#Local_News
Published 23 June 2025
▪️ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ်အဖြစ်ကျင်းပခဲ့သည့် MEF Cup အပြည်ပြည်ဆိုင်ရာ မြင်းစီးအားကစားပြိုင်ပွဲမှ ဆုရရှိသူများကို ဆုတံဆိပ်များချီးမြှင့်ခဲ့ကြောင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ သိရသည်။
▪️ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သည် ဇွန် ၂၁ရက်က ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၊မြင်းစီးအားကစားကွင်းတွင် ၂၀၂၅ခုနှစ်၊အပြည် ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် MEF Cup အပြည်ပြည်ဆိုင်ရာ မြင်းစီးအားကစားပြိုင်ပွဲများကျင်းပခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ ပြိုင်ပွဲများတွင် လူသစ်တန်း တန်းခုန်ပြိုင်ပွဲ၊အသက် (၁၈)နှစ်အောက်တန်းခုန်ပြိုင်ပွဲ၊အလွတ်တန်း တန်းခုန် ပြိုင်ပွဲနှင့် မြင်းအလှစီး(Dressage)ပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ရာ ပြိုင်ပွဲများအနက် လူသစ်တန်း တန်းခုန်ပြိုင်ပွဲ၌ အားက စားသမားဝင်းထွန်းနိုင်က မြင်းအမည် စိန်မိုးမေနှင့်ပထမ၊ အားကစားသမားဇော်ညီညီက မြင်းအမည် Merryနှင့် ဒုတိယ၊အားကစားသမားဇင်မောင်က မြင်းအမည်မဟာထွန်းနှင့်တတိယ၊ အသက်(၁၈)နှစ်အောက် တန်းခုန်ပြိုင်ပွဲတွင် အားကစားသမား ကျော်တိုးလင်းက မြင်းအမည်တော်ဝင်ထွန်းနှင့်ပထမ၊ အားကစားသမားဖြိုးကျော်မြင့်သန်းက မြင်းအမည်Stella နှင့် ဒုတိယ၊ အားကစားသမားရဲပိုင်ဦးကမြင်းအမည်ဒေါ်လီနှင့်တတိယ၊ အလွတ်တန်းပြိုင်ပွဲတွင် အားကစားသမားသန်းထက် လင်းက မြင်းအမည် Angelနှင့် ပထမ၊ အားကစားသမားအောင် ကိုကိုခန့်က မြင်းအမည် K3 နှင့် ဒုတိယ၊အားကစားသမားသန်းတိုးအောင်က မြင်းအမည်တောသူမနှင့် တတိယ၊ အလှစီးပြိုင်ပွဲတွင်အားကစားသမားကောင်း မြတ်သူက မြင်းအမည်စိန်နီပွင့်နှင့် ပထမ၊အားကစားသမားဖြိုးကျော်မြင့်သန်းက အမြင်းအမည်စိန်ရဲလင်းနှင့် ဒုတိယ၊အားကစားသမားရွှန်းလဲ့ဖူးလှိင်က မြင်းအမည် Ravenna နှင့် တတိယ အသီးသီး ဆုများဆွတ်ခူးရရှိခဲ့ ကြောင်း သိရသည်။
▪️ ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဦးပြုံးမောင်မောင်နှင့်တကွ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များ၊နည်းပြများ၊အနုပညာရှင်များနှင့် မြင်းစီးအားကစားဝါသနာရှင်ဧည့်ပရိသတ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲများပြီးဆုံးချိန်တွင် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာအဖွဲ့ချုပ်ဥက္ကဋ္ဌဦးပြုံးမောင် မောင်နှင့်တကွ တာဝန်ရှိသူများက ဆုရအားကစားသမားများအားဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ရာ ညနေ ၃နာရီတွင် ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 23 June 2025
▪️ ယနေ့ နံနက်အစောပိုင်းက ပြည်မြို့အနီး အင်အားအနည်းငယ်ရှိသောမြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သိရသည်။
▪️ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဇွန်လ ၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၃၂)မိနစ်၊ (၃၃)စက္ကန့် အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ အနောက်ဘက် (၇၃) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ပြည်မြို့၏ အရှေ့ဘက် (၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၈.၈၀) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၅.၃၄) ဒီဂရီ၊ အနက် (၁၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်ဟု ထုတ်ပြန်ထားသည်။
▪️ မန္တလေးမြေငလျင်ကြီးအပြီး အင်အားအနည်းငယ်မှ အင်အားအသင့်အတင့်ရှိ နောက်ဆက်တွဲမြေငလျင်များ လှုပ်ခတ်လျှက်ရှိရာ အကြိမ်ရေ နှစ်ရာနီးပါးရှိလာပြီဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 21 June 2025
၁။ ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိပြီး အရန်ဆီများလည်း နှစ်ပတ်စာခန့်ရှိနေ
၂။ ခပေါင်းချောင်းရေမြင့်တက်၍ ဒေသခံ ၇၀၀ ခန့်ရွေ့ပြောင်းနေရ
၃။ အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အခမ်းအနားများကို ရန်ကုန်နှင့်နေပြည်တော်တွင် ပြုလုပ်
၄။ အမေရိကန်ကုန်သွယ်ခွန်ပေါ်လစီများကြောင့် ဂျပန်မှတင်ပို့ကုန်များနှစ်လဆက်တိုက်ကျဆင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 21 June 2025
▪️ ဒေသတွင်း ငါးစားသုံးမှုဖူလုံရေးအတွက် (၁)ဧကလျှင် ငါးသားပေါက်ကောင်ရေ (၁၀၀၀)နှုန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရာဂီမုန်တိုင်းကြောင့် ရှမ်းပြည်နယ် အတွင်း ပျက်စီးဆုံးရှုံးသွားသည့် ငါးမွေးကန်များအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ညောင်ရွှေမြို့နယ်နှင့် တောင်ကြီးမြို့နယ်ရှိ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားမှ သိရသည်။
▪️ အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ငါးမွေးတောင်သူများကို ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းဖြင့် တောင်သူများအနေဖြင့် ငါးမွေးမြူခြင်းလုပ်ငန်းများကို အရှိန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ပြီး ဒေသတွင်းငါးစားသုံးမှုနှင့် ငါးထုတ်လုပ်မှုများကို ဆက်လက်ထိန်းသိမ်းပေးကြရန်၊ ရှမ်းပြည်နယ်ရာသီဥတုသည် အေးမြခြောက်သွေ့သောရာသီဥတုဖြစ်ပြီး ငါးမွေးကန်နည်းပါးသည့်အတွက် ဒေသအတွင်း ငါးဖူလုံမှုမှာ (၁၄) ရာခိုင်နှုန်းခန့်သာရှိပါကြောင်း၊ ငါးစားသုံးမှုဖူလုံရေးအတွက် ငါးမွေးမြူရေးလုပ်ငန်းကိုအားစိုက်၍ စနစ်တကျမွေးမြူ ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
▪️ ရာဂီမုန်တိုင်းနောက်ဆက်တွဲ ရေကြီးမှုကြောင့် ရှမ်းပြည်နယ်တွင် ငါးမွေးကန် စုစုပေါင်း (၁၈၃၄.၆၈)ဧက ရှိသည့်အနက် ငါးမွေးကန် (၁၀၆၁.၀၇)ဧကသည် ရေကြီး နစ်မြုပ်ခဲ့ပြီးရေကြီးနစ်မြုပ်ခဲ့သော ငါးကန်များအတွက် အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ (၁)ဧကလျှင် ငါးသားပေါက်ကောင်ရေ (၁၀၀၀)နှုန်းဖြင့် ငါးသားပေါက်များအား ဒေသစျေးနှုန်းဖြင့် ဝယ်ယူထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်း အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးအတွက် ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်တွင် ငါးမွေးတောင်သူ (၆၅)ဦး၊ (၅၈၆.၀၈)ဧကအတွက် ငါးသားပေါက်ကောင်ရေ (၅၈၆၀၈၀)နှင့် တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ ငါးမွေးတောင်သူ (၈)ဦး (၂၀.၃၆) ဧကအတွက် ငါးသားပေါက်ကောင်ရေ (၂၀၂၆၀)အား ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့ တစ်ပတ်က တက်ရိပ်ပြလာတဲ့ ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းတွေ အခုတစ်ပတ်မှာလည်း တစ်လီတာကို ၉၀ကျပ်ကနေ ၁၁၅ကျပ်အတွင်း ဆက်လက်မြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီကနေ သိရပါတယ်။
#Local_News
Published 21 June 2025
#စက်သုံးဆီဈေးတက် #စက်သုံးဆီတင်သွင်း
#YMG/NN #Yangon_Times
မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ ကြီးမှူးကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အထိမ်းအမှတ်အခမ်းအနားများကို ရန်ကုန်နဲ့နေပြည်တော်တို့မှာ ယနေ့ (ဇွန် ၂၁)က ပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 21 June 2025
#အပြည်ပြည်ဆိုင်ရာယောဂနေ့ #မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံး
#YMG/SW #Yangon_Times
တောင်ငူမြို့ရှိ ခပေါင်းချောင်းရေမြင့်တက်မှုကြောင့် ဒေသခံ ၇၀၀ကျော်ရွေ့ပြောင်းနေရပြီး ထမင်းထုပ်လှူဒါန်းတာနဲ့ ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်ပေးနေတယ်လို့ တောင်ငူမြို့အခြေစိုက်ပရဟိတအသင်းတစ်ခုဖြစ်တဲ့ Save The Trees Rescue Team ကသိရပါတယ်။
#Local_News
Published 21 June 2025
#တောင်ငူမြို့ #ခပေါင်းချောင်းရေမြင့်တက်
#YMG/NN #Yangon_Times
Page 378 of 2399