#Daily_News
Published 26 June 2025
၁။ စိုက်ပျိုးရေးဘေးထွက်ပစ္စည်း စပါးခွံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေ
၂။ မြန်မာ-ချုံချင့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များ အပြန်အလှန် တင်ပို့မှုမြှင့်တင်ရေးဆွေးနွေး
၃။ အားကောင်းသည့် မုတ်သုံလေအရှိန်ကြောင့် မိုးကြီးနိုင်
၄။ အီရန်မှထွက်ပြေးလာသည့်စစ်ဘေးရှောင်များ တူရကီနယ်စပ်မြို့၌ပြန်လည်ပေါင်းစည်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 26 June 2025
▪️ ၂၀၂၅ခုနှစ် JLPT စာမေးပွဲဖြေဆိုမည့်သူများအတွက်စည်းကမ်းချက်များ ထပ်မံတိုးမြင့်လိုက်ကြောင်းJLPT စာမေးပွဲကျင်းပရေးကော်မတီ၊မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းမှ သိရသည်။
▪️ ၂၀၂၅ ခုနှစ် JLPT စာမေးပွဲမှစတင်၍ ကျောင်းပရဝုဏ်အတွင်း စာမေးပွဲချိန်နှင့် အနားပေးချိန်များအပါအဝင် စာမေးပွဲပြီးဆုံးသည်အထိ လက်ကိုင်ဖုန်းများ နှင့် အခြားဓာတ်ပုံရိုက်ကူးနိုင်ပြီး ဆက်သွယ်ရေးလုပ်ငန်းများ ပါဝင်သည့်ကိရိယာများအားလုံးကို သုံးစွဲခွင့်မပြုကြောင်း၊ စာမေးပွဲခန်းအတွင်း သို့မဟုတ် အနားပေးချိန်များအတွင်း လက်ကိုင်ဖုန်းကို အသုံးပြုသည့် စာမေးပွဲဖြေဆိုသူများရှိပါက မသမာသူ (Misconduct)အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း၊
▪️ မဖြစ်မနေလက်ကိုင်ဖုန်းကိုအရေးပေါ်သုံးစွဲရန်လိုအပ်လာပါက အခန်းစောင့်ဆရာ/ဆရာမထံသို့ အကြောင်းကြား ရမည်ဖြစ်ပြီး စာဖြေဌာနခေါင်းဆောင်၏ခွင့်ပြုချက်ရရှိမှသာ ရုံးခန်းအတွင်းသွားရောက်အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။
▪️ ယခုနှစ်မှစတင်ပြောင်းလဲလာသော စည်းကမ်းချက်အရ တယ်လီဖုန်းယူဆောင်လာခြင်းကြောင့် မသမာသူ (Misconduct) ဖြစ်နိုင်ချေနှုန်း မြင့်မားပါသဖြင့် ယူဆောင်လာခြင်းမပြုရန် အထူးတိုက်တွန်းကြောင်း၊
မဖြစ်မနေ ယူဆောင်လာရမည်ဆိုပါက လည်း သတ်မှတ်ထားသည့်အတိုင်းလုပ်ဆောင်ရန်လိုအပ်ကြောင်း အသိပေးထားသည်။
▪️ စည်းကမ်းချက်အသစ်ကြေငြာချက်များအား JLPT Official Website တွင်လည်းလေ့လာနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ပြည်တွင်း စားသုံးဆီဖူလုံရေးနဲ့မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ ထွက်ရှိမှု တိုးတက်ရေးအတွက် အထူးဇုန် ၂ ဇုန် သတ်မှတ်ကာ ဆီထွက်သီးနှံများစိုက်ပျိုးသွားမှာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 26 June 2025
#အထူးဇုန်နှစ်ခုသတ်မှတ် #ဆီထွက်သီးနှံများစိုက်ပျိုး
#YMG/SW #Yangon_Times
အားကောင်းတဲ့ အနောက်တောင် မုတ်သုံလေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဒေသအချို့မှာ မိုးများနိုင်တယ်လို့
သိရပါတယ်။
#Local_News
Published 26 June 2025
#အားကောင်းသည့်မုတ်သုံလေ #ဒေသအချို့မိုးများနိုင်
#YMG/NN #Yangon_Times
ယမန်နေ့က ချုံချင့်မြူနီစီပယ်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေး စကားဝိုင်းဆွေးနွေးပွဲသို့ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းတက်ရောက် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ၊ချုံချင့်မြို့အကြား စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်တွေ အပြန်အလှန်တင်ပို့မှုမြှင့်တင်နိုင်ရေးဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 26 June 2025
#ချုံချင့်မြူနီစီပယ်မြို့ #အပြန်အလှန်တင်ပို့မှုမြှင့်တင်ရေးဆွေးနွေး
#YMG/SW #Yangon_Times
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှာ စိုက်ပျိုးရေးဘေးထွက် ပစ္စည်းစပါးခွံကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေတယ်လို့
သိရပါတယ်။
#Local_News
Published 26 June 2025
#စပါးခွံကနေလျှပ်စစ်ဓာတ်အားထုတ်လုပ်ပေး #စိုက်ပျိုးရေးဘေးထွက်ပစ္စည်း
#YMG/NN #Yangon_Times
#Local_News
Published 26 June 2025
▪️ လာမည့် ဝါဆိုလပြည့်နေ့မှစတင်၍ ဝါတွင်းကာလအတွင်းလေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဗိုလ်တစ်ထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် တရားပွဲ ၊ သီလခံယူပွဲ နှင့် ဗုဒ္ဓပူဇနိယပွဲတော်များကျင်းသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ကျင်းပရာတွင် ဇူလိုင်လ ၉ ရက်(၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့) တွင် ဓမ္မစကြာအခါတော်နေ့အခမ်းအနားနှင့် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနား၊ ဩဂုတ်လ ၈ ရက် (ဝါခေါင်လပြည့်နေ့) မေတ္တာအခါတော်နေ့အခမ်းအနားနှင့် ပန်းပေါင်း ၈၄,၀၀၀ ပူဇော်ပွဲအခမ်းအနား၊ စက်တင်ဘာလ ၆ ရက် (တော်သလင်းလပြည့်နေ့)မှာ ဂရုဓမ္မအခါတော်နေ့အခမ်းအနား၊ အောက်တိုဘာလ ၅ ရက်(သီတင်းကျွတ်အဖိတ်နေ့) တွင် သီတင်းကျွတ်မီးထွန်းပွဲတော်အခမ်းအနား၊ အောက်တိုဘာလ ၆ ရက်(သီတင်းကျွတ်လပြည့်)မှာ အဘိဓမ္မာ အခါတော်နေ့အခမ်းအနား စသည့် အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။
▪️ အဆိုပါအခမ်းအနားများအပြင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့ အထိ လပြည့်၊ လကွယ်နှင့် ကြားရက် ဥပုသ်နေ့များတွင် ဘုရားဖူးပြည်သူများအနေဖြင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သီလခံယူဆောက်တည်နိုင်ရန် သီလခံယူပွဲများစီစဉ်ထားပြီး ရဟန်းရှင်လူ ပြည်သူအများအနေဖြင့် ပါဝင်လှူဒါန်းကုသိုလ်ပြုနိုင်ကြောင်း သိရသည်။
▪️ ထို့အတူ သဗ္ဗညုတရွှေဉာဏ်တော်ရှင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဆံတော်စစ်ရတနာ ကိန်းဝပ်တော်မူရာ ဗိုလ်တစ်ထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးမှာလည်း ဝါတွင်းကာလများမှာ အပတ်စဉ်ဥပုသ်နေ့များတွင် (၅၃) ကြိမ်မြောက်အဖြစ် တရားပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 373 of 2399