#Local_News
Published 18 August 2025
▪️ ယခုတစ်ပတ်အတွက် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ အမြင့်ဈေး၌တန်းပြီးငြိမ်နေကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားသည်။
▪️ ယနေ့ ဩဂုတ် ၁၈ ရက်မှ ၂၄ အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင်
ငွေကျပ် ၆၂၈၅ အဖြစ်သတ်မှတ်ထားသည်။
▪️ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ပြီးခဲ့တဲ့လနှောင်းပိုင်းကစတင်မြင့်တက်လာခဲ့ရာ လေးပတ်တာအတွင်း
တစ်ပိဿာကို ကျပ် ၂၃၀ မြင့်တက်လာခဲ့ကြောင်းသိရသည်။
▪️ ထိုသို့မြင့်တက်လာခဲ့သော်လည်း ယခုအပတ်တွင်မူ ယခင်အပတ်နှုန်းထားအတိုင်းတစ်ပိဿာလျှင် ၆၂၈၅ ကျပ်အထိသာ ဈေးငြိမ်နေကြောင်း သိရသည်။
▪️ အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
▪️ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times