၁၈ ဩဂုတ် ၂၀၂၅

မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို  ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်၊ တနင်္ဂနွေနေ့တွင် စတင်ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ဩဂုတ် ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာပါတယ်။

အဆိုပါဒီဇင်ဘာ ၂၈ ရက်နေ့သည် အထွေထွေရွေးကောက်ပွဲ အပိုင်း၁ ဖြစ်၍ ဆက်လက်ကျင်းပမည့် အပိုင်းလိုက်နေ့ရက်များကို ထုတ်ပြန်ပေးသွားမယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ကြေညာ ချက်မှာဖော်ပြပါရှိပါတယ်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာနောက်ဆုံးပတ်နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီပထမပတ်များအတွင်း  အထွေထွေရွေးကောက်ပွဲများကို ကျင်းပပေးသွားမယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောဆိုထားပြီးနောက် ရွေးကောက်ပွဲကော်မရှင်၏ ယခုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

#ymg/knl

election date