#Local_News
Published_ 19 June 2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို အခန်း(၁)ခန်းလျှင် ဧည့်ခန်း၊ အိပ်ခန်း (၂) ခန်း၊ ချက်ပြုတ်ခန်းပါသည့် (၄)ခန်းတွဲ(၅)ထပ် အဆောက်အဦ (၉၁)လုံး၊ အခန်းပေါင်း (၁၄၅၆)ခန်းကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ အဆောက်အဦ (၉၁) လုံးမှာ ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးရွှေလေးသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာအုပ်စု၊ ရေကြည်မြောက်ကွင်း၊ ကွင်းအမှတ် (၅၀၆)ရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ စီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ အဆောက်အဦ (၁၈၈) လုံး၊ အခန်း (၃၀၀၈) ခန်းအနက် ပထမအဆင့်အနေဖြင့် အဆောက်အဦ (၉၁) လုံး၊ အခန်းပေါင်း (၁၄၅၆) ခန်း အကောင်အထည်ဖော် ဆောင်ရွက်နေတာပါ။
လုပ်ငန်းဆောင်ရွက်စဉ် တွေ့ကြုံရတဲ့ အခက်အခဲများနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရေ၊ မီး ရရှိရေး ဦးစားပေး ဆောင်ရွက်ရန်နှင့် အိမ်ရာစီမံကိန်းအတွင်း အရိပ်ရသစ်ပင်များစိုက်ပျိုးပေးရန် ညှိနှိုင်းဆောင်ရွက်ကြရန် ဝန်ကြီးက မှာကြားခဲ့ပါတယ်။
ဝင်ငွေနည်း ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ နေထိုင်ရေး အဆင်ပြေစေရန်နှင့် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့တွင် အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published _ 19 June 2022
၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား၌ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းသူပန်းခွေချ အလေးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားကို ကိုဗစ်(၁၉)ရောဂါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
"အာဇာနည်နေ့ အခမ်းအနားကျင်းပရာမှာ ကိုဗစ်(၁၉)ရောဂါ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီလိုက်နာဆောင်ရွက်စေလိုပါတယ် နောက်ပြီး လုံခြုံရေးကိုလည်း အထူးဂရုပြု ဆောင်ရွက်ကြစေလိုပါတယ်"ဟု ပြည်ထောင်စုဝန်ကြီး ဦးကိုကိုကပြောသည်။
အာဇာနည်ဗိမာန်တွင် အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းသူ့ပန်းခွေချအလေးပြုခြင်းအခမ်းအနားနှင့် အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၌ နိုင်ငံတော်အလံတိုင်တစ်ဝက်လွှင့်ထူခြင်း၊ ရန်ကုန်မြို့နှင့်နေပြည်တော်တို့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းသည့် အခမ်းအနားတို့အပါအဝင် အခမ်းအနား ၄ ရပ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးကိုကိုက ပြောသည်။
ယခုနှစ်၌ ရန်ကုန်မြို့နှင့်နတ်မောက်မြို့များရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်များကို အများပြည်သူများ ကြည့်ရှုလေ့လာရန် ဖွင့်လှစ်ပြသသွားမည်ဟုလည်း သိရသည်။
"အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)က အာ ဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ အစည်းအဝေးခန်းမကိုလည်း ဖွင့်လှစ်ပြသသွားမှာဖြစ်ပါတယ်"ပြည်ထောင်စုဝန်ကြီးဦးကိုကိုကပြောသည်။
၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသည် နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်၍ မှားယွင်းမှုမရှိစေရန် ကြိုတင်စီစဉ်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ယင်းမှသိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_ 19 June 2022
ငြိမ်းချမ်းရေးဆွေးနွေးရန် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၈ ရက် မွန်းလွဲပိုင်းတွင် မော်တော်ယာဉ်များဖြင့် နေပြည်တော်ရှိ Horizon Lake View Resort သို့ ရောက်ရှိလာကြပါတယ်။
အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ ကြိုဆိုခဲ့ကြပါတယ်။
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်၍ ဧပြီလ ၂၂ ရက်တွင် နစကဥက္ကဋ္ဌက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
Published 19 June 2022
တစ်တော့ပေါ်မှာ ဗွီဒီယိုတွေတင်ပြီး ထိုင်းတော်ဝင်မိသားစုဝင်တစ်ဦးကို စော်ကားမော်ကားလုပ်တဲ့အတွက် ထိုင်းနိုင်ငံရဲ့ ဆိုရှယ်မီဒီယာမှာ ဩဇာရှိသူ influencer (၃)ဦးကို ဖမ်းဆီးလိုက်ပါတယ်။
ပြီးခဲ့တဲ့လက အလီဘာဘာရဲ့ အီလက်ထရွန်းနစ်ရောင်းဝယ်ရေး ကုမ္ပဏီ လာဇာဒါ အရောင်းမြှင့်တင်ရေးအစိတ်အပိုင်းအဖြစ် အွန်လိုင်းတင်ခဲ့ပြီး ယခုဖျက်ပစ်လိုက်တဲ့ ဗွီဒီယိုကလစ်တွေမှာ သူတို့ဟာ ရိုးရာထိုင်းဝတ်စုံနှင့်အမျိုးသမီးတစ်ဦး ဘီးတပ်ကုလားထိုင်မှာ ထိုင်နေတဲ့ပုံနှင့် တင်ဆက်ထားကြပါတယ်။
ဘုရင်စနစ်ကိုလက်ခံထားသူတွေက အဲဒီအမျိုးသမီးဟာ တော်ဝင်မိသားစုဝင်တစ်ဦးကို ပုံဖော်ထားတာလို့ပြောပါတယ်။ ဒါပေမယ့် အဲဒီကြေညာဟာ မည်သည့်တော်ဝင်မိသားစုကိုမှ ရည်ညွှန်းထားတာမဟုတ်သလို အမည်နှင့် ပြောဆိုတာမျိုးလည်း မရှိဘူးလို့ လာဇာဒါကပြောပါတယ်။
အဲဒီဗွီဒီယိုကင်န်ပိန်းမှာ ပါဝင်ခဲ့တဲ့ ထိုင်းအင်ဖလူရန်ဇာ သုံးဦးဖြစ်တဲ့ အန်နီဝတ်ပရက်သမ်သင်း၊ကစ်တစ်ခွန် သမ်မာ ကစ်တရိယက် နှင့် သီဒါပွန်း ချာအိုကိုဗျင်းကို ဖမ်းဆီးလိုက်တယ်လို့ ကြာသပတေးနေ့က ထိုင်းရဲက အေအက်ဖ်ပီကို အတည်ပြု ပါတယ်။
သူတို့သုံးဦးစလုံးကို အုပ်စိုးသူကို စော်ကားတဲ့ ဥပဒေနှင့် တရားစွဲခဲ့ပါတယ်။ အဲဒီဥပဒေဟာ ဘုရင်စနစ်ကို စော်ကားမော်ကား လုပ်သူတွေကို ထောင်ဒဏ် ၁၅နှစ်အထိချနိုင်တယ်လို့ အေအက်ဖ်ပီကရေးပါတယ်။ သုံးဦးစလုံးကတော့ အပြစ်မရှိကြောင်း ငြင်း ကြပါတယ်လို့ သူတို့ရဲ့ ရှေ့နေကပြောပါတယ်။
ပြီးခဲ့တဲ့လက ဗွီဒီယိုတွေတင်လိုက်တဲ့အချိန်မှာ အန်နီဝတ်က သူတို့ဟာ ထိုင်းရဲ့ အခန်းဆက်ဇာတ်လမ်းတစ်ခုကို ရယ်စရာလုပ် တာဖြစ်ပြီး တော်ဝင်တွေကို စော်ကားတယ်ဆိုတာ ခင်ဗျားတို့စိတ်ထဲထင်တာသက်သက်ဖြစ်တယ်လို့ ပြောခဲ့တယ်လို့ ရိုက်တာ ကရေးပါတယ်။
လာဇာဒိုကဗွီဒီယိုကြောင့် စိတ်ထိခိုက်ခံစားခဲ့ရတဲ့အတွက် တောင်းပန်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
တော်ဝင်ကိုစော်ကားတာနှင့်ဆိုင်တဲ့ ထိုင်းဥပဒေဟာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံးဥပဒေတွေထဲက တစ်ခုလို့ ဘီဘီစီကရေးပါတယ်။
Source: Insider
#Health_Tips
Published 19 June 2022
ညစာစားစဉ် ဘီယာသောက်ခြင်းက အူလမ်းကြောင်းအတွက်အထောက်အကူဖြစ်စေပေမယ့် တစ်ခွက်တည်းဖြစ်ဖို့တော့ လိုပါတယ်။
ညနေတိုင်း ဘီယာတစ်ခွက်သောက်သုံးတဲ့ အမျိုးသားတွေမှာ ပိုမိုကျန်းမာတဲ့ အူလမ်းကြောင်းတွေ့ရှိရကြောင်း သုတေသီများတွေ့ရှိခဲ့ကြပါတယ်။
နှလုံးရောဂါနဲ့ ဆီးချိုရောဂါစတာတွေ ဖြစ်နိုင်ချေနည်းပါးနိုင်တယ်လို့ သီအိုရီတွေအရသိရှိရပါတယ်။
အယ်လ်ကိုဟောရဲ့ကျန်းမာရေးသက်ရောက်မှုတွေနဲ့ပတ်သက်ရင် အယ်လ်ကိုဟောမပါတဲ့ဘီယာတွေကလည်း အကျိုးသက်ရောက်မှု အတူတူပဲဖြစ်ပါတယ်။
အသက် ၂၃ နှစ်မှ ၅၈ နှစ်ကြားရှိတဲ့ ကျန်းမာရေးကောင်းမွန်သူအမျိုးသား ၁၉ ဦးကို တစ်လတိုင်အောင် ညစဉ်ညတိုင်း Super Bock ဘီယာ ၃၃၀ မီလီလီတာကို သောက်သုံးစေခဲ့ပါတယ်။
ဘီယာတွေထဲက အကြမ်းဖျင်းတဝက်လောက်က အယ်လ်ကိုဟော ၅.၂ ရာခိုင်နှုန်းပါဝင်ကာ ကျန်တာတွေကတော့ အယ်လ်ကိုဟော မပါဝင်ပါဘူး။
စမ်းသပ်မှုကာလအတွင်း အစမ်းသပ်ခံတဲ့သူတွေကို ပုံမှန်အတိုင်း စားသောက်နေထိုင်ပုံကို မပြောင်းလဲစေခဲ့ပါဘူး။
စမ်းသပ်မှုပြီးဆုံးတဲ့အခါ သူတို့ရဲ့ ကိုယ်အလေးချိန်၊ အဆီဓာတ်၊ ကိုလက်စ်ထရောပမာဏများ သိသိသာသာကွဲပြားခြင်း မရှိခဲ့ပါဘူး။
စမ်းသပ်မှု မပြုလုပ်ခင်နဲ့ ပြုလုပ်အပြီးမှာ ဝမ်းနမူနာများရယူပြီး လေ့လာခဲ့ရာမှာ သူတို့ရဲ့အူလမ်းကြောင်းမှာ ဘက်တီးရီးယားများစွာရှိတာကို တွေ့ရပါတယ်။
အဖွဲ့နှစ်ဖွဲ့စလုံးမှာ ၇ ရာခိုင်နှုန်းလောက် ဘက်တီးရီးယားပိုများတာကို တွေ့ခဲ့ရပါတယ်။
စမ်းသပ်မှုကိုကြည့်ပြီး သုတေသီများရဲ့သုံးသပ်ချက်အရ အယ်လ်ကိုဟောပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ဘီယာတစ်ပုလင်းသောက်သုံးခြင်းက အမျိုးသားတွေရဲ့အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ဘက်တီးရီးယားတွေ မှိုတွေကိုစုဆောင်းပေးတဲ့ အဏုဇီဝပိုးမွှားတွေမှာ ပိုလီဖီနောများပါဝင်ပြီး ဘီယာသောက်သုံးခြင်းဖြင့် များပြားလာစေပါတယ်။
ဒီပိုးမွှားတွေက သဘာဝအားဖြင့်အပင်တွေမှာတွေ့ရပြီး အစားအသောက်ထဲမှာတော့ ဘီယာတစ်မျိုးတည်းကနေသာ ရရှိနိုင်တာဖြစ်ပါတယ်။
ဒီပစ္စည်းတွေဟာ ဘီယာရဲ့အနံ့အရသာကောင်းမွန်စေတာကြောင့် ဘီယာထုတ်လုပ်ရေးစက်ရုံတွေမှာ အသုံးပြုကြပါတယ်။
အလွန်အကျွံသောက်သုံးခြင်းကတော့ အန္တရာယ်ရှိပြီး ညစဉ်ဘီယာ သို့မဟုတ် ဝိုင်တစ်ခွက်သောက်သုံးခြင်းဖြင့် ဦးနှောက်ကို ၂ နှစ်စာ အိုမင်းလာစေပါတယ်။
အယ်လ်ကိုဟောစွဲလမ်းတဲ့အခါ ကင်ဆာအမျိုးမျိုး၊ အသည်းရောဂါ၊ ပန်ကရိယရောဂါ၊ နှလုံးအားနည်းခြင်း၊ ဦးနှောက်ထိခိုက်ခြင်းတို့ ဖြစ်တတ်ပါတယ်။
Source: DailyMail.
#Yangon_Media_Group
#Local_News
Published_ 19 June 2022
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိစေတီတော်ကြီး၏ ပထမဖောင်းရစ် ဧရိယာ ၂၆၀၄ စတုရန်းပေအား ရွှေစင်ရွှေပြား၊ ရွှေသင်္ကန်းနှင့် ရွှေဆေးသင်္ကန်းများ ကပ်လှူပူဇော်ပွဲကို ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ရန်ရှိကြောင်း သိရပါတယ်။
စေတီတော်ကြီး ထီးတော်တင်လှူပြီးချိန်တွင် အပေါ်ပိုင်း စိန်ဖူးတော်၊ ငှက်မြတ် နားတော်၊ ထီးတော်၊ ပန်းလည်တိုင်၊ ငှက်ပျောဖူးတော်၊ ကြာလန်ရွဲနှင့် ကြာမှောက်၊ အောက်ကြာ နုအထိ ရွှေစင်ရွှေပြားများကို တစ်ပြိုင်နက်ပူဇော်ထားရှိပြီး စေတီတော်မြတ်ကြီး၏ ဖောင်းရစ်အောက် ကြာမှောက်မှ ပန်းတည်ခုံသို့တိုင် ရွှေဆေးသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ရာ ရွှေစင်ရွှေပြား သုံးကျပ်သားအချပ်ရေ ၁၂၀၇ ချပ်၊ တစ်ကျပ်သား အချပ်ရေ ၂၂၀ တို့ဖြင့် ပထမအကြိမ် လှူဒါန်းပူဇော်ခဲ့ကြပါတယ်။
စေတီတော်မြတ်ကြီး၏ တတိယဖောင်းရစ်ဧရိယာ ၂၂၈၀ ဒသမ ၁၃ စတုရန်းပေအား ရွှေစင်ရွှေပြား ၂၅၅၄ ချပ်ဖြင့် ၂၀၁၅ ခုနှစ်တွင် ကပ်လှူပြီးစီးခဲ့ပြီး ကျန်အောက်ခြေ ပန်းတည်ခုံအထိ ရွှေဆေးသင်္ကန်းကို ၂၀၁၅ ခုနှစ်တွင် ကပ်လှူခဲ့ပါတယ်။
ဒုတိယဖောင်းရစ်ဧရိယာ ၂၂၀၀ ဒသမ ၉၆ စတုရန်းပေအား ရွှေစင် ရွှေပြား ၂၂၃၂ ချပ်ကပ်လှူခြင်းနှင့် ကျန်အောက်ခြေပန်းတည်ခုံတိုင် ဧရိယာတို့အား ရွှေဆေးသင်္ကန်း ကပ်လှူခြင်းကို ၂၀၁၉ ခုနှစ်အတွင်း ဒုတိယအကြိမ် ကပ်လှူခဲ့ပါတယ်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အမြင့်ပေအောက် တစ်ပေလျော့၍ တည်ထားခဲ့ သော ၃၂၅ ပေ ဉာဏ်တော်အမြင့်ရှိသော ဥပ္ပါတသန္တိစေတီတော်ကြီးတွင် ဂေါတမ ဘုရားရှင်၏ “သာရီရက” ဓာတ်တော်အစစ်ခြောက်ဆူကို ဌာပနာ သွင်းလှူပူဇော်ထားရှိကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#Health_Tips
Published 19 June 2022
မှတ်ဉာဏ်ချို့ယွင်းခြင်းဝေဒနာက မှတ်သားနိုင်စွမ်း၊ စဉ်းစားသုံးသပ်နိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်း၊ ဆင်ခြင်ဖြေရှင်းနိုင်စွမ်းတွေနဲ့ ပတ်သက်ပြီး စွမ်းဆောင်မှုလျော့နည်းလာတဲ့ အခြေအနေဖြစ်ပါတယ်။
အယ်လ်ဇိုင်းမားရောဂါကလည်း မှတ်ဉာဏ်ချို့ယွင်းခြင်းဝေဒနာထဲမှာပါဝင်ပြီး အဖြစ်အများဆုံးရောဂါတစ်ခုဖြစ်ကာ အမေရိကန်မှာ အယ်လ်ဇိုင်းမားရောဂါခံစားရသူ ၆ သန်းခန့်ရှိကြောင်း အယ်လ်ဇိုင်းမား အဖွဲ့အစည်းကဆိုပါတယ်။
မှတ်ဉာဏ်ချို့ယွင်းခြင်းဝေဒနာက ကမ္ဘာတဝှမ်းရှိသက်ကြီးရွယ်အိုများကြား မသန်မစွမ်းဖြစ်လာရခြင်းနဲ့ မှီခိုခြင်းဖြစ်လာရစေတဲ့ အဓိကအကြောင်းအရင်းတွေထဲကတစ်ခုဖြစ်ပါတယ်။
ဒါပေမဲ့ ဒီရောဂါဆက်လက်ဆိုးရွားမလာအောင် လုပ်လို့ရနေနိုင်ပါတယ်။
မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ ဗိုက်တာမင်-ဒီချို့တဲ့ခြင်းကြား တိုက်ရိုက်ဆက်နွှယ်နေမှုကို ပြသနိုင်တဲ့ မျိုးရိုးဗီဇသုတေသနအသစ်ကို တောင်ဩစတြေးလျတက္ကသိုလ်မှ လေ့လာမှုဖြင့် လက်တွေ့အကောင်အထည်ဖော်နိုင်တော့မှာ ဖြစ်ပါတယ်။
လေ့လာမှုတွေထဲမှာ ဗိုက်တာမင်-ဒီနည်းပါးခြင်းက ဦးနှောက်ထုထည်နည်းခြင်းနဲ့ လေဖြတ်ခြင်း မှတ်ဉာဏ်ချို့ယွင်းခြင်းတို့ ဖြစ်လာနိုင်ချေရှိနေပါတယ်။
အချို့လူတွေမှာ ဗိုက်တာမင်-ဒီပုံမှန်ပမာဏရောက်ရှိအောင်ပြုလုပ်ခြင်းဖြင့် မှတ်ဉာဏ်ချို့ယွင်းခြင်းကို ၁၇ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။
ဩစတြေးလျမှ လူပေါင်း ၄၈၇,၅၀၀ ဟာ မှတ်ဉာဏ်ချို့ယွင်းခြင်းခံစားနေရပြီး နိုင်ငံရဲ့သေဆုံးရခြင်းအကြောင်းအရင်းတွေထဲမှာ ဒုတိယအများဆုံးဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးမှာ လူပေါင်း ၅၅ သန်းမှတ်ဉာဏ်ချို့ယွင်းခြင်း ဝေဒနာခံစားနေရပြီး နှစ်စဉ်နှစ်တိုင်း ရောဂါတိုးလာသူ ၁၀ သန်းခန့်ရှိနေပါတယ်။
ဩစတြေးလျ UniSA စင်တာမှ ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ'အယ်လီနာဟစ်ပိုနန်'က အဆိုပါတွေ့ရှိချက်တွေဟာ အရေးပါပြီး မှတ်ဉာဏ်ချို့ယွင်းခြင်းကာကွယ်မှုနဲ့ ဗိုက်တာမင်-ဒီချိုတဲ့ခြင်းမဖြစ်အောင်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။
လေ့လာမှုထဲမှာ ဗိုက်တာမင်-ဒီအလွန်နည်းပါးခြင်းကြောင့် မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ လေဖြတ်ခြင်းဖြစ်နိုင်ချေများကို လေ့လာခဲ့ကြပါတယ်။
ဒီဝေဒနာဟာ ခံစားနေရတဲ့သူတွေမှာ ပိုမိုဆိုးရွားလာတတ်တဲ့အရာမျိုးဖြစ်ပါတယ်။
လူသားတွေအနေနဲ့ ဗိုက်တာမင်-ဒီဆိုးဆိုးရွားရွားကြီးချို့တဲ့တာမျိုးမဖြစ်အောင် ပြောင်းလဲနိုင်မယ်ဆိုရင် လူပေါင်းထောင်သောင်းများစွာရဲ့အသက်ကို ကယ်ဆယ်နိုင်မှာဖြစ်ပါတယ်။
နေရောင်ခြည်နဲ့ အစားအစာတို့မှ ဗိုက်တာမင်-ဒီဓာတ်အလုံအလောက်မရဘူးဆိုရင် ဖြည့်စွက်စာများလိုအပ်လာနိုင်ကြောင်း 'ဟစ်ပိုနန်'က ပြောကြားလိုက်ပါတယ်။
Source: SciTechDaily
#Yangon_Media_Group
#LocalNews
Published_18 June 2022
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို တိုးမြှင့်လိုဟု ဘင်္ဂလားဒေ့ရှ်ကုန်သည်များ ပြောကြားခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (RSCCI) က သိရသည်။
ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်က စစ်တွေမြို့ Royal Sittwe Resort ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ဦးဆောင်သော ကုန်သည်များအဖွဲ့နှင့် ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(RSCCI)ဦးဆောင်သောကုန်သည်များအဖွဲ့တို့ ဆွေးနွေးခဲ့ကြစဉ် ဘင်္ဂလားဒေ့ရှ်ကုန်သည်များအနေဖြင့် အထက်ပါအတိုင်း ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"လက်ရှိလုပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းထက် ပိုပြီးအဆင်ပြေမယ့် လမ်းကြောင်းတစ်ခုစီစဉ်ပြီး ကုန်သွယ်မှုပမာဏကိုတိုးမြှင့်ချင်လို့ သူတို့ဘက်က အဓိကထားပြီး တွေ့ဆုံဆွေးနွေးကြတယ်။ ကျွန်တော်တို့ဘက်ကကျတော့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအပြင် နောက်ထပ်ဖြစ်နိုင်ခြေရှိတဲ့အရာတွေက ဘာတွေရှိနိုင်မလဲပေါ့ အဲဒါတွေကို ဆွေးနွေးတာပါ။အခုလို တွေ့ဆုံဆွေးနွေးတာကတော့ ကုန်သည်အချင်းချင်းအတွက် စီးပွားရေးပလက်ဖောင်းတစ်ခုဖြစ်လာအောင် ကနဦးအစပျိုးတဲ့သဘောမျိုးပေါ့"ဟုရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတင်အောင်ဦးက YMG ကို ပြောသည်။
အဆိုပါဆွေးနွေးပွဲသို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး HE- Manjural Karim Khan Chowdhury နှင့် စစ်တွေကောင်စစ်ဝန် Mohammad Barikul Islam တို့က ဦးဆောင်ဆွေးနွေးကာ လုပ်ငန်းရှင် ၉ ဦး တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (RSCCI) ဘက်မှ အသင်းဥက္ကဌ ဦးတင်အောင်ဦး ဦးဆောင်၍ ရခိုင်ပြည်နယ်ရှိလုပ်ငန်းရှင် ၂၇ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
photo-RSCCI
ymg/mt
#Yangon_Media_Group
U Chit Swe, Ambassador Extraordinary and Plenipotentiary of the Republic of
the Union of Myanmar to King of the Kingdom of Thailand, presented his
Credentials to His Majesty King Maha Vajiralongkorn Phra Vajiraklaochaoyuhua, King
of Thailand on 17 June 2022, in Bangkok., MRTV reported
Published 18 June 2022
ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးချစ်ဆွေဟာ ၎င်း၏သံအမတ် ခန့်အပ်လွှာကို ဇွန်လ (၁၇)ရက်နေ့တွင် ဗန်ကောက်မြို၌ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ထံ မဟာဗာချီရာ လောင်ကွန်း ဖရာ့ ဗာဂျီယာ ကလောင့် ကျောင့်ယူဟူဝါ ထံ ပေးအပ်ခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
#WorldBusiness
Published 18 June 2022
အမေရိကန်ဗဟိုဘဏ်မှ အတိုးနှုန်းတက်ပြီးနောက် စင်ကာပူနိုင်ငံက လူသုံးကုန်ပစ္စည်းဈေးနှုန်းများတည်ငြိမ်အောင် ကြိုးစားလျက်ရှိပြီး စင်ကာပူငွေကြေးတန်ဖိုးလျော့နည်းလာခြင်းကြောင့် သွင်းကုန်များ ငွေကြေးဖောင်းပွမှုနဲ့ ရင်ဆိုင်နေရပါတယ်။
#Yangon_Media_Group
Published 18 June 2022
ဆော်ဒီအာရေဗျရဲ့ သမိုင်းဝင်နေရာဖြစ်တဲ့ ဒီရီယာဒ်ဒိစတြိတ်နှင့် ယင်းရဲ့ ၁၈ရာစု ဆာလ်ဝါနန်းတော်ကြီးကို ပြန်လည်ပြုပြင်ပြီး ယခုနှစ် နှောင်းပိုင်းမှာ အများပြည်သူကို ဖွင့်လှစ်ပြသတော့မှာ ဖြစ်ပါတယ်။
အဲဒီနေရာဟာ ဆော်ဒီအာရေဗျရဲ့ အယ်လ်ဆော့ဒ် တော်ဝင်မိသားစုဟာ အာရေဗျကျွန်းဆွယ်ကို သိမ်းပိုက်ဖို့ အစီအစဉ်စတင် ရေးဆွဲခဲ့တဲ့ နေရာလို့ သိကြပါတယ်။
ဒီရီယာဒ်ဟာ ဆော်ဒီတော်ဝင်မိသားစုရဲ့ ဇာတိဖြစ်ပြီး ၁၇၄၄ ခုနှစ်ကနေ ၁၈၁၈ ခုနှစ်အထိ ပထမဆော်ဒီမင်းဆက်တွေ လက်အောက်က ဒီရီယာဒ်စော်ဘွားနိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့ပါတယ်။
အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မင်းရဲ့ ကြိုးစားအားထုတ်မှုကြောင့် မြို့တော်ရီယာဒ်ရဲ့ အနောက်မြောက်ဖက်မှာရှိတဲ့ အဲဒီသမိုင်းဝင်နေရာကို ပြန်လည်မွမ်းမံပြီး အများပြည်သူပြသဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
Source: AFP
Page 1578 of 1802