#Local_News
Published 1 January 2025
▪️ မွန်ပြည်နယ်၊မော်လမြိုင်မြို့ရှိ တောင်ဝိုင်းတောင်ပေါ် အဆင်းကားလမ်းတွင် ယနေ့ နေ့လယ်ပိုင်း၌ Light Track ယာဉ်တစ်စီးချောက်ထဲထိုးကျပြီး၁၁ဦးဒဏ်ရာရ ရှိခဲ့၍ ဆေးရုံသို့ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
▪️ ဖြစ်စဉ်မှာဇန်နဝါရီ ၁ ရက်နေ့လယ် ၂နာရီ ၅၅ မိနစ် အချိန်က မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင်ပေါ်အဆင်းကားလမ်းကွေ့တွင် Light Track ယာဉ်၁စီး ဘရိတ်ပေါက် ၍ တောင်အောက်သို့ထိုးကျသွားကြောင်း သိရသည်။
▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူအမျိုးသား၊ အမျိုးသမီး ၁၅ ဦးနှင့် ကလေး၁ဦး၊ စုပေါင်း(၁၆)ဦးတွင် ကျား၊ မ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ ထို့ကြောင့် ဒဏ်ရာရရှိသူများအားဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ လိုအပ်သည့်များပြုစုပေးပြီး မော်လမြိုင်ဆေးရုံကြီးသို့ လူနာတင်ယာဉ် (၂)စီးဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 1 January 2025
၁။ အဝေးပြေးယာဉ်လိုင်းများမှ တစ်ဆင့်ပို့ဆောင်သည့် ကုန်ပစ္စည်းများကိုဖွင့်ဖောက်စစ်ဆေးမည်
၂။ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအသုံးပြု လိမ်လည်သူများကို အရေးယူမှုအရှိန်မြှင့်မည်
၃။ ပြည်တွင်းထုတ် စားဆီဈေးရောင်းပွဲတော်ကျင်းပမည်
၄။ ဆယ်စုနှစ်များစွာ ထိန်းချုပ်ထားနိုင်ခဲ့သည့် ကာလဝမ်းရောဂါဖြစ်ပွားမှုများပြားလာသဖြင့် WHO က အရေးပေါ်ကျန်းမာရေးအခြေအနေကြေညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အင်းလေးဒေသသို့ ပြည်တွင်း ပြည်ပမှ ခရီးသွားတွေလာရောက်လည်ပတ်လျက်ရှိရာမှာ ရုရှားနိုင်ငံမှ အများဆုံးလာရောက်လည်ပတ်လျက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 1 January 2025
#အင်းလေးဒေသ #ရုရှားမှအများဆုံးဖြစ်
#YMG/SW #Yangon_Times
မသမာသူတွေက မိုဘိုင်းငွေ ကြေးဝန်ဆောင်မှုလုပ်ငန်းတွေကိုအသုံးချပြီး ငွေလိမ်လည်မှုတွေ ဆောင်ရွက်လျက်ရှိတာကြောင့် လိမ်လည်သူတွေကို ထိရောက်စွာ အရေးယူမှုအား အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 1 January 2025
#မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း #လိမ်လည်သူ
#YMG/SW #Yangon_Times
ပြည်တွင်းကထုတ်လုပ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ စတဲ့ စားသုံးဆီတွေကို ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်မယ့် ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက သိရပါတယ်။
#Local_News
Published 1 January 2025
#စားဆီဈေးရောင်းပွဲတော် #မြေပဲ၊နှမ်း၊နေကြာ
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးမှ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးသို့ ပြေးဆွဲပေးနေတဲ့ အောင်မင်္ဂလာအဝေးပြေးဝင်းနဲ့ ဒဂုံဧရာအဝေးပြေးဝင်းများမှ အဝေးပြေးယာဉ်လိုင်းတွေမှာ တင်ဆောင်တဲ့ကုန်ပစ္စည်းတွေကို လုံခြုံစိတ်ချမှုရှိစေဖို့ဖွင့်ဖောက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 1 January 2025
#အဝေးပြေးယာဉ်လိုင်း #ကုန်ပစ္စည်းများကိုဖွင့်ဖောက်စစ်ဆေး
#YMG/SW #Yangon_Times
၁ ဇန်နဝါရီ ၂၀၂၅
KBZPay နှင့်ပတ်သက်၍ လတ်တလောဖြစ်စဉ်များကို အမြန်ဆုံး စိစစ်ဆောင်ရွက်နေကာ ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှု နှင့်အတူ စုံစမ်းထုတ်ဖော်သွားမယ်လို့ KBZPay က အသိပေးခဲ့ပါတယ်။
လတ်တလောတွင် KBZPay အသုံးပြုသူအချို့၏ အကောင့်များသို့ OTP ကို ရယူပြီး PIN နံပါတ် ကို ခန့်မှန်းကာ ဝင်ရောက်သည့် ဖြစ်စဉ်များရှိခဲ့ပြီးနောက် KBZPay က သတင်းထုတ်ပြန်ချက်တစ်ခုကို ဒီဇင်ဘာ ၃၁ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ်များကို ကမ္ဘောဇဘဏ်မှ သိရှိသတိပြုမိထားပြီး ဖြစ်ကြောင်းနှင့် အသုံးပြုသူများ ငွေကြေးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကမ္ဘောဇဘဏ်မှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် အကောင်းဆုံး ဝန်ဆောင်မှု ပေးလျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။
PIN နံပါတ်သည် ဒစ်ဂျစ်တယ်ငွေကြေးလုံခြုံစိတ်ချရမှုရှိစေရန် အရေးကြီးသည့် ဒစ်ဂျစ်တယ် သော့တစ်ချောင်း ဖြစ်ပါသည်။ PIN နံပါတ်အား မိတ်ဆွေအပေါင်းအသင်းများဖြစ်စေ၊ မိသားစုဝင်များဖြစ်စေ၊ ဘဏ်ဝန်ထမ်းများဖြစ်စေ၊ ကုန်သည် (merchant) များဖြစ်စေ မည်သူနှင့်မျှ လုံးဝ (လုံးဝ) မျှဝေခြင်းမပြုရန် အလွန်အရေးကြီးတယ်လို့လည်း KBZPay က သတိပေးထားပါတယ်။
အဆိုပါနံပါတ်ကို KBZPay မှလည်း မည်သည့်အခါမျှ တောင်းဆိုမည်မဟုတ်သလို PIN နံပါတ်သတ်မှတ်ရာတွင်လည်း ခန့်မှန်းရလွယ်ကူသော ဆင်တူဂဏန်းများ၊ မိမိ၏မွေးနေ့၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ် အစရှိသည့် နံပါတ်များကိုရှောင်ရှားပြီး မိမိတစ်ဦးသာသိနိုင်မည့် ခိုင်မာသော PIN နံပါတ်မျိုးပေးထားရန် အထူးအရေးကြီးတယ်လို့လည်း ထပ်မံသတိပေးထားပါတယ်။
OTP နှင့် PIN ထက် ပိုမိုကောင်းမွန်သော နည်းပညာ လုံခြုံမှုအားထပ်မံတိုးမြှင့်ရန်အတွက် biometric identification နှင့် device-based notification ကဲ့သို့ လုပ်ဆောင်ချက် များကို အကောင် အထည်ဖော်သွားဖို့ရှိတယ်လို့လည်း သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
အယောင်ဆောင် အက်ပလီကေးရှင်းများနှင့် လင့်ခ်များ၊ အယောင်ဆောင် ဖုန်းခေါ်ဆိုမှုများနှင့် message များမှတစ်ဆင့် မသမာသူများသည် လူကြီးမင်း၏ အချက်အလက်များအား ၎င်းတို့ထံသို့ ရောက်ရှိစေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ချဉ်းကပ် လှည့်စားလေ့ရှိတာကို သတိပြုကြဖို့လည်း တိုက်တွန်းထားပါတယ်။
အဲဒါကြောင့် Google Play Store သို့မဟုတ် Apple App Store ကဲ့သို့သော ယုံကြည်စိတ်ချရသည့် အရင်းအမြစ်များမှသာလျှင် KBZPay app ကို download လုပ်၍ ရယူကြဖို့လည်း ဆက်လက်တိုက်တွန်း ထားပါတယ်။
အကောင့်လုံခြုံမှုအတွက် KBZPay app ကို နောက်ဆုံး version သို့ အဆင့်မြှင့်တင်ထားရန် လိုအပ်သလို အခြားသူများနှင့် မျှဝေသုံးစွဲထားသည့် device များဖြင့် မိမိ၏ KBZPay သို့ login ဝင်ရောက်ခြင်း ကိုရှောင်ကြဉ်သင့်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အကောင့်တွင် သံသယဖြစ်ဖွယ်ငွေကြေးဆောင်ရွက်ချက်များကို သတိပြုမိလျှင်ဖြစ်စေ၊ အကူအညီ လိုအပ်လျှင်ဖြစ်စေ KBZPay ၏ Hotline 3211 သို့ ၂၄ နာရီ ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း သိရှိရပါတယ်။
#ymg/knl
Page 427 of 2280