#World_Health
Published 17 August 2022
ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ၊ လူမှုပေါင်းသင်းဆက်ဆံရေးများ၊ မှတ်ဉာဏ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများစတဲ့ စိတ်အပန်းဖြေလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် မှတ်ဉာဏ်ချို့တဲ့ခြင်းဝေဒနာများနဲ့ အယ်လ်ဇိုင်းမားရောဂါတို့ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ဖွယ်ရှိပါတယ်။
စိတ်အပန်းဖြေလှုပ်ရှားမှုနဲ့ မှတ်ဉာဏ်ချို့တဲ့ခြင်းဝေဒနာတို့ကြား ဆက်စပ်မှုကို လေ့လာနိုင်ရန် သိပ္ပံနည်းကျအချက်အလက်ပေါင်းများစွာနဲ့ စနစ်တကျဆန်းစစ်မှုများကို Neurology မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။
မှတ်ဉာဏ်စွမ်းရည်ချို့တဲ့လာခြင်းမရှိတဲ့ လူပေါင်း ၂ သန်းကျော်ကို အနည်းဆုံးအချိန် ၃ နှစ်တိုင်အောင် စောင့်ကြည့်ခဲ့ကြပါတယ်။
အဲဒီနောက် အဆိုပါ လူဦးရေရဲ့ ၄ ရာခိုင်နှုန်းအောက်ဖြစ်တဲ့ ၇၄,၇၀၀ ယောက်ကသာ မှတ်ဉာဏ်စွမ်းရည်ချို့တဲ့ လာခဲ့ပါတယ်။
အသက်အရွယ်၊ ကျား/မ၊ ပညာရေးနဲ့ အခြားအကြောင်းအရာတွေကိုပါ ထည့်တွက်ရင်တောင် စိတ်အပန်းဖြေလှုပ်ရှားမှုပြုလုပ်ခြင်းက မှတ်ဉာဏ်စွမ်းရည်ချို့တဲ့လာခြင်းဝေဒနာ ဖြစ်လာနိုင်ချေနည်းပါးစေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
စိတ်ပြေလက်ပျောက်ဖြစ်စေတဲ့ လှုပ်ရှားမှုများကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးဆိုပြီး ခွဲခြားနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေကတော့ စာဖတ်ခြင်း၊ စာရေးခြင်း၊ တီဗီကြည့်ခြင်း၊ ရေဒီယိုနားထောင်ခြင်း၊ ဂိမ်းကစားခြင်း၊ ဂီတတူရိယာတီးခတ်ခြင်း၊ ကွန်ပျူတာနှိပ်ခြင်း၊ လက်မှုပညာပြုလုပ်ခြင်း စတာတွေဖြစ်ပြီး မှတ်ဉာဏ်ချို့ယွင်းလာခြင်းဖြစ်နိုင်ချေကို ၂၃ ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေမှာတော့ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ အားကစားလုပ်ခြင်း၊ ယောဂကျင့်ခြင်း၊ ကခုန်ခြင်းတို့ပါဝင်ကာ ၁၇ ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။
လူမှုဆက်ဆံရေးမှာတော့ အခြားလူများနဲ့ ပြောဆိုခြင်း၊ အတန်းတစ်ခုခုတက်ရောက်ခြင်း၊ အသင်းအဖွဲ့ထဲပါဝင်ခြင်း၊ ဆွေမျိုးအပေါင်းအသင်းများနဲ့ လည်ပတ်ခြင်း၊ ဘာသာရေးပွဲများတက်ရောက်ခြင်းတို့ဖြစ်ကာ ၇ ရာခိုင်နှုန်းလျှော့ချနိုင်ပါတယ်။
ပြီးခဲ့တဲ့လေ့လာချက်တွေမှာလည်း စိတ်အပန်းဖြေလှုပ်ရှားခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးများရရှိစေပုံကို ဖော်ပြထားကြောင်း ပေကျင်းမြို့ အမှတ်(၆)ပီကင်းဆေးရုံမှ ဒေါက်တာ'လင်းလူ'က ဆိုပါတယ်။
ထိုလေ့လာချက်တွေကို တရုတ်သဘာဝသိပ္ပံဖောင်ဒေးရှင်း၊ တရုတ်သိပ္ပံနဲ့နည်းပညာအဖွဲ့အစည်းနဲ့ PKU-Paidu ရန်ပုံငွေအဖွဲ့တို့မှ ထောက်ခံထားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_17 August 2022
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် နိုင်ငံရေးရာထူး တာဝန်ထမ်းဆောင်ခဲ့ကြသူများနှင့် လွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးအား နိုင်ငံရေးပင်စင် ငွေကျပ်သန်း ၄၀၄၀ ကျော် ခံစားခွင့်ပြုခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းသို့မဟုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအား နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကိုသယ်ပိုးထမ်းဆောင်ကြရသည့် လုပ်ငန်းတာဝန်နှင့် လျော်ညီသော ချီးမြှင့်ငွေနှင့် စရိတ်များကို ဥပဒေနှင့်အညီ ချီးမြှင့်ပေးလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ပြုနိုင်ရန် တင်ပြလျှောက်ထားလာမှုများ၊ သက်ဆိုင်ရာဌာနများနှင့် လွှတ်တော်ရုံးများက လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြလာမှုများအပေါ် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် နိုင်ငံရေးရာထူးရရှိခဲ့သူ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်(၉)ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်ပုဂ္ဂိုလ်(၅၀)ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁၅၂)ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်(၈၈)ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၉၂)ဦး၊ စုစုပေါင်း(၄၉၁) ဦးအား တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေး ပင်စင်များကို ခံစားခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။
ထိုသို့ချီးမြှင့်ခံခဲ့ရသော နိုင်ငံရေးရာထူးရရှိခဲ့ကြသူများနှင့် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ် (၄၉၁) ဦးမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ (၅) ဦး၊ တအောင်း (ပလောင်)အမျိုးသားပါတီမှ (၆)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၉၈) ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ(၂၁၇)ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ(၄၃)ဦး၊ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ(၃)ဦး၊ ရခိုင်အမျိုးသားပါတီမှ (၃၉)ဦး၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီနှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ (၄)ဦးစီဖြင့် စုစုပေါင်း(၈)ဦး၊ မွန်အမျိုးသားပါတီနှင့် ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီတို့မှ (၂)ဦးစီဖြင့် စုစုပေါင်း (၄)ဦး၊ ဒီမိုကရေစီပါတီသစ်(ကချင်) ကရင်ပြည်သူ့ပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဒီမိုကရက်တစ်ပါတီမြန်မာ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ “ဝ” ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ အာခါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ (၁)ဦးစီဖြင့် စုစုပေါင်း(၁၂)ဦး ၊ နိုင်ငံရေးပါတီဝင် မဟုတ်သူ (၄၃)ဦး၊ တစ်သီးပုဂ္ဂလ (၃)ဦး တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်စာရင်းဇယားအရ သိရသည်။
ယင်းအပြင် ကျန်ရှိနေသည့် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား နိုင်ငံရေးပင်စင် ချီးမြှင့်ပေးနိုင်ရန် စိစစ်ဆောင်ရွက် လျက်ရှိကြောင်း နစက ပြန်ကြားရေးဝန်ကြီးဌာနက သိရသည်။
၂၀၀၈ ခုနှစ်ဖွဲစည်းပုံအခြေခံ ဥပဒေတွင် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းအဆင့် အစိုးရအဖွဲ့ဝင်များ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဦးစီးအဖွဲ့ဝင်များအား လုပ်ငန်းတာဝန်နှင့် လျော်ညီသော ချီးမြှင့်ငွေများ ချီးမြှင့်ခွင့် ရှိကြောင်း ပြဌာန်းထားခြင်း ဖြစ်သည်။
#Yangon_Media_Group
Published_ 16 Aug 2022
ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီများ ယခုလကုန်ပြီး မကြာမီ ဝင်ရောက် လာမည်ဖြစ်ပြီး ဆက်တိုက်ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ထိုကြောင့် စက်သုံးဆီနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ရန်မလိုကြောင်း နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နစက အစည်းအဝေး (၇/၂၀၂၂) တွင် ပြောကြားခဲ့ပါတယ်။
စက်သုံးဆီနှင့်ပတ်သက်၍ ယခုလကုန်အထိ လုံလောက်စွာရှိပြီးဖြစ်ကြောင်း၊ ဝယ်ယူထားပြီးဖြစ်တဲ့ စက်သုံးဆီတင်သင်္ဘောများလည်း မကြာမီဆိုက်ရောက်မည်ဖြစ်ကာ စက်သုံးဆီဈေးနှုန်း ပတ်သက်၍ ကုန်သည်များ ဈေးကစားနေခြင်းသာဖြစ်ကြောင်း၊ သတ်မှတ်ချက်အတိုင်း ရောင်းချပေးရန် ညွှန်ကြားထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းနိုင်ငံခြားငွေကြေး လဲလှယ်နှုန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ ဘဏ်အား လုံး၏ ဝင်ငွေထွက်ငွေအခြေအနေ၊ နိုင်ငံခြားကုန်သွယ်မှု ဝင်ငွေထွက်ငွေ အခြေအနေတို အပေါ်တွင်မူတည်ကာ ဗဟိုဘဏ်က တွက်ချက်သတ်မှတ်ခြင်း ဖြစ်တယ် လို့ ဆိုပါတယ်။
ဝိသမလောဘသားများ ဈေးကစားခြင်းကြောင့်ငွေကြေးတည်ငြိမ်မှုမရှိခြင်း ဖြစ်ကာ နိုင်ငံတကာတွင်လည်း စီးပွားရေးကျဆင်းမှုများ တွေ့ကြုံနေကြရပြီး အရန်ငွေကြေး နည်းပါးတဲ့ မိမိတိုနိုင်ငံအတွက်လည်း ထိခိုက်မှုများရှိကြောင်း၊ သို့သော် လက်ရှိကုန်သွယ်မှု စနစ်အရ ပြဿနာမရှိနိုင်ဘူးလို့ ဆိုပါတယ်။
ထို့ပြင် ငြိမ်းချမ်းရေးကိုလည်း ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ အားလုံး တက်ညီလက်ညီတွန်းအားဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကောင်စီဝင်များ အနေဖြင့်လည်း ရှုထောင့်မျိုးစုံမှ စွမ်းအားရှိသမျှ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_16 August 2022
လတ်တလောမှာ မွန်ပြည်နယ်မှာ မိုးသည်းထန်ပြီးမြို့နယ်၊ ရပ်ကွက်တော်တော်များများမှာ ရေနစ်မြုပ်နေတယ်လို့ မော်လမြိုင်မှာ လူမှုကူညီရေးတွေ ဆောင်ရွက်ပေးနေတဲ့ ကိုဇင်မိုးကပြောပါတယ်၊၊
#Yangon_Media_Group
#World_Record
Published 16 August 2022
ပါကစ္စတန်နိုင်ငံမှ ဂါရှာဘရမ်တောင်ကို အောင်မြင်စွာတက်ရောက်ခဲ့အပြီးမှာတော့ နော်ဝေးလူမျိုး တောင်တက်အမျိုးသမီး'ခရစ္စတင်ဟာရီလာ'ဟာ ကမ္ဘာအမြင့်ဆုံးတောင်ထိပ် ၁၄ ခု မှတ်တမ်းတင်စံချိန်ကို ချိုးဖျက်နိုင်ရန် တောင်ထိပ် ၃ ခုသာ တက်ရောက်ဖို့ ကျန်ပါတော့တယ်။
#Yangon_Media_Group
#Local_News
Published_16 August 2022
မြန်မာနိုင်ငံမှာ ကူးစက်မြန်အိုမီခရွန်ဗီဇပြောင်းပိုး BA.4 နှင့် BA.5 ကို ပြည်တွင်းကူးစက်မှုအနေနဲ့ တွေ့ရှိရတဲ့အတွက် လူစုလူဝေးများတဲ့ပွဲတွေ၊ အခမ်းအနားတွေကို ကိုဗစ်စည်းကမ်းချက်နှင့်အညီကျင်းပကြဖို့လိုအပ်တယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဌဒေါက်တာသန်းစိန်က သတိပေးပြောကြားပါတယ်၊၊
#Yangon_Media_Group
Published 16 August 2022
ယူကရိန်းမှာ နျူကလီးယးလက်နက်သုံးဖို့ မော်စကိုမှာ အစီအစဉ်မရှိဘူးလို့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုအီဂုက ပြောပါတယ်။ သူက လုံခြုံရေးဆိုင်ရာ ကွန်ဖရင့်တစ်ခုမှာ ဩဂုတ် ၁၆ ရက်နေ့က ပြောကြားခဲ့တာပါ။ “စစ်ရေးအမြင်အရပြောရရင် ရည်မှန်းချက်တွေရရှိဖို့ ယူကရိန်းမှာ နျူကလီးယားလက်နက်သုံးဖို့ မလိုအပ်ပါဘူး” လို့ သူကပြောပါတယ်။
Source AFP
#Russia_Ukraine
#Russsia_Special_operation
#Nuclear_weapons
#Local_News
Published_16 August 2022
အမေရိကန်ဒေါ်လာဈေးကို ထိန်းချုပ်ကန့်သတ်ထားလေလေ မှောင်ခိုဈေးကွက် ကြီးစိုးလာလေလေ ဖြစ်တာကြောင့် ဗဟိုဘဏ်ရဲ့ ရည်ညွှန်းဈေးထက် ဈေးနှုန်းမြင့်တက်နေတာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က ဆိုကြပါတယ်။
#Yangon_Media_Group
#Local_News
Published _ 16 August 2022
ပြည်တွင်းရွှေဈေး ဒီနေ့ဩဂုတ် ၁၆ ရက်နေ့မှာ အခေါက်ရွှေ တကျပ်သားကို ၂၈ သိန်း ဈေးရှိနေပြီး အမေရိကန်ဒေါ်လာက အမြင့်ဆုံး တဒေါ်လာကို ၃၀၀၀ ကျော်အထိ ရှိနေတယ်လို့ ငွေကြေးဈေးကွက်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 16 August 2022
၁။ ပြည်တွင်း ရွှေဈေး ပြင်ပပေါက်ဈေး ၂၈ သိန်းနီးပါးဖြစ်နေပြီး ဒေါ်လာ ၃၀၀၀ ကျော်အထိ မြင့်တက်နေ
၂။ ဒေါ်လာဈေးကို ထိန်းချုပ်ခြင်းကြောင့် မှောင်ခိုဈေးကွက်ကြီးလာခြင်း ဖြစ်ဟုဆို
၃။ ပြည်တွင်းတွင် အိုမီခရွန်ပိုးသစ်ကူးစက်မှုရှိနေသဖြင့် ပွဲများ၊အခမ်းအနားများကို ကိုဗစ်စည်းကမ်းချက်နှင့်အညီ ကျင်းပရမည်ဟုဆို
၄။ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်များတက်ရောက်သည့်စံချိန်ကို နော်ဝေးတောင်တက်အမျိုးသမီးက ထပ်ချိုးရန်ကြိုးစားနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 16 August 2022
လိပ်ကျွန်းလူသတ်မှုနဲ့ ထောင်ဒဏ်တစ်သက် တစ်ကျွန်းကျခံနေရတဲ့ ဝင်းနဲ့ ဇော်ဟာ လွတ်ငြိမ်းချမ်းသာခွင့်မှာ မပါဝင်လာသေးဘူးလို့ အလုပ်သမားအရေးဆောင်ရွက်သူများဆီက နေသိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_16 August 2022
အဖမ်းခံထားရသည့် မှတ်တမ်းရိုက်ကူးသူဂျပန်နိုင်ငံသားကို အမှုအားလုံးပြတ်မှ လုပ်သင့်သည်ကိုလုပ်မည်ဟု နစက က ယနေ့ သြဂုတ်လ ၁၆ ရက်က ထုတ်ပြန်လိုက်သည်။
ယင်းမှာ အသက် ၂၆ နှစ်အရွယ်မစ္စတာ Toru Kubota ဆိုသူဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) City Max အနီး ဆန္ဒပြမှုတွင် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာ Toru Kubota ကို ဥပဒေအရ တရားစွဲဆိုအမှုဖွင့်ထားကြောင်း၊ သက်ဆိုင်ရာတရားရုံး၏ တရားစီရင်ချက်ကို စောင့်ရမည်ဖြစ်ပြီး အမှုအားလုံးပြီးပြတ်မှသာ လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်က နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်နိုင်ငံ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော် အမတ် Mr. Hiromichi Watanabe တို့ တွေ့ဆုံရာတွင် မစ္စတာ Toru Kubotaတိုရုကူဘိုတာ၏ အမှုကိစ္စကိုလည်း ပြောဆိုခဲ့ကြသေးကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1579 of 1914