လက်ရှိ ရွှေဈေးကွက်မှာ တစ်နေ့ကို ရွှေပိဿာတစ်ရာကျော်ထွက်ရှိနေပြီး ဈေးကွက်အနေအထားမှာ အရောင်းအဝယ်အေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA)ဥက္ကဌ ဦးမျိုးမြင့်က ရန်ကုန်မီဒီယာကို ပြောပါတယ်။
#Local_News
Published 2 January 2025
#ရွှေပိဿာတစ်ရာကျော်ထွက်ရှိ #ရွှေဈေးကွက်အေးနေ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေ(၅၁ ဒဿမ ၃) သန်းကျော်ရှိ ပြီး ရန်ကုန်တိုင်းမှာ (၁၄ ဒဿမ ၄)ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 2 January 2025
#ခန့်မှန်းလူဦးရေ၅၁သန်း #ရန်ကုန်တိုင်းတွင်အများဆုံး
#YMG/NN #Yangon_Times
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ သီတဂူကေတုမတီအာယုဒါနဆေးရုံတော်မှာ(၁၄) ကြိမ်မြောက်မျက်စိအလင်းအလှူတော်ကို အခုလအတွင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 2 January 2025
#မျက်စိအလင်းအလှူတော် #တောင်ငူ
#YMG/NN #Yangon_Times
#Local_News
Published 2 January 2025
▪️ ပြည်ပရောက်မြန်မာနိုင်ငံသားများပါ အကျုံးဝင်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇန်နဝါရီလ ၁ ရက်က ပြဋ္ဌာန်းထုတ်ပြန်လိုက်ပြီဖြစ်သည်။
▪️ ထိုဥပဒေသည် ပြည်တွင်း၌ဖြစ်စေ နိုင်ငံတော်၏ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မှတ်ပုံတင်ထားသည့် ရေယာဉ် သို့မဟုတ် လေယာဉ်တစ်ခုခုပေါ်၌ဖြစ်စေ ကျူးလွန်သည့် ပြစ်မှုများ အမျိုးသား ဆိုက်ဘာနယ်ပယ်အတွင်း၌ ဖြစ်စေ အမျိုးသားဆိုက်ဘာနယ်ပယ်နှင့်ချိတ်ဆက်နေသည့် အခြားဆိုက်ဘာနယ်ပယ်တစ်ခုခု၌ဖြစ်စေ ကျူးလွန်သည့် ပြစ်မှုများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားက ကျူးလွန်ပါကလည်း ယခုဥပဒေအရ စီရင်ပိုင်ခွင့် ရှိစေရမည်ဟု ပြဋ္ဌာန်း ထားသည်။
▪️ ဆိုက်ဘာလုံခြုံရေးဥပဒေတွင်ခွင့်ပြုချက်ရယူခြင်းမရှိဘဲ VPN ထူထောင်ခြင်းနှင့် အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်း၊ ဆိုက်ဘာအလွဲ သုံးစားပြုလုပ်ခြင်းများ ပြုလုပ်ပါက ထောင်ဒဏ်အပါအဝင် ငွေဒဏ်ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များပါဝင်ပြီး အီလက်ထရောနစ် နည်းပညာအသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်ခြင်းကြောင့် နိုင်ငံအချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေခြင်းတို့မှ ကာကွယ်ရန်၊ ဆိုက်ဘာမှုခင်းများကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန်အတွက် ပြဌာန်းခြင်းဖြစ်ကြောင်း သိရသည်။
▪️ ဥပဒေပါပြစ်မှု၊ ပြစ်ဒဏ်များမှာ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံ စီမံထိန်းသိမ်းရန် တာဝန်ရှိသူသည် ဥပဒေပုဒ်မ ၁၇ ၊ ပုဒ်မခွဲ (က) သို့မဟုတ် (ခ) ကို လိုက်နာဆောင်ရွက်ရန်ပျက်ကွက်ပါက အနည်ဆုံးတစ်လမှ အများဆုံးခြောက်လထိ ထောင်ဒဏ်၊ ကျပ် ၁၀ သိန်းမှ ကျပ်သိန်း တစ်ရာထက် မပိုသည့် ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ချမှတ်ရမည်ဖြစ်ကြောင်း၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်မရှိဘဲ ဆောင်ရွက်ပါက ထိုသူကို အနည်ဆုံးတစ်လမှ အများဆုံးခြောက်လထိ ထောင်ဒဏ်၊ ကျပ် ၁၀ သိန်းမှ ကျပ်သိန်းတစ်ရာထက် မပိုသည်ဘဲငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည် ဖြစ်ပြီး ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ကျပ်သိန်းတစ်ရာအောက် မနည်းဘဲ ငွေဒဏ်ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သည့်သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းပါရှိသည်။
▪️ ဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့်ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတတစ်ဦး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဝန်ကြီးဌာန၏ပြည်ထောင်စုဝန်ကြီး၊ အဖွဲ့ဝင်များအဖြစ် ဆက်စပ်ဝန် ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့် ဆက်စပ်ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများပါဝင်စေပြီး ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီကို ဖွဲ့စည်းရမည်ဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 2 January 2025
▪️ ထိုင်းနိုင်ငံသို့ သွားရောက်ရန် E -Visa လျှောက်ထားရာတွင် ညွန်ကြားချက်များမလိုက်နာပါက ငြင်းပယ်ခံရနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကထုတ်ပြန်ထားသည်။
▪️ ထိုင်းဗီဇာလျှောက်ထားမှုကို E- Visa စနစ်ဖြင့်ယခုလ၁ရက်မှ စတင်ကာလက်ခံဆောင်ရွက်ပေးလျှက်ရှိရာE visa လျှောက်ထားရာ၌ အထူးသတိထားသင့်သည့် အချက်များကို သံရုံးဝက်ဘ်ဆိုက်၌ထုတ်ပြန်ထားကြောင်း သိရသည်။
▪️ ထိုအချက်များထဲတွင်မြန်မာနိုင်ငံသားများသည် မျိုးရိုးအမည် “family name” မရှိသောကြောင့် ညွှန်ကြားချက်နံပါတ် (၆) ကိုသေချာစွာလိုက်နာရမည်ဖြစ်ကြောင်း၊ညွှန်ကြားချက်နံပါတ် (၆)တွင် မြန်မာနိုင်ငံသားများသည် မိမိအမည်အပြည့်အစုံကို “First name” နေရာတွင်သာဖြည့်ရန်ဖြစ်ပြီး “Family name “နေရာကို အလွတ်ထားရန်ဖြစ်ကာ ညွှန်ကြားချက်ကို မလိုက်နာပါက သင်၏ E -Visa လျှောက်ထားမှု ငြင်းပယ်ခံရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
▪️ လတ်တလော၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂-၇ ရက်များအတွက် E -Visaလျှောက်ထားခဲ့ပြီး E -Visaကြေးပေးသွင်းရန် နံပါတ်ရရှိပြီးသူများသည် ဖောင်တွင် မိမိအမည်ကို ရှေ့နောက်မှားယွင်းဖြည့်သွင်းမိထားပါက ဖောင်အသစ်ကိုပြန်လည်ဖြည့်သွင်းနိုင်ရန် သံရုံးကခွင့်ပြုပေးမည်ဖြစ်ကြောင်း ၊ထိုသူများသည် လျှောက်လွှာနံပါတ် Request No. အသစ်ကို မူလကရရှိထားသော E -Visaကြေးပေးသွင်းရန်နံပါတ် E-visa payment reservation No.နှင့်အတူ တွဲဖက်အသုံးပြုရမည် ဖြစ်ကြောင်း သိရသည်။E -Visaလျှောက်ထားမည့် မြန်မာနိုင်ငံသားများသည် ဖောင်ဖြည့်ရာတွင်လိုက်နာရမည့်အချက်များကို https://www.thaiconsularyangon.com/evisapay/instructionတွင် ဖတ်ရှုနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 2 Jan 2024
▪️ ရေကြောင်းကုန်စည်ပို့ဆောင်မှုစနစ် ပိုမိုတိုးမြှင့် ပို့ဆောင်နိုင်ရေးအတွက် ကုန်တင်ရေယာဉ်၊ ကွန်တိန်နာတင် ရေယာဉ်များကို ပြည်တွင်း၌ ပိုမိုတည်ဆောက်ပြီး ရေကြောင်းပို့ဆောင်ရေးကဏ္ဍကို မြှင့်တင်ရမည်ဟု နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောသည်။
▪️ ယမန်နေ့ ဇန်နဝါရီလ ၁ ရက်က ပြုလုပ်သည့် သမိုင်းဝင်ဒလသင်္ဘောကျင်း နှစ် (၁၅၀) ပြည့်အထိမ်းအမှတ် အခမ်းအနားတွင်ယင်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
▪️ ထို့ကြောင့် ရေရှည်မျှော်မှန်းပြီး ဒလသင်္ဘောကျင်းကဲ့သို့ သင်္ဘောကျင်းများမှ လိုအပ်သည့် ရေယာဉ်များကို တည်ဆောက်ကြရမည်ဖြစ်ပြီး နိုင်ငံပိုင်သင်္ဘောကျင်းများအနေဖြင့် ရေရှည်ကိုမျှော်မှန်းပြီး စွမ်းဆောင်ရည် ပိုမိုမြင့်မားစွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လည်း နစက ဥက္ကဌကပြောကြားခဲ့ကြောင်း သိရသည်။
▪️ ၎င်းကမြန်မာနိုင်ငံမြောက်ဖျားမှ တောင်ဘက်ဧရာဝတီမြစ်ဝှမ်းထိ ကူးသန်းသွားလာမှုများစွာ အထောက် အကူပြုနေသည့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်များကို ရာသီမရွေး ထိထိရောက်ရောက် အသုံးချနိုင်ရန် ပင်လယ်လမ်းကြောင်းတစ်လျှောက် ကူးသန်းသွားလာမှုမြှင့်တင်ရမည်ဖြစ်ကြောင်း ဟုလည်းဆိုသည်။
▪️ ယင်းအပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်ရေကြောင်းကဏ္ဍမှ ထောက်ပံ့ပေးနိုင်ရေး တီထွင်ကြံဆမှုများ၊ မြစ်တွင်းရေကြောင်းပို့ဆောင်ရေးမှ ကမ်းရိုးတန်းရေကြောင်းပို့ဆောင်ရေး၊ မြစ်တွင်းကုန်စည်ပို့ဆောင်မှုမှ ကမ်းရိုးတန်းခရီးစဉ်နှင့် ရေကြောင်းကုန်စည်ပို့ဆောင်မှု၊ ကွန်တိန်နာဖြင့် ကုန်စည်ပို့ဆောင်မှု၊ ကမ်းရိုးတန်း ခရီးစဉ်ဖြင့် မြစ်တွင်းခရီးစဉ်ပေါင်းစပ်ပြီး ရေကြောင်းကုန်စည်ပို့ဆောင်မှုစနစ်များ ပိုမိုထိုးဖောက်တိုးမြှင့်ပို့ဆောင်နိုင်ရန် လုပ်ဆောင်ရမည်ဟုလည်းပြောကြားခဲ့သည်။
#Yangon -Times/PP
#Local_News
Published 2 January 2025
▪️ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းသည် ‘‘(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်’’ ၂၀၀ ကျပ်တန်အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် (၃) မျိုးကို ဇန်နဝါရီ (၄) ရက်နေ့ မနက် ၉ နာရီခွဲမှစတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်သည်။
▪️ ထို့အပြင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇန်နဝါရီ (၄) ရက်၊ (စနေနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 426 of 2280