#Local_News
Published 3 January 2025
▪️ မြိတ်နှင့် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းများတွင်အွန်လိုင်းစနစ်ဖြင့် အခွန်ပေးဆောင်နိုင်ရန်ဆောင်ရွက်လျှက်ရှိပြီး မကြာမီ ပေးဆောင်နိုင်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့ကုန်ပစ္စည်း အလိုအလျောက်ရှင်းလင်းရေးစနစ် (MACCS) ဌာနခွဲမှ သိရသည်။
▪️ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သော မြဝတီနှင့် တာချီလိတ်တို့တွင် ၂၀၂၅ခုနှစ် ဇန်နဝါရီလ၁ရက်မှစ၍ အွန်လိုင်းအသုံးပြုအခွန်ဆောင်နိုင်ပြီဖြစ်ရာ မြိတ်နှင့် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းများတွင်အွန်လိုင်းစနစ်ဖြင့် အခွန်ပေးဆောင်နိုင်ရန်ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
▪️ အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကုန်ပစ္စည်းရှင်းလင်း ထုတ်ယူသည့် လုပ်ငန်းစဉ်များအတွက် အခွန်ငွေပေးဆောင်ရာတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် Deposit Payment ၊ Direct Payment တို့အပြင် MACCS Online Payment System ကို အသုံးပြုသွားရန်ရှိကြောင်း၊ MACCS Online Payment System တွင် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ Mobile Banking ၊ Internet Banking များမှတစ်ဆင့် Payment Statement Information ရရှိပြီးသည့် Import / Export Declaration No. များကို ကျသင့်အခွန်ငွေ တိုက်ရိုက်ပေးဆောင်ခြင်းနှင့် MACCS စနစ်အတွင်းက Deposit Account ထဲသို့ ငွေထပ်မံဖြည့်သွင်းခြင်းစဉ်များ Mobile Banking ၊ Internet Banking တို့မှတစ်ဆင့် Online Payment နှင့် အခွန်ငွေပေးဆောင်နိုင်ရန်အတွက် AYA Bank ၊ KBZ Bank ၊ CB Bank တို့နှင့် ပူးပေါင်းပြီး MACCS Online Payment System ကို ဆောင်ရွက်ထားကြောင်း သိရသည်။
▪️ MACCS Online Payment System ကို ယခုနှစ် မေလ ၂၃ ရက်မှစတင်ကာ သီလဝါအထူးစီးပွားရေးဇုန်မှာ စတင်အသုံးပြုခဲ့ပြီး မြဝတီနှင့် တာချီလိတ်တို့တွင်ယခုလ၁ရက်မှစတင်ကာ အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 3 January 2025
▪️ နည်းပညာဖြင့် ဖောက်ထွင်းခြင်းခံရသည့် KBZ Pay သုံးစွဲသူ ၃၁ ဦး၏ မိုဘိုင်းငွေကြေးများကို စိုက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း KBZ Pay က ယနေ့တွင်ထုတ်ပြန်ခဲ့သည်။
▪️ KBZ pay အနေဖြင့် မိုဘိုင်းငွေကြေးလုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အစဉ်တစိုက်လုပ်ဆောင်နေပြီး Mobile Network Operator များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ ဖြစ်စဉ်များကို KBZ Pay မှာ ဆက်လက်စုံစမ်းစစ်ဆေးရာတွင် ဖုန်းဟန်းဆက်ပြောင်းလဲသည့် လုပ်ငန်းစဉ်ကိုသာ သက်ရောက်မှုရှိပြီး အဆိုပါဖြစ်စဉ် ၃၁ခုကို တွေ့ရှိခဲ့ရကြောင်း၊စုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း အသုံးပြုသူ ၃၁ဦး၏ ငွေကြေးဆုံးရှုံးမှု မရှိစေရန် KBZ Pay မှ ကြိုတင်အစားထိုးစိုက်ထုတ်ပေးမှုများကို ဒီဇင်ဘာလ၃၁ရက် မှစတင်၍ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
▪️ ယခုအခါ အချို့ အော်ပရေတာများ၏ ဖုန်းဟန်းဆက်ပြောင်းလဲမှုများကို ခေတ္တရပ်တန့်ပြီး system maintenance ပြုလုပ်နေကြောင်း၊ ထို့ကြောင့် ဇန်နဝါရီလ၇ရက် မှသာ ဖုန်းဟန်းဆက်ပြောင်းလဲမှုလုပ်ငန်းစဉ်ကို ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ရန်ကုန်ဈေးကွက်မှာ စက်သုံးဆီဈေးတွေ နှစ်ပတ်ဆက်တိုက်ကျဆင်းလာပြီး ၊92တစ်လီတာကို ကျပ် ၃,၀၀၀ အောက်အထိရှိလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 3 January 2025
#စက်သုံးဆီဈေးကျဆင်း #သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
#YMG/NN #Yangon_Times
ပြည်ပသို့ ပို့ကုန်တွေ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်အထောက်အကူဖြစ်စေမယ့် ဆိပ်ကမ်းတွေ အဆင့်မြင့်တင်တည်ဆောက်မှုကို ကနဦးအနေနဲ့အမေရိကန်ဒေါ်လာ ၆၁သန်း ရင်းနှီးမြုပ်နှံတည်ဆောက်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 3 January 2025
#သီလဝါနှင့်ဆူးလေဆိပ်ကမ်း #အဆင့်မြင့်တင်
#YMG/SW #Yangon_Times
ပို့ကုန်သွင်းကုန်ကုန်ပစ္စည်းတွေကို ဈေးကွက်ငွေလဲလှယ်နှုန်းအပေါ်အခြေခံတဲ့ အပတ်စဉ် နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ပြောင်းလဲအခွန်စည်းကြပ်ကောက်ခံသွားမှာဖြစ်ရာ ယခုတစ်ပတ် အခွန်စည်းကြပ်မှုအတွက်အမေရိကန်တစ်ဒေါ်လာကို ၃၅၈၇.၅ကျပ်နှုန်းသတ်မှတ်ထားတယ်လို့ အကောက်ခွန်ဦးစီးဌာနက သိရပါတယ်။
#Local_News
Published 3 January 2025
#အခွန်စည်းကြပ်မှု #နိုင်ငံခြားငွေလဲလှယ်နှုန်း
#YMG/SW #Yangon_Times
#Local_News
Published 3 January 2025
▪️ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၏ အရှေ့ဘက်၌ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ယနေ့ မနက်ပိုင်း၌ လှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှ သိရသည်။
▪️ ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့၊ (၁၁) နာရီ၊ (၀၂) မိနစ်၊ (၃၈) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၉၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဟုမ္မလင်းမြို့၏ အရှေ့ဘက် (၄၂) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၉၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၅၇) ဒီဂရီ၊ အနက် (၁၅၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 3 January 2025
▪️ ၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို ဇန်နဝါရီ (၄) ရက် နံနက်ပိုင်းတွင် နေပြည်တော်မြို့တော်ခန်းမရှေ့ရင်ပြင်၌ကျင်းပမည်ဖြစ်ရာ လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ အခမ်းအနားကျင်းပပုံများကို ဇန်နဝါရီ (၄) ရက် နံ နက် (၆) နာရီခွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV– HD Channel၊ MRTV-News Channel၊ MRTV-NRC၊ MRTV Farmers’၊ MRTV Sports နှင့် MRTV Parliament Channel၊ MITV Channel၊ MWD HD Channel၊ MWD Variety HD Channel၊ Channel 7၊ 5 plus Channel၊ Sky Net Up to Date၊ MNTV၊ Channel 9၊ M Channel နှင့် မဟာရုပ်သံလိုင်းတို့မှလည်းကောင်း တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။
▪️ အလားတူ မြန်မာ့အသံရေဒီယိုနှင့် အကျိုးတူ FM များဖြစ်ကြသော ပတ္တမြား၊ ချယ်ရီ၊ မန္တလေး၊ ပဉ္စဝတီ၊ ရွှေ၊ ပုဂံတိုအပြင် မိတ်ဖက် FM များဖြစ်ကြသော Star၊ သဇင်တိုမှ လည်းကောင်း၊ MOI Website၊ MOI Youtube MRTV Website၊ MRTV App အပါအဝင် MRTV Online Platform တို့မှလည်းကောင်း တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 424 of 2280