#Local_News
Published 26 June 2025
▪️ မြန်မာ့ဒူးရင်းသီးများကို ခိုင်မာသည့် ပြည်ပဈေးကွက်အသစ် ဖော်ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ေပးသွားမည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာ့ဒူးရင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်သစ်ဖော်ထုတ်ပေးနိုင်ရေး ဖိုရမ်မှ သိရသည်။
▪️ ယခုဖိုရမ်ကိုမြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ဒူးရင်းမျိုးများမှ အနံ့အရသာကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်သော ဒူးရင်းမျိုးကို ရွေးချယ်ဖော်ထုတ်နိုင်ရန်၊ အရည်အသွေးကောင်း ဒေသမျိုးများကို ပြည်တွင်းစားသုံးသူဈေးကွက်နှင့် ပြည်ပဈေးကွက်သို့ မိတ်ဆက်ပေးနိုင်ရန်၊ ဒူးရင်းသီးနှံကို စနစ်တကျ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရန်၊ ပြည်တွင်းစားသုံးမှုသာမက သို့ အရည်အသွေးမြင့် မြန်မာပို့ကုန်တစ်ခုအဖြစ် တိုးတက်တင်ပို့ရောင်းချနိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
▪️ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မြန်မာ့ရေမြေရာသီဥတုတွင် အောင်မြင်စွာစိုက်ပျိုး ဖြစ်ထွန်းပြီး ပြည်ပဈေးကွက်အလားအလာရှိသော ဒူးရင်းသီးကို လုပ်ငန်းရှင်များနှင့် တောင်သူများ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးဖော်ထုတ်ပြီး ကဏ္ဍအလိုက်သုံးသပ်ဆွေးနွေးနိုင်ရန် ယခုဖိုရမ်ကို ကျင်းပရခြင်းဖြစ်ကြောင်း၊ အလားတူ ပြည်ပဈေးကွက်သို့ လမ်းကြောင်းအမျိုးမျိုးမှ တင်ပို့လျက်ရှိသည့် မြန်မာ့ဒူးရင်းသီးများအတွက် ခိုင်မာသော ပြည်ပဈေးကွက်အသစ် ဖော်ထုတ်ပေးနိုင်ရေးကိုလည်း ဌာနတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ အပြန်အလှန် ဆွေးနွေးဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
▪️ အဆိုပါဖိုရမ်တွင် ဒူးရင်းသီးနှံ၏ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဒေသတွင်းနိုင်ငံများ၏ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ ဒူးရင်းစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ပြည်တွင်းဈေးကွက်အခြေအနေနှင့် ပြည်ပဈေးကွက်၏ အနာဂတ်အလားအလာ၊ ဒေသတွင်းနိုင်ငံများ၏ ဈေးကွက်အခွင့်အလမ်းများ၊ မြန်မာ့ဒူးရင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်သစ်ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဒူးရင်းသီးနှံအခြေခံထုတ်ကုန်များ ထုတ်လုပ်နေမှု၊ ဒူးရင်းသီးနှံနှင့် သက်ဆိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs လုပ်ငန်းများ၏ လက်ရှိဆောင်ရွက်နေမှုနှင့် အခွင့်အလမ်းကောင်းများကို ကဏ္ဍအလိုက်ဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် စကားဝိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 26 June 2025
▪️ နေပြည်တော်_ရန်ကုန်အမြန်လမ်း၌ ရပ်ထားသည့် ခရီးသည်ယာဉ် ကို နောက်ထပ် ခရီးသည်ယာဉ်တစ်စီးကအနောက်မှ ဝင်တိုက်၍ ၁၀ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇွန်၂၆ ရက်နေ့၊ မနက်၄ နာရီ ၁၅ မိနစ်အချိန်ခန့်က နေပြည်တော်_ရန်ကုန်အမြန်လမ်းမဘက်ခြမ်း၊ မိုင်တိုင်အမှတ်(၇၀/၃-၄)အကြားတွင် SCANIA အမျိုးအစား(အနီရောင်)ခရီးသည်ယာဉ်သည် စက်ချို့ယွင်း၍ ရပ်ထားသော YUTONG အမျိုးအစား(အပြာရောင်)ခရီးသည်ယာဉ်အား အနောက်မှ ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဥသျှစ်ကုန်းအမြန်လမ်းနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ အဆိုပါ ယာဉ်တိုက်မှုကြောင့် SCANIA အမျိုးအစား(အနီရောင်)ခရီးသည်ယာဉ်ပေါ်ပါ ကျား(၅)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကလေး (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ၁၉၂ သူနာတင်ယာဉ်၊ ကြက်ခြေနီသူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 25 June 2025
၁။ ကမ္ဘာ့ရွှေဈေးတစ်ရက်ထဲဒေါ်လာ ၆၀ နီးပါးကျဆင်း၍ ပြည်တွင်းဈေးပါကျလာ
၂။ ရွှေတိဂုံသို့ အာရှနှင့်ဥရောပဘုရားဖူးဧည့်သည် သုံးသောင်းကျော်လာရောက်ဖူးမြော်
၃။ အီးယူမှငွေကြေးထောက်ပံ့ထားသော စိမ်းလန်းမြန်မာစီမံကိန်း စတင်
၄။ အီရန်နျူကလီးယားစက်ရုံနေရာများ၌ ထိခိုက်ပျက်စီးမှုအလွန်များပြားနိုင်သည်ဟု ကုလနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့အကဲဖြတ်ခန့်မှန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 25 June 2025
▪️ ခေါတ်သစ် မြန်မာ့အလှမောင်ပြိုင်ပွဲ Mister Myanmar 2025အတွက် ပဏာမလူရွေးပွဲကို ဇူလိုင်လ၁ရက်တွင် The Eravati Sule Grand Hotel , Yangon၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပြိုင်ပွဲမှ ဆုရရှိသူသည် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Mister International 2025ပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ထို့ကြောင့်ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ၂၇.၆.၂၀၂၅ နေ့ နောက်ဆုံးထားပြီး Google formမှတဆင့် လျောက်လွှာတင်သွင်းရမည်ဖြစ်ပြီး၂၈.၆.၂၀၂၅ တွင် ပဏာမလူရွေးပွဲ တက်ရောက်ရန် ရွေးချယ်ခံရသူများစာရင်းကို ကြေငြာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ဖိုင်နယ်ပြိုင်ပွဲကြီးကို ဇူလိုင်လ၁၉ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး Winner ဆုအပါအဝင်ဆုအမျိုးအစားပေါင်း ၁၃ဆု နှင့်Sponsor title awards များစွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID)တွင် အိမ်ရာစုဆောင်းငွေစာရင်း (Housing Saving)ကျပ်(၃၀)သိန်းနှင့်အထက်ပြည့်မီအောင် စုဆောင်းထားရှိသူနှစ်ထောင်ကျော်ကို အိမ်ရာအခန်းများဝယ်ယူခွင့်ပြုထားတယ်လို့ သိရပါတယ်။
#Local_News
Published 25 June 2025
#အိမ်ရာအခန်းများဝယ်ယူခွင့်ပြု #CHID
#YMG/SW #Yangon_Times
ဥရောပသမဂ္ဂ (EU) မှ ငွေကြေးထောက်ပံ့ထားတဲ့ “မြန်မာနိုင်ငံရှိ တိရစ္ဆာန်အစာတန်ဖိုးကွင်းဆက်ဆိုင်ရာ စီးပွားရေးစက်ဝန်းကို အားကောင်းလာစေရေး – စိမ်းလန်း မြန်မာ” စီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 25 June 2025
#စိမ်းလန်းမြန်မာစီမံကိန်း #EU
#YMG/SW #Yangon_Times
ရွှေတိဂုံစေတီတော်မြတ်ကြီးကို အခုနှစ် (၅)လတာကာလအတွင်းမှာ ပြည်ပနိုင်ငံတွေဖြစ်တဲ့ အာရှနဲ့ဥရောပခရီးသွားဧည့်သည် သုံးသောင်းကျော်လာရောက်ဖူးမြော်ခဲ့တယ်လို့ ရွှေတိဂုံစေတီတော်မြတ်ကြီးဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 25 June 2025
#ရွှေတိဂုံစေတီတော်မြတ်ကြီး #အာရှနဲ့ဥရောပခရီးသွားဧည့်သည်
#YMG/NN #Yangon_Times
Page 374 of 2399