


#Local_News
Published 28 June 2025
▪️ အင်အားပြင်းငလျင်ကြီးလှုပ်ခတ်အပြီး (၃)လအကြာတွင် ငလျင်ဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရသော မန္တလေးတိုင်းဒေသကြီး၌ ထိခိုက်ခံစားခဲ့ရသော မိသားစုများအတွက် Mytel မှ လူနေအိမ်များဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ Mytel သည် Mini Store များကို ယာယီအိမ်များအဖြစ် ပြည်သူများအတွက် နေအိမ်အသစ်တစ်ခုဖန်တီးစီမံဆောက်လုပ်ခဲ့ပြီး ဇွန်လအစောပိုင်းရက်များ၌ ငလျင်ဘေး ဒဏ် ကြုံတွေ့ခံစားခဲ့ရသော မိသားစုများအတွက် ယာယီကယ်ဆယ်ရေးအိမ် ၃၀ ကျော်ကို Mytel ၏ (၇)နှစ်ပြည့် အထိမ်းအမှတ်နှင့်အတူ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ နေထိုင်စရာ ယာယီအိမ်များ ကူညီပံ့ပိုးပေးခြင်းအပြင် Mytel မှ ငလျင်ဒဏ်သင့် မိသားစုများအတွက် Mobile Toilet နှင့် ပန်ကာများကိုလည်း လှူဒါန်းခဲ့ပြီး မိသားစုများအတွက် မရှိမဖြစ် လိုအပ်သော ပစ္စည်းများဖြစ်သည့် Mytel T-shirt များ၊ ရေဘူးများ၊ ခွက်များ အပြင် ဆန်၊ စားသုံးဆီ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်၊ နှင့် နေ့လည်စာ ထမင်းဘူးများကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ ယခုလှုပ်ရှားမှုကို Mytel သည် မြန်မာနိုင်ငံတွင် တရားဝင်စတင်လည်ပတ်ခဲ့သည့် ၇ နှစ်ပြည့် နှစ်ပတ်လည်နေ့ မတိုင်မီ ရက်ပိုင်းအလိုတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Mytel သည် ထိရောက်စွာ စီးပွားရေးလုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီတစ်ခုဖြစ်ရုံသာမကဘဲ လူမှုအသိုင်းအဝိုင်းအတွက်၊ မြန်မာနိုင်ငံနှင့် ပြည်သူလူထု၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ ပိုမိုပျော်ရွှင်သော မြန်မာနိုင်ငံအတွက် ရပ်တည်ပေးသည့် မိုဘိုင်းလ်အော်ပရေတာ တစ်ခုဖြစ်ကြောင်း အခိုင်အမာ ပြသလိုက်ခြင်းပင် ဖြစ်ကြောင်း ၊ ငလျင်စတင်လှုပ်ခတ်ပြီး သည်နှင့်တစ်ပြိုင်နက် Mytel ဝန်ထမ်းအားလုံး အချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းခဲ့ကြပြီး ပြည်သူများအတွက်လိုအပ်သောအကူအညီများ ပေးအပ်ရုံ သာမက Mytel မှ ယခုချိန်အထိ ပြည်သူများနှင့် နိုင်ငံအပေါ် ရေရှည်တာဝန်ယူမှု ရှိသော လုပ်ငန်းတစ်ခုအဖြစ် ဆက်လက် ရပ်တည်ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်တွင် လည်း လိုအပ်နေသည့်ဒေသများ၊ လိုအပ်နေသည့် မိသားစုများအတွက် အကောင်းဆုံး ဆက်လက် ပံ့ပိုးဆောင်ရွက်သွား မည်ဖြစ်ကြောင်း Mytel မှကတိပြုခဲ့သည်။



#Daily_News
Published 27 June 2025
၁။ ကွန်တိန်နာကားငှားရမ်းခများ တိုးမြှင့်မည်
၂။ လူကုန်ကူးမှုများတွင် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသည့်အမှုအများဆုံးဖြစ်
၃။ ကျပ်သိန်းလေးသောင်းကျော် တန်ဖိုးရှိမျိုးအာလူးအအေးခန်းသိုလှောင်ရုံ တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်မည်
၄။ AI အသုံးပြုခြင်းနှင့်ပတ်သက်သည့်ဘေးအန္တရာယ်များအကြောင်း တရုတ်အင်တာနက်ကွန်ဖရင့်၌ဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေ အခုတစ်ပတ်မှာလည်း တစ်လီတာကိုကျပ် ၁၈၀ကနေ ၂၈၅ ကျပ်အတွင်း ဆက်လက်မြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ဒီကနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 27 June 2025
#စက်သုံးဆီဈေးမြင့်တက် #စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
#YMG/NN #Yangon_Times
#Local_News
Published 27 June 2025
▪️ အုတ်တွင်းမြို့နယ်မှ မွေးစားမိဘ၏ မုဒိန်းကျင့် နှိပ်စက်ခဲ့၍ ေ-သဆုံးခဲ့ရသည့် မီးငယ်လေးအမှုမှ တရားခံအား ထောင်ဒဏ် ၂၇ နှစ်နှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအပြင် ကြံရာပါဖြစ်သူကို ထောင်ဒဏ် ၂၇ နှစ်ချမှတ်လိုက်ကြောင်းSave The Trees Rescue Teamမှ သိရသည်။
▪️ အဆိုပါ အသက်ငါးနှစ်အရွယ် ကလေးငယ်၏ အမှုကို အုတ်တွင်းရဲစခန်းမှ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့က အမှုဖွင့်လှစ်စုံစမ်းစစ်ဆေးခဲ့ပြီး နောက်ကျူးလွန်သူမွေးစားမိဘနှစ်ဦးကို ချက်ချင်းဖမ်းဆီးချုပ်နှောင်ခဲ့ကာ တရားစွဲဆို ကြားနာနေစဥ် ကလေးငယ်မှာ ဒီဇင်ဘာလအတွင်း၌ ေ-သဆုံးခဲ့ရကြောင်း၊
▪️ ကလေးငယ် ေ-သဆုံးသွားသော်လည်း အမှုမှန်ပေါ်ပေါက်ရန် Save The Trees Rescue Teamမှ ဆက်လက်ကူညီဆောင်ရွက်ခဲ့ရာ ယနေ့ ဇွန်လ၂၇ရက် နေ့လယ် ၂နာရီအချိန်၌ တောင်ငူခရိုင်တရားရုံးမှ အပြီးသတ်အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ 'အမှုတည် ဆောက်ထားတဲ့ လမ်းကြောင်းအရတော့ အမြင့်ဆုံးပြစ်ဒဏ်ပေါ့နော် ၊ဒီထက် မြင့်တာလည်းမရှိဘူး၊ တစ်နှစ်နီးပါးလောက်တော့ ကျွန်တော်တို့ကြိုးစားခဲ့ရတယ်၊ လက်ရှိချမှတ်တဲ့ပြသ်ဒဏ်တွေကို ကျေနပ်ပါတယ်၊ ဘာမှတော့ ဆက်ပြောစရာတော့မရှိပါဘူး၊ ကလေးအတွက်လည်း တရားမျှတမှုရှိတယ်လို့ယူဆပါတယ်၊'ဟု လိုက်ပါကူညီဆောင်ရွက်ပေးသူ Save The Trees Rescue Team မှ ဥက္ကဌ ကိုကျော်သူရ က YMG သို့ပြောသည်။
▪️ အဆိုပါ ကွယ်လွန်သူမီးငယ်လေး(အသက်၅နှစ်) အား မုဒိန်းကျင့် နှိပ်စက် ခဲ့သောတရားခံတင်ဇော်၀င်းအား ပုဒ်မ၃၇၆(၃) အရထောင်ဒဏ်တသတ်လွတ်ရက်မရှိကျခံစေရန် ပုဒ်မ၃၂၆(၃)အရ ထောင်ဒဏ် ၂၀နှစ်( သီးခြားစီကျခံရန်)ပုဒ်မ ၃၂၅(၃)အရ ထောင်ဒဏ်၇နှစ် (သီးခြားစီကျခံစေရန်) ၊ကြံရာပါအားပေးကူညီသူတရားခံ မပိုပိုချစ်ပုဒ်မ၃၂၆(၃)အရ ထောင်ဒဏ် ၂၀နှစ် (သီးခြားစီကျခံရန်)ပုဒ်မ ၃၂၅(၃)အရ ထောင်ဒဏ်၇နှစ် (သီးခြာစီကျခံစေရန်)ကျခံစေရန် တောင်ငူခရိုင်တရားရုံးမှ အမိန့်ချမှတ်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။
▪️ မွေးစားမိဘများမှ ရေနွေးပူဖြင့်လောင်း၊ လက်သီးဖြင့်ထိုးပြီး အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့သည့် ကလေးငယ်သည် အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စုရှိ ရွာတစ်ရွာတွင် နေထိုင်သူဖြစ်ပြီး ကလေးငယ်၏ မိဘအရင်းမှာကွဲကွာနေပြီး အဘိုးအဘွားများက စောင့်ရှောက်ခဲ့ကြောင်း၊ နွမ်းပါးသူဖြစ်သောကြောင့် ကလေးငယ်ကို စောင့်ရှောက်ရန် မတတ်နိုင်သဖြင့် တစ်ရွာတည်းနေသူ တင်ဇော်ဝင်းနှင့် ဇနီးဖြစ်သူတို့က မွေးစားခဲ့ကြောင်း၊ တစ်နှစ်ခန့်အကြာတွင် ကလေးငယ်မှာ ဦးနှောက်တွင် ငှက်ဖျားပိုးဝင်သည်ဟုဆိုကာတောင်ငူဆေးရုံသို့ မွေးစားမိဘများကပို့ဆောင်ခဲ့ကြောင်း၊ ဆေးရုံမှဆင်းလာချိန်တွင် ကလေးငယ်ကိုအဘိုးဖြစ်သူက ဒဏ်ရာများနှင့် ပြန်လည်တွေ့ရှိခဲ့သည့်အတွက် Save The Trees Rescue Team သို့ဆက်သွယ်လာရာလိုက်ပါဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ကျပ်သိန်းလေးသောင်းကျော်တန်ဖိုးရှိ မျိုးအာလူးအအေးခန်းသိုလှောင်ရုံ တည်ဆောက်ရေးစီမံကိန်းကို ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်အတွင်းရှိအောင်ပန်းမြို့မှာ ဆောင်ရွက်သွားမယ်လို့ အောင်ပန်းအာလူးအစုအဖွဲ့က သိရပါတယ်။
#Local_News
Published 27 June 2025
#မျိုးအာလူးအအေးခန်းသိုလှောင်ရုံ #အောင်ပန်းအာလူးအစုအဖွဲ့က
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်းမှာ လူကုန်ကူးမှု ၆၇ မှုရှိခဲ့ပြီး တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရတဲ့အမှုကအများဆုံး ဖြစ်တယ်လို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာလုပ်ငန်းကော်မတီ အစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 27 June 2025
#တရုတ်ဇနီးမယားအဖြစ်ရောင်းစားခံရ #လူကုန်ကူးမှု
#YMG/SW #Yangon_Times
ရန်ကုန်မြို့တွင်းဆိပ်ကမ်းများနဲ့ သီလဝါဆိပ်ကမ်းတွေမှာ ပြေးဆွဲနေတဲ့ ကုန်သေတ္တာတင်မော်တော်ယာဉ်တွေရဲ့ ငှားရမ်းခနှုန်းထားတွေ ယခုလ၁၆ရက်က စတင်ပြီး တိုးမြှင့်ကောက်ခံနေတယ်လို့ သိရပါတယ်။
#Local_News
Published 27 June 2025
#ကွန်တိန်နာကားငှားရမ်းခ #တိုးမြှင့်ကောက်ခံ
#YMG/SW #Yangon_Times
Page 371 of 2399