ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း(၁၀) ဦးအထက် ခန့်အပ်လိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ခွင့်ပြုမိန့်လျှောက်ထားရမယ်လို့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅)မှ သိရပါတယ်။
#Local_News
Published 20 June 2025
#ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း #ကုမ္ပဏီများခွင့်ပြုမိန့်လျှောက်ထားရ
#YMG/SW #Yangon_Times
ရန်ကုန်မြို့ရှိ ဘုရင့်နောင် ကုန်စည်ဝန်းကနေ နယ်ဒေသတွေကိုနေ့စဉ်ကုန်တင်ယာဉ် ၄၅၀ခန့်နဲ့ ကုန်မျိုးစုံတင်ပို့နေတယ်လို့ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 20 June 2025
#ကုန်မျိုးစုံတင်ပို့နေ #ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း
#YMG/NN #Yangon_Times
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းလိုင်စင်တွေကိုရန်ကုန်အပါအဝင်မြို့၅မြို့မှာ လျှောက်ထားနိုင်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 20 June 2025
#ကျောက်မျက်ရတနာရောင်းဝယ်ရေးလိုင်စင် #လျှောက်ထားနိုင်
#YMG/NN #Yangon_Times
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့အမှိုက်အမျိုးအစားများ ခွဲခြားစွန့်ပစ်ရေး လုပ်ဆောင်ရာမှာ Shopping Mall တွေ အဆင့်မြင့်အရောင်းဆိုင်ကြီးတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 20 June 2025
#အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ရေး #Shopping_Mall
#YMG/SW #Yangon_Times
#Local_News
Published 20 June 2025
▪️ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့၌ ကျောင်းသား/ ကျောင်းသူ ၆၂၇၈၉ ဦးလာရောက်ဖြေဆိုကြကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများသည် ဇွန် ၁၆ ရက်မှစတင်၍ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာန ၁၉၅ ခု၌ ဝင်ရောက်ဖြေဆိုနေခြင်းဖြစ်သည်။
▪️ ထိုသို့ဖြေဆိုကြရာတွင် ယမန်နေ့ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ ၆၂၇၈၉ ဦး (ဖြေဆိုရာခိုင်နှုန်း ၉၈.၆၁ ရာခိုင်နှုန်း) ရှိကြောင်း သိရသည်။
▪️ ထိုသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး ကျောင်းသား/ ကျောင်းသူများနှင့် လိုက်ပါပို့ဆောင်ပေးသည့် မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် စာမေးပွဲများ ပြန်လည်ကျင်းပနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာမေးပွဲများ ကျင်းပနေသည့် မြို့နယ်များအလိုက် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားလိုအပ်သည်များကို စနစ်တကျ စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 20 June 2025
▪️ တောင်ငူမြို့ရှိ ခပေါင်းချောင်းရေတိုး၍ နေအိမ်အချို့သို့ ရေတိုးဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။
▪️ 'တောင်ငူ၊ စစ်တောင်းမြစ်၊ ခပေါင်းချောင်းရေ ည12နာရီဝန်းကျင်မှာ တစ်ဟုန်ဒိုးတိုးလာပါတယ်၊ ၁နာရီ ကျော်လောက်မှာလည်း ခပေါင်းချောင်းဘေးအိမ်က အိမ်သာ ထိရောက်လာတယ်၊ နောက်အိမ်သာပြိုပြီး ရေစီးနဲ့မျှော ပါသွားပါတယ်၊ အခုမနက် အစောပိုင်းမှာလည်း ခပေါင်းချောင်းရေကမ်းနဲ့အညီရေတိုးနေပါတယ်၊ ချောင်းဘေးအနိမ့်ပိုင်းခြံများ ရေတွေရောက်လာတယ် ကင်းဆိပ်အနောက်ပိုင်းကတ္တရာလမ်းပေါ်ရေအနည်းငယ်ကျော်နေပါတယ်'ဟု ဒေသခံတစ်ဦးက ပြောသည်။
▪️ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက် ၆နာရီခွဲအချိန်တိုင်းထွာချက်များချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ၃၈၈ စင်တီမီတာ ရှိပြီး ၂၄နာရီအတွင်း ၁၀စင်တီမီတာအထိပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထိရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
၁၉ ဇွန် ၂၀၂၅
ရွေးကောက်ပွဲများကျင်းပရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သည့်အနေဖြင့် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေ၄၀/၂၀၂၅ ဖြင့် ယနေ့ ဇွန်၁၉ ရက်နေ့မှာ ထုတ်ပြန်ပြဋ္ဌာန်းလိုက်ပါတယ်။
အဆိုပါဥပဒေအရ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့် ဖွဲ့စည်းရေးဆိုင်ရာ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၄ကို ပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။
ပြင်ဆင်လိုက်သည့် ပုဒ်မ ၁၄သည်
“၁၄။ ကော်မရှင်သည် ပုဒ်မ ၁၀ ပုဒ်မခွဲ(ဂ)အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်း ရာတွင် အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့် ဖြစ်စေ အနည်းဆုံး ၃ ဦး ဖြင့် ဖွဲ့စည်းရမည်။ ယင်းပုဂ္ဂိုလ်များအနက် သင့်လျော်သူတစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရမည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူး အဖြစ် တာဝန်ပေးအပ်ရမည်။"ဟူ၍ဖြစ်ပါတယ်။
ယခင်ပုဒ်မ ၁၄မှာ-
“ ၁၄။ ကော်မရှင်သည် ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဂ)အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူ ပုဂ္ဂိုလ်အနည်းဆုံး ၃ ဦးဖြင့် ဖွဲ့စည်းရမည်။ ယင်းအဖွဲ့ဝင် များထဲမှတစ်ဦးကို ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ် ရမည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူးအဖြစ် တာဝန် ပေးအပ်ရမည်။ လိုအပ်လျှင် နိုင်ငံ့ဝန်ထမ်းများကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်း ဖွဲ့စည်းနိုင်သည်။” ဟူ၍ဖြစ်ပါတယ်။
ယခင် ပုဒ်မ၁၄ အရ လိုအပ်မှသာ နိုင်ငံ့ဝန်ထမ်းများကို ကော်မရှင်အဖွဲ့ဝင်များအဖြစ် ထည့်သွင်း ဖွဲ့စည်း နိုင်သော်လည်း ပြင်ဆင်လိုက်သည့် ပုဒ်မ ၁၄ အရ ကော်မရှင်အဆင့်ဆင့်ကို အများယုံကြည် လေးစား ရသူများနှင့်ဖြစ်စေ နိုင်ငံ့ဝန်ထမ်းများနှင့်ဖြစ်စေ ဖွဲ့စည်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ယင်းအတွက် ကော်မရှင်များကို နိုင်ငံ့ဝန်ထမ်းများနှင့်သာဖွဲ့စည်းသင့်ပါက ဖွဲ့စည်းနိုင်ခွင့်ရှိမယ်လို့ အဓိပ္ပါယ် သက် ရောက်မှာဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ၂၀၁၅ခုနှစ် ဇူလိုင် ၁၄ ရက်နေ့တွင် ပထမဆုံးအကြိမ် ပြင်ဆင်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ယခင် ဒီမိုကရေစီ အစိုးရ ခေတ်များ၌ ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ယခုတတိယအကြိမ်ပြင်ဆင်ခြင်းကို နစက အစိုးရခေတ်တွင် ပြင်ဆင်လိုက်ခြင်းဖြစ်ပါတယ်။
#ymg/knl
Page 380 of 2399