မေ ၂၆၊ ၂၀၂၆ (ရန်ကုန်)

ငလျင်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဗဟိုပြုပြီး လျှပ်စစ်မီး၊ ရေနံနဲ့သဘာဝဓာတ်ငွေ့၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အစရှိတဲ့ နယ်ပယ်အသစ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်း   အောင် လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia က ပြောကြားပါတယ်။

ရန်ကုန်မြို့၊ Wyndham Grand Yangon Hotel  တွင် မေလ ၂၆ ရက်(ယနေ့) ကျင်းပတဲ့ ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲတွင် တရုတ်သံအမတ်ကြီး Ms. Ma Jia က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုတွေဟာ အခြေခံအဆောက်အအုံ စီမံကိန်း တည်  ဆောက်ရေးနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍတွေကို အဓိက လွှမ်းခြုံထားပြီး၊ မြန်မာနိုင်ငံရဲ့ ရန်ပုံငွေပြတ်လပ်မှု၊ အခြေခံအဆောက်အအုံ နောက်ကျကျန်နေမှုနဲ့ လူသားအရင်းအမြစ် မလုံလောက်မှုစတဲ့ ဖွံ့ဖြိုး  တိုးတက်  ရေး အကျပ်အတည်းတွေကို ထိရောက်စွာ ကျော်လွှားနိုင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်တယ်” လို့ တရုတ် သံအမတ်ကြီးက ဆက်လက်ပြောဆိုပါတယ်။

“ ဒါဟာ တရုတ်နိုင်ငံရဲ့ ပုံရိပ်ကို တမင်တကာ ပုတ်ခတ်ညှိုးနွမ်းစေဖို့ အတွက် လုပ်ကြံဖန်တီးထားတဲ့ “ကြွေးမြီထောင်ချောက်” ဆိုတာမျိုး လုံးဝ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်မတို့က ပြည်သူလူထု အကျိုးပြု စီမံကိန်းတွေကို ပိုမို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ပြည်သူလူထုအတွက် ပိုမို  များပြားတဲ့ အကျိုးကျေးဇူးတွေကို ဖော်ဆောင်ပေးသွားပါမယ်” လို့လည်း Ms. Ma Jia က ကတိပေး ပြောဆိုပါတယ်။

အချက်အလက်တွေ စီးဆင်းပျံ့နှံ့တဲ့နေရာမှာ တိကျမှုမရှိတာ အစရှိတဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် နှစ်နိုင်ငံပြည်သူတွေအကြား နက်နက်ရှိုင်းရှိုင်း သိရှိနားလည်မှု အားနည်းနေတာတွေကို လျော့နည်း  ပပျောက်အောင်အားလုံးက ပိုမိုအားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားကြဖို့လည်း သံအမတ်ကြီးက တိုက်တွန်းသွားပါတယ်။

အခမ်းအနားတွင် တက်ရောက်လာကြသည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်ဘက်မှ ပညာရှင်များ၊ မီဒီယာအသင်းအဖွဲ့များမှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအခြေစိုက်တရုတ်စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များက တစ်ဦးချင်းစီ၏ သဘောထားအမြင်များကို လွတ်လပ်ပွင့်လင်းစွာပြောဆိုဆွေးနွေး  ခဲ့ကြကြောင်းသိရှိရပါတယ်။