မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့တဲ့ မဟာမြတ်မုနိဘုရားကြီးနဲ့ ဘုရားကြီးဝန်းအတွင်းက သာသနိက အဆောက်အဦတွေကို ရှေးမူအတိုင်း ပြင်ဆင်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 30 June 2025
#မဟာမြတ်မုနိဘုရားကြီး #ရှေးမူအတိုင်းပြင်ဆင်သွားမယ်
#YMG/SW #Yangon_Times
လာမယ့် ဇူလိုင်လအတွင်းရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ်အစင်း၆၀ ဝင်ရောက်ဆိုက်ကပ်မယ်လို့မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရပါတယ်။
#Local_News
Published 30 June 2025
#ကုန်သေတ္တာတင်ယာဉ် #မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
#YMG/SW #Yangon_Times
#Local_News
Published 30 June 2025
▪️ ယခုဘဏ္ဍာနှစ် နှစ်လတာကာလအတွင်း ပြည်ပသို့ ပုဇွန်မက်ထရစ်တန် (၁,၀၀၀)ကျော်တင်ပို့ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနကသိရသည်။
▪️ ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ နှစ်လတာကာလအတွင်း ပြည်ပသို့ ပုဇွန်မက်ထရစ်တန် ၁၂၇၃ ဒသမ၉၃၃ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၆၆ သန်း ရရှိထားကြောင်း သိရသည်။
▪️ ထိုသို့တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်မှုမှ ပုဇွန်မက်ထရစ်တန် ၁,၁၁၅ ဒသမ ၉၅၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၁၂ သန်းရရှိခဲ့ကာ နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၁၅၇ ဒသမ ၉၈ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာသုည ဒသမ ၈၅၄ သန်းရရှိခဲ့ကြောင်း သိရသည်။
▪️ ပြည်တွင်းမှ ပုစွန်အပါအဝင် ငါးစသည့်ရေထွက်ကုန်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်မှုမှလည်းတိုက်ရိုက်တင်ပို့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 June 2025
▪️ ဘင်္ဂလားပင်လယ်အော်နှင့်ဆက်စပ် နေရာများတွင် ဖြစ်ပေါ်နေသည့်လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း၌ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ဇွန်လ ၃၀ ရက်နေ့၊ မနက် ၁၀ နာရီခွဲအချိန်ထုတ်ပြန်ချက်အရ သိရသည်။
▪️ ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် ၅ နာရီခွဲ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေတို့၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရ ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေ ကြောင်းသိရသည်။
▪️ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်များမှာနေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီးအမြင်တာ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်ရှိနိုင်ကြောင်း ၊ ရေပြင်လေမှာ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင် ရှိပြီး လှိုင်းအခြေအနေမှာ လှိုင်းကြီး၍ အမြင့် ၁၁ ပေမှ ၁၃ ပေခန့် အထိရှိနိုင်ကြောင်း သိရသည်။
▪️ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်မှာနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပြီးအမြင်တာ၃မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်ရှိနိုင်ကြောင်း၊ ရေပြင်လေမှာ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်ရှိပြီး လှိုင်းအခြေအနေမှာ လှိုင်းကြီးနိုင်ကာလှိုင်းအမြင့်မှာ ၁၁ ပေမှ ၁၃ ပေခန့်အထိရှိနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_30 June 2025
▪️ ရုရှားနိုင်ငံရှိ ဗုဒ္ဒသာသာသမိုင်းကြောင်းများ၊ ဆင်းတုတော်များနှင့် ၂၀ ရာစုနှစ် အနုပညာရှင်တို့၏ လက်ရာများကို လေ့လာခံစားနိုင်သည့် Leo Bardamov ပြတိုက်သို့ နစက ဥက္ကဌသွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
▪️ ယင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူဇနီးဒေါ်ကြူကြူလှ သည် ကောင်စီတွဲဖက်အတွင်းရေးမှူး၏ ဇနီးဒေါ်နီလာနှင့်အဖွဲ့ဝင်များ လိုက်ပါခဲ့ကြ ကြောင်း သိရသည်။
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား Buryatia ပြည်နယ် ဒုတိယအကြီးအကဲ Ms. Evgenia Yurievna Ludupova နှင့် Leo Bardamov ပြတိုက် မှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကာလိုက်လံရှင်းလင်းပြခဲ့ကြကြောင်း သိရသည်။
▪️ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှသည် Leo Bardamov ပြတိုက် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင် စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့်ပြတိုက်တာဝန်ရှိသူတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြကြောင်း သိရသည်။
▪️ အဆိုပါ Leo Bardamov ပြတိုက်သည် အူလန်အူဒယ်မြို့တွင်တည်ရှိပြီး ရှေးခေတ် ဆိုဗီယက်လူမျိုးတို့၏ ယဉ်ကျေးမှုအနုပညာလက်ရာများ၊ သမိုင်းကြောင်းများနှင့် စာပေများကိုလေ့လာနိုင်သည့်အပြင် ဗုဒ္ဒသာ သာနှင့်ပတ်သက်သည့် သမိုင်းကြောင်းများ၊ ဆင်းတုတော်များနှင့် ၂၀ ရာစုနှစ် အနုပညာရှင်တို့၏ လက်ရာများကို လေ့လာခံစားနိုင်ကြောင်း၊ နေ့စဉ် ၁၁၀၀ နာရီမှ ၁၉၀၀ နာရီအထိဖွင့်လှစ်ပြီး ပြတိုက်အတွင်း၌ စာပေယဉ်ကျေးမှု၊ ပန်းချီများ၊ အသုံးအဆောင်များစသည့် အနုပညာလက်ရာ အမျိုးအစားပေါင်း ၅,၀၀၀ ကျော်ပြသထားရှိကြောင်း သိရသည်။
#Yangon_Times/PP
#Daily_News
Published 28 June 2025
၁။ မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း၌ အသက်ဆုံးရှုံးစေနိုင်သည့် ရောဂါများကိုတိုက်ဖျက်ရန် သြစတြေးလျက ဒေါ်လာ ၃၈၆ သန်း ပံပိုးပေးမည်
၂။ သွင်းအားစုများအား သတ်မှတ်တန်ချိန်အမီ မတင်သွင်းနိုင်သည့် ကုမ္ပဏီများကို အရေးယူမည်
၃။ ဇူလိုင် ၃ရက်နေ့အထိမိုးရွာပြီး ဒေသအချို့၌ မြေပြိုခြင်းနှင့် လျှပ်တစ်ပြက်ရေကြီးခြင်းများရှိနိုင်
၄။ ဂါဇာအရေးတုံ့ပြန်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 28 June 2025
▪️ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် စက်မှုကဏ္ဍအတွက် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၆ ခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုးနှင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ပြီး အဆိုပါရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ အမေရိကန် ဒေါ်လာ ၇.၇၉၁ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၆,၇၇၃ ဦး အတွက် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
▪️ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြပြီးရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့် ပစ္စည်းနမူနာပြသထားရှိမှုများကို ကြည့်ရှုစစ်ဆေးကြကြောင်း၊ ထို့နောက်အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၀) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 369 of 2399