#Local_News
Published 3 January 2025
▪️ ၂၀၂၄ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရေးအတွက်ဇာတ်ကား ၁၈ ကားကို ဒုတိယအကြိမ် အကဲဖြတ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။
▪️ အဆိုပါ ဒုတိယအကြိမ် အကဲဖြတ်ကြည့်ရှုမည့် ဇာတ်ကား ၁၈ ကားစာရင်းကိုလည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တရားဝင်ကြေညာခဲ့ရာဘိုးတော်ကင်း၊ ချစ်သူသည်သာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်၊ အစိုးမရ အနတ္တ၊ ယောက်ျားကောင်းအတောင်နှစ်ဆယ်၊ သံယောဇဉ်တွေသာ ကျည်ဆံတွေဖြစ်ခဲ့ရင်၊ တခုတ်တရ၊ ဖုန်းရွှေ၊ မိတင်စိန်၊ နိုထမင်း၊ စိတ်ကကြိုး၊ မီး၊ အရက်စက်ဆုံးအနမ်း၊ သဘင်သည်မြနှင်းဆီ၊ နှောင်၊ မရဲ့အေးခဲသွားကြသူများ၊ အိပ်မက်ကာရန်၊ တိမ်ပန်းချီ နှင့် မေတ္တာ ဇာတ်ကားများဖြစ်ကြောင်း သိရသည်။
▪️ ၂၀၂၄ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ကားကြီး ၄၉ ကားရှိပြီး ထို ၄၉ ကားကို မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများအတွက် ပထမအကြိမ်ကြည့်ရှုအကဲဖြတ်ခဲ့ပြီးနောက် အဆိုပါကားများထဲမှ ၁၈ ကားကို ဒုတိယအကြိမ်ကြည့်ရှုအကဲဖြတ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို နေပြည်တော်၌ ဖေဖော်ဝါရီလ ၉ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 3 Jan 2025
▪️ KIA ၊ PDF ၊TNLA တို့ထိန်းချုပ်သောဒေသများသို့ တရားမဝင်စက်သုံးဆီများပို့ဆောင်ရောင်းချနေသူများအား ဖမ်းဆီးလိုက်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
▪️ အချို့ဝိသမလောဘသား စီးပွားရေးလုပ်ငန်းရှင်များက စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ အချို့နေရာဒေသများတွင် လုံခြုံရေးဆိုင်ရာကန့်သတ်ချက်ရှိမှုအပေါ် အခွင့်ကောင်းယူ၍ ရှောင်ကွင်းလမ်းများ အသုံးပြုကာ စက်သုံးဆီမျာကို နည်းလမ်းမျိုးစုံဖြင့် သယ်ဆောင်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ အချို့သောကျေးရွာများတွင် ဆီသိုလှောင်ထားရှိရာ နေရာများပြုလုပ်၍ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသများသို့ ပို့ဆောင်ကာ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချလျက်ရှိကြောင်း သတင်းအရ အထက်ပါအတိုင်းဖမ်းဆီးခဲ့ကြောင်းသိရသည်။
▪️ စက်သုံးဆီများကို စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ နယ်၊ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် ဆီသိုလှောင်ခြံများပြုလုပ်၍ သိုလှောင်ရောင်းဝယ်လျက်ရှိကြောင်းသတင်း ရရှိသဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ကြကြောင်းသိရသည်။
▪️ ယင်းတွင်မန္တလေးမြို့နေ ပိုင်ရှင် ဦးသိန်းသန်းဝင်း(တိမ်းရှောင်) ပိုင်ဆိုင်သည့် သိန်းသန်းစက်သုံးဆီခြံ၊ ဆားတောင်မြို့နေ ဒေါ်ထက်ထက်မျိုးဆွေ၊ ၂၆ နှစ်၊ (ဘ) ဦးဇော်မျိုး ဦးစီးလုပ်ကိုင်လျက်ရှိသည့် စက်သုံးဆီခြံ၊ မြင်းမူမြို့နေ ဒေါ်ဇင်မာမြင့်၊ ၂၇ နှစ်၊ (ဘ) ဦးကျော်ဝင်း ဦးစီးလုပ်ကိုင်လျက်ရှိသည့် စက်သုံးဆီခြံ၊ မြစ်ငယ် မြို့နေမျိုးမင်း(တိမ်းရှောင်)ပိုင်ဆိုင်သည့် စက်သုံးဆီခြံနှင့် Golden Star စားသောက်ဆိုင်အနီးတွင် ရပ်တန့်ထားသည့်တရားမဝင်စက်သုံးဆီရောင်းဝယ်သည့်ယာဉ်များ စသည့်နေရာ ၅ နေရာမှ တရားခံ ၁၇ ဦးအား ၂၂ ဘီး ဆီသယ်ယာဉ် ၄ စီး၊ ဆီနောက်တွဲယာဉ် ၁ စီး၊ ၂ဝ ဘီး ဆီသယ်ယာဉ် ၃ စီး၊ ၁၂ ဘီး ဆီသယ်ယာဉ် ၁ စီး၊ ၁ဝ ဘီး ဆီသယ်ယာဉ် ၃ စီး၊ ၈ ဘီးဆီသယ်ယာဉ် ၁ စီး၊ ၆ ဘီး ဆီသယ်ယာဉ် ၃ စီး၊ Light Truck ယာဉ် ၅ စီး၊ Toyota Van ၁ စီး၊ စုစုပေါင်းယာဉ် ၂၂ စီး၊ ပရီမီယမ်ဒီဇယ် ၃ဝ,ဝ၈၃ ဂါလန်၊ အောက်တိန်း 92 ဓာတ်ဆီ ၃၀,၄၆၂ ဂါလန်၊ စုစုပေါင်းစက်သုံးဆီမျိုးစုံ ၆၀,၅၄၅ ဂါလန်နှင့် တရားမဝင်စက်သုံးဆီများ အရောင်းအဝယ် ပြုလုပ်ရာတွင် အသုံးပြုသည့်ငွေများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းနစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
▪️ အဆိုပါ တရားမဝင်စက်သုံးဆီရောင်းချသူများအနေဖြင့် စက်သုံးဆီများကို မန္တလေးမြို့မှတစ်ဆင့် ဧရာဝတီတံတား(ရတနာပုံ)ကိုဖြတ်သန်း၍ စစ်ကိုင်း- ရှိန်းမကား- ကမ်းဖြူ- သစ်စိမ့်ကြီးသို့ စစ်ကိုင်း-ရွှေဘိုအမှတ်(၃)ခရိုင်ချင်းဆက်လမ်းမကြီးအတိုင်း သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် KIA အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသော ဖားကန့်ဒေသရှိကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများ၊ တနိုင်းဒေသရှိ ရွှေနှင့်ပယင်းမှော်လုပ်ငန်းများသို့လည်းကောင်း၊ PDF အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသော ကောလင်းဒေသရှိ တရားမဝင်ရွှေလုပ်ကွက်များနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ တရားမဝင်ရွှေလုပ်ကွက်များ၊ TNLA/PDF အကြမ်းဖက်သောင်းကျန်း သူများ ထိန်းချုပ်လုပ်ကိုင်လျက်ရှိသောစဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းဒေသရှိတရားမဝင်ရွှေလုပ်ကွက် များသို့လည်းကောင်း၊ မိုးကုတ်ဒေသရှိ တရားမဝင်ကျောက်မျက်တူးဖော်ရေးလုပ်ကွက်များသို့လည်းကောင်း အသီးသီးပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။
▪️ အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများမှလည်း စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုအပေါ်မူတည်၍ တရားဝင်ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များမှတစ်ဆင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းမှုများပြုလုပ်ကာ အရေအတွက်များပြားလာပါက တရားမဝင်ဆီသိုလှောင်ခြံများသို့ သွားရောက်ရောင်းချမှုများ ပြုလုပ်ကြသည့်အတွက် တရားမဝင်စက်သုံးဆီရောင်းဝယ်သည့်လုပ်ငန်းများ ပေါ်ပေါက် နေပြီး တရားမဝင်ဈေးကွက်တစ်ခုသဖွယ်ဖြစ်ပေါ်လျက်ရှိသောကြောင့် ပြည်တွင်းဈေးကွက်၌ စက်သုံးဆီဈေးနှုန်းများမြင့်တက်လာခဲ့ပြီး ဆီဈေးနှုန်းကြီးမြင့်မှုပေါ်မူတည်၍ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများလည်း မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းကြောင့် တရားမဝင်စက်သုံးဆီများ သိုလှောင်ရောင်းချမှုပြုလုပ်ခဲ့သည့် တရားခံ ၁၇ ဦးအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ဖြင့် ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။
▪️ ၎င်းအပြင်ဖမ်းဆီးရမိခဲ့သည့်ယာဉ်များနှင့် စက်သုံးဆီများကိုလည်း စိစစ်မှုများပြုလုပ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
#Yangon -Times/ PP
#Local_News
Published_3 Jan 2025
▪️ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာအနီးတွင် မိုင်းပန်မြို့နယ်တွင် ငွေကျပ်သိန်း ၅,၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိခဲ့ကြောင်း သိရသည်။
▪️ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၁၁ နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ကမိုင်းပန်မြို့ဘက်မှ မိုင်းတုံမြို့ဘက်သို့ စိုင်းနွံဟန်(ခ)စိုင်းနွံလျန် မောင်းနှင်ပြီး စိုင်းစံညွန့် လိုက်ပါလာသည့် VIGO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်၏ ကြမ်း ခင်းအံဝှက်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၄၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၂၀ တုံး၊ အလေးချိန် ၄၀ ဒသမ ၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းတို့ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား နမ့်စန်မြို့ နယ်မှ မိုင်းတုံမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်း ဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။
#Yangon_Times/PP
#Local_News
Published 3 January 2025
▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ အိမ်စီးကားတစ်စီး လမ်းလယ်ကျွန်းကိုတိုက်မိပြီး တစ်ဦးေ-သဆုံးပြီး သုံးဦးဆေးရုံသို့တင်ပို့ခဲ့ရကြောင်း ပြည်သာယာလူမှုကူညီရေးအသင်းမှ သိရသည်။
▪️ ဖြစ်စဉ်မှာ ဇန်နဝါရီ ၂ ရက်နေ့၊ နေ့လယ် ၂နာရီ ၄၅မိနစ် အချိန်ခန့် က ၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၉၀/၇)အနီးတွင် ယာဉ်(၁)စီးသည် လမ်းလယ်ကျွန်းအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ပြည်သာယာလူမှုကူညီရေးအသင်းများမှ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
▪️ "ကျွန်တော်တို့ အသင်းကို ဖုန်းဆက်အကူအညီတောင်းလာတာကြောင့်အသင်း ရဲ့ အရေးပေါ်လူနာတင်ယာဉ်နဲ့ ချက်ချင်းထွက်ပြီး ဖြစ်စဉ်သို့ရောက်တဲ့အခါ
လူနာတွေနဲ့သေဆုံးသူတို့ကို အမြန်လမ်း ရဲတပ်ဖွဲ့၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့ ၊ အမြန်လမ်း 192 တို့နဲ့အတူ ကျနော်တို့အသင်းတို့ ပူးပေါင်းကူညီဆောင်ရွက်ပေးပါတယ်။" ဟု ပြည်သာယာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၂)ဦး စုစုပေါင်း(၄)ဦးအနက် မ(၁)ဦး(သေဆုံး)နှင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား(၂)ဦးနှင့် မ(၁)ဦးတို့အား ပြည်သာယာလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 3 January 2025
▪️ ရန်ကုန်မြို့ရှိအင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖြစ်စဉ်မှာဇန်နဝါရီ ၂ ရက်နေ့၊ နေ့လယ် ၂နာရီ ၃၇ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဈေးကုန်းအနောက်ရပ်ကွက်၊ လှိုင်မြစ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ယင်း ဖြစ်စဉ်ကြောင့် ကားခေါင်းခန်းတွင် ညပ်နေသူ ကျား(၁)ဦးအား ၂နာရီ ၄၁မိနစ် အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး တွဲလက်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 2 January 2025
၁။ တောင်ငူ၌ (၁၄) ကြိမ်မြောက်မျက်စိအလင်းအလှူတော်ပြုလုပ်မည်
၂။ မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေ ၅၁ သန်းကျော်ရှိပြီး ရန်ကုန်တိုင်းတွင်အများဆုံးဟုဆို
၃။ တစ်နေ့လျှင် ရွှေပိဿာတစ်ရာကျော်ထွက်ရှိနေပြီး ရွှေဈေးကွက်အေးနေ
၄။ (၉)ကြိမ်မြောက် ပျားရည်ပွဲတော် ဒူဘိုင်းတွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းစားသောက်ကုန်တွေအတွက် နိုင်ငံတကာအဆင့်မီစားသောက်ကုန်ဓာတ်ခွဲခန်းမှာ အရည်အသွေးစစ်ဆေးပေးလျက်ရှိရာမှာ ဂျပန်နိုင်ငံအသိအမှတ်ပြုလက်မှတ်စတင်ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 2 January 2025
#ဂျပန်နိုင်ငံအသိအမှတ်ပြုလက်မှတ် #ပြည်တွင်းစားသောက်ကုန်
#YMG/SW #Yangon_Times
Page 425 of 2280