ)မှ သိရသည်။
▪️ ရေကြီး/ရေလျှံမှုဖြစ်စဉ်များ တွင် ရှာဖွေကယ်ဆယ်ရေး Speed Boat များ ဖြင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အား ပူးပေါင်းဆောင်ရွက် နိုင်စေရန် နှင့် စနစ်ကျပြီး စွမ်းရည်မြင့်မားသော ရေပြင် ရှာဖွေကယ်ဆယ်ရေးသမားများ မွေးထုတ်ပေးရန် ရည်ရွယ်ကာ ရေပြင်ရှာဖွေကယ်ဆယ်ရေးသုံး Speed Boat အသုံးပြု/မောင်းနှင်ခြင်း သင်တန်း (၂/၂၀၂၅) ကို ဇွန်၁၁ရက်မှ ၁၅ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
▪️ ထို့ကြောင့် ဇွန်လ ၁၅ ရက်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ရာ သင်တန်းနောက်ဆုံးနေ့သင်ခန်းစာများအဖြစ် သင်တန်းသားများသည်
ဒုဌဝတီမြစ်ရေပြင်တွင် ကန်တော်ကြီးရေပြင် ရေသေ၌ သင်ကြားမှုများကို ရေရှင်တွင် လက်တွေ့ လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ပြီး Jet Ski မောင်းနှင်ခြင်းများကိုလည်း လက်တွေ့ မောင်းနှင်ခဲ့ကြခြင်းဖြစ်သည်။
▪️ ယခုရှာဖွေကယ်ဆယ်ရေးသုံး Speed Boat အသုံးပြု /မောင်းနှင်ခြင်း သင်တန်းကို KBZ Foundation (KBZ Center - Mandalay) မှ အဓိက ကူညီပံ့ပိုးလှူဒါန်းပေးခဲ့ခြင်းဖြစ်ကာ သင်တန်းဆင်းပွဲအခမ်းအနားကို KBZ Center - Mandalay တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးလှိုင်မင်းဦးမှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး အမှတ်တရဓါတ်ပုံများ စုပေါင်းရိုက်ကူးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 16 June 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေကြေး ဈေးကွက် (FX Trading Platform)မှ တဆင့်အမေရိကန်ဒေါ်လာ ၁၀ သန်း ထုတ်ရောင်းပေးမည်ဖြစ်ကြောင်း ယနေ့အသိပေးထုတ်ပြန်ထားသည်။
▪️ ထိုသို့ရောင်းချမှုကို ရက်သတ္တပတ်အတွင်း ထုတ်ရောင်းပေးမည်ဖြစ်ပြီး ထုတ်ရောင်း ပေးမည့် ငွေပမာဏအတွက် ရည်ညွှန်းငွေလဲနှုန်းကိုမှု သီးခြားဖော်ပြထားတာမျိုး မရှိသည်ကို တွေ့ရှိရသည်။
▪️ လက်ရှိတွင် ဗဟိုဘဏ်အနေဖြင့် FX Trading Platform ၌ အမေရိကန်တစ်ဒေါ်လာကို ငွေလဲနှုန်းကို ၃၆၁၅ ကျပ် ဖြင့် သတ်မှတ်ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။
▪️ ဗဟိုဘဏ်သည် ပြီးခဲ့သည့်ရက်ပိုင်းကလည်း စက်သုံးဆီလုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်များကို ထုတ်ရောင်းပေးထားခဲ့သေးသည်။
#YMG/SW #Yangon_Times
Page 385 of 2399