#LocalNews
Published - 20 June 2022
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း အဝေးပြေးကားဂိတ်များကို ဇွန်လ ၁၆ ရက်မှစတင်ပိတ်ထားခဲ့ပြီး လက်ရှိတွင် ပြန်ဖွင့်မည့်ရက်ကိုပင် မသိရသေးကြောင်း ကားဂိတ်တာဝန်ရှိသူများထံမှသိရသည်။
ယခင်က အောင်ဆန်းကွင်းရှိ အဝေးပြေးကားဂိတ်များကို ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၁၈ ရက်အထိ သုံးရက်ပိတ်ထားရမည်ဟု ကြေညာထားခဲ့ခြင်းဖြစ်သည်။
"အောင်ဆန်းကွင်းကားဂိတ်က ဖွင့်ဖို့ရက်အတိအကျ မသိရသေးဘူး။ ကြာအုံးမယ်။ ပစ္စည်းပို့ဘာညာဆိုရင် အောင်မင်္ဂလာအဝေးပြေးဂိတ်ကနေ ပို့လို့ရတယ်။ ဘာကြောင့်ပိတ်တယ်ဆိုတာကတော့ မသိဘူး"ဟု အောင်ဆန်းကားဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းအပြင် ပိတ်ထားသည့်ရက်များအတွင်း ဂိတ်အတွင်းသို့ရောက်ရှိနေသည့် ကုန်ပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်းသိရပြီး ဂိတ်ပိတ်ထားခြင်းကြောင့် ကုန်ပစ္စည်း ထုတ်ယူမည့်သူများ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
အောင်ဆန်းကွင်းကားဂိတ်တွင် ကုန်ပစ္စည်းများ အများဆုံးအတင်၊ အချပြုလုပ်သည့် အဓိကနေရာဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published _ 20 June 2022
ကမ္ဘာတစ်ဝန်း၌ ကိုဗစ်(၁၉) ရောဂါဖြင့် သေဆုံးမှုနှုန်းထားသည် တပတ်အတွင်း လေးရာခိုင်နှုန်း ပြန်လည်မြင့်တက်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ သိရသည်။
ဇွန်လ ၆ ရက် မှ ၁၂ ရက်အတွင်း ကိုဗစ် (၁၉) ကူးစက်ခံရသူ လူနာသစ် ၃ ဒသမ ၂ သန်းရှိပြီး သေဆုံးသူဦးရေမှာ ၈၇၀၀ ကျော် ရှိကြောင်း သိရသည်။
အရှေ့တောင်အာရှတွင် ကိုဗစ် (၁၉) ရောဂါလူနာသစ် ၃၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို၌ အများဆုံး ဖြစ်ကြောင်းသိရသည်။
ဥရောပဒေသများတွင် အိုမီခရွန်မျိုးကွဲများကြောင့် ဆေးရုံတက်ရသူ အရေအတွက် ပိုများလာ ကြောင်း သိရသည်။
BA.4 နှင့် BA.5 သည် ပိုမိုပြင်းထန်သော ဖျားနာမှုတွေ မဖြစ်သော်လည်း ကိုဗစ်(၁၉) ရောဂါဖြစ်ပြီး အများထံ ထပ်မံကူးစက်ခံရတတ်ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်း၌ ဇွန်လ ၁၈ ရက် စာရင်းအရ ကိုဗစ်(၁၉) အတည်ပြုလူနာဦးရေ စုစု ပေါင်း ၅၄၃ သန်းကျော်ရှိပြီး သေဆုံးသူ ဦးရေဟာ ခြောက်သန်းကျော်ရှိကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
Published 20 June 2022
တနင်္ဂနွေနေ့ကပြုလုပ်တဲ့ ပြင်သစ်နိုင်ငံ ပါလီမန်ရွေးကောက်ပွဲတွေမှာ သမ္မတ အီမန်နျူယယ်မာခရွန် အများစုနေရာ မရရှိဘဲ ရှုံးနိမ့်သွားပါတယ်။ ဒါဟာ မာခရွန်အတွက် အခက်အခဲ အကြီးအကျယ် ဖြစ်သွားစေပြီး သူ့အနေနှင့် အခြားပါတီတွေနှင့် အပေးအယူမလုပ်နိုင်ရင် နိုင်ငံဟာ နိုင်ငံရေးတုံ့ဆိုင်းမှုကြီး ဖြစ်တော့မယ့် အခြေအနေဆိုက်ရောက်သွားခဲ့ပါတယ်။
အငြိမ်းစားအသက်ကိုတိုးမြှင့်ဖို့နှင့် အီးယူနှင့်နက်ရှိုင်းစွာပေါင်းစပ်ဖို့အစီအစဉ်တွေရှိတဲ့ မာခရွန်ရဲ့ မျှတတဲ့ နိုင်ငံရေးအမြင်ရှိတဲ့ Ensemble coalition အဖွဲ့ဟာ တနင်္ဂနွေရွေးကောက်ပွဲမှာ အများစုနေရာ ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။
လယ်ယာစွန်းယိမ်းတွေက စံချိန်တင်နိုင်ခဲ့ပြီးလက်ဝဲယိမ်းမဟာမိတ်ပါတီတွေဟာ အကြီးဆုံး အတိုက်အခံဖြစ်သွားပါတယ်။ ကွန်ဆာဗေးတစ်တွေကတော့ သူတို့မပါမပြီးအနေအထားဖြစ်လာပါတယ်။
ရွေးကောက်ပွဲရလာဒ်ကို ဒီမိုကရက်တစ် တုန်လှုပ်မှုကြီးတစ်ခုလိုက ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ဘရူနိုလေမာရီက ခေါ်ဝေါ်လိုက်ပါတယ်။တကယ်လို့ အခြားအဖွဲ့တွေက မပူးပေါင်းရင် သူတို့ရဲ့ပြုပြင်ပြောင်းလဲရေးနှင့် ပြင်သစ်နိုင်ငံကို ကာကွယ်ပေးနိုင်စွမ်းတွေမှာ အတားအဆီးဖြစ်လာလိမ့်မယ်လို့လည်း ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်းမကြုံဖူခဲ့တဲ့ ပါလီမန်အတွင်း အာဏာခွဲဝေမှု အဆင့်တစ်ခုနှင့် ပါတီတွေအကြား အပေးအယူလုပ်ဖို့ လိုအပ်လာတော့မှာဖြစ်ပါတယ်။
“ ရလာဒ်ဟာ ကျွန်တော်တို့ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအနေနှင့်ကြည့်ရင် အန္တရာယ်ရှိနေတယ်” လို့ ဝန်ကြီးချုပ် အဲလစ်ဇဘက်ဘွန်းက ပြောပါတယ်။ တနင်္လာနေ့ကစပြီး မာခရွန်အဖွဲ့ဟာ မဟာမိတ်တွေ ရှာဖွေတော့မယ်လို့လည်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောပါတယ်။
Source: Reuters
#WorldPolitics
Published 20 June 2022
တက္ကဆက်ပြည်နယ်ရှိ ရီပတ်ဘလင်ကန်အဖွဲ့ဝင်များက သမ္မတ'ဂျိုးဘိုင်ဒင်'အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကို တရားမဝင်ဟုဆိုကာငြင်းပယ်လိုက်ပြီး ယခုသီတင်းပတ်အကုန်မှာ ပြုလုပ်ခဲ့တဲ့ ပြည်နယ်တဝှမ်းအစည်းအဝေးပွဲကြီးမှာ လိင်တူပေါင်းသင်းဆက်ဆံခြင်းကို ပုံမှန်မဟုတ်သည့်လူမှုနေထိုင်မှုဘဝလို သတ်မှတ်ဖို့အတွက် မဲဆန္ဒပေးခဲ့ကြပါတယ်။
နှစ်ပါတီဆိုင်ရာ ကွန်ဂရက်ကော်မတီက 'ဘိုင်ဒင်'ရွေးကောက်ပွဲမှာအနိုင်မရသင့်ဘူးဆိုတဲ့ အယူအဆမှားတွေကို ရှင်းရှင်းလင်းလင်းနဲ့ လူသိရှင်ကြားပယ်ဖျက်ပေးဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ ရီပတ်ဘလင်ကန်အမာခံပြည်နယ်အတွင်း အခြေအမြစ်မရှိတဲ့ ရွေးကောက်ပွဲဆိုင်ရာ လိမ်လည်စွပ်စွဲချက်များကို ပါတီကလက်ခံယုံကြည်လာတာဖြစ်ပါတယ်။
ရွေးကောက်ပွဲတုန်းက 'ဘိုင်ဒင်'ဟာ ပြိုင်ဘက်'ဒေါ်နယ်ထရမ့်'ထက် မဲပေါင်း ၇ သန်းပိုမိုရရှိခဲ့ပြီး ရွေးကောက်ပွဲအဖွဲ့အစည်းထံမှ အနိုင်ရဖို့လိုအပ်တဲ့ ၂၇၀ မဲကိုကျော်လွန်ကာ ၃၀၆ မဲရရှိခဲ့ပါတယ်။
၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့က အမေရိကန်လွှတ်တော်အဆောက်အအုံ တိုက်ခိုက်ခံရမှုကို ကွန်ဂရက်ကော်မတီက စုံစမ်းစစ်ဆေးနေပါတယ်။
ဒီကိစ္စမှာ 'ထရမ့်'က ၂၀၂၀ ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်မခံဘဲ တွန်းလှန်ဖို့ကြိုးစားနေပြီး အာဏာကို တရားမဝင်ရယူရန် ပူးပေါင်းကြံစည်နေတယ်လို့ ယူဆရတဲ့အပေါ် စုံစမ်းနေကြတာဖြစ်ပါတယ်။
အမေရိကန်ရဲ့ ၄၅ ကြိမ်မြောက်သမ္မတဖြစ်ခဲ့တဲ့'ထရမ့်'ကတော့ ဘာအမှားမှမလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။
"၂၀၂၀ ရွေးကောက်ပွဲရဲ့အတည်ပြုရလာဒ်တွေကို ကျွန်တော်တို့ငြင်းပယ်ပါတယ်၊ လက်ရှိသမ္မတ'ဂျိုဆက်ရော်ဘီနက်ဘိုင်ဒင်ဂျူနီယာ'က အမေရိကန်ပြည်သူတွေကနေ တရားဝင်ရွေးကောက်တင်မြှောက်ထားတာမဟုတ်ဘူးလို့ ကျွန်တော်တို့ယုံကြည်ပါတယ်" လို့ တက္ကဆက်ပါတီက အစည်းအဝေးပွဲအတွင်း မဲခွဲဆုံးဖြတ်မှုတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
တက္ကဆက်ဟာ အမေရိကန်ပြည်ထောင်စုနိုင်ငံရေးမှာ ရွေးကောက်မဲ ၃၈ မဲဖြင့် အဓိကပါဝင်နေသူဖြစ်ပြီး ကယ်လီဖိုးနီးယားပြီးရင် ဒုတိယအများဆုံးဖြစ်ပါတယ်။
တက္ကဆက်ကမဲပေးသူတွေဟာ လွန်ခဲ့တဲ့ဆယ်စုနှစ် ၄ ခုအတွင်း ရီပတ်ဘလစ်ကန်သမ္မတတွေကို ထောက်ခံခဲ့ကြပါတယ်။
ဒီကိစ္စအပေါ် အိမ်ဖြူတော်က မှတ်ချက်ပေးပြောကြားခြင်း မရှိသေးပါဘူး။
ရိုက်တာစစ်တမ်းကောက်ယူချက်များအရ ရီပတ်ဘလစ်ကန်ထောက်ခံသူ ၃ ပုံ ၂ ပုံလောက်ဟာ ၂၀၂၀ သမ္မတရွေးကောက်ပွဲအတွင်း 'ထရမ့်'ထံမှ မဲခိုးခံခဲ့ရတယ်လို့ ယုံကြည်နေကြပါတယ်။
ရွေးကောက်ပွဲပြန်လည်ဆန်းစစ်ရာမှာ မဲလိမ်လည်ခဲ့တဲ့ သက်သေအထောက်အထားမတွေ့ရှိရဘဲ ပြည်နယ်နဲ့ ပြည်ထောင်စုတရားသူကြီးများက ထရမ့်နဲ့ထောက်ခံသူတွေတင်ပြထားတဲ့ တရားစွပ်စွဲချက် ၅၀ ကျော်ကို ပယ်ချခဲ့ပါတယ်။
တက္ကဆက်ရီပတ်ဘလင်ကန်အစည်းအဝေးပွဲကြီးမှာ လိင်တူပေါင်းသင်းခြင်းကိုလည်း ဝေဖန်ထားပြီး လိင်ပြောင်းလဲခြင်းကို အသိအမှတ်ပြုပေးဖို့ကို ဆန့်ကျင်ကြောင်းပြောကြားခဲ့ကြပါတယ်။
LGBT ကိုယ်စားပြု ဟျူ့စတန်လော့ဂ်ကေဘင်ရီပတ်ဘလစ်ကန်အဖွဲ့က တက္ကဆက်ရီပတ်ဘလစ်ကန်ကွန်ဗန်းရှင်းရဲ့လုပ်ရပ်ဟာ နိုင်ငံရေးအရအမြင်ကျဉ်းတယ်လို့ သတ်မှတ်ခဲ့ပါတယ်။
သမ္မတ'ထရမ့်'က လိင်တူတွေကိုအထောက်ခံဆုံး ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်ကြောင်း လော့ဂ်ကေဘင်ရီပတ်ဘလစ်ကန်စီမံညွှန်ကြားရေးမှူး'ချားလ်စ်မိုရန်'က ရိုက်တာကိုပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#WorldPopulation
Published 20 June 2022
အသက် ၂၀ ဝန်းကျင်ရှိ ဂျပန်အမျိုးသား ၄၀ ရာခိုင်နှုန်းလောက်ဟာ တစ်ခါမျှလူငယ်သဘာဝချိန်းမတွေ့ကြဖူးဘူးလို့ ဂျပန်အစိုးရမှထုတ်ပြန်တဲ့ သတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။
ဂျပန်အာဏာပိုင်များက ၂၀၂၁ ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်း အသက် ၂၀ မှ ၆၀ ကြားလူပေါင်း ၂ သောင်းကို မေတ္တာရေးရာနဲ့ ဝင်ငွေပိုင်းဆိုင်ရာများနဲ့ ပတ်သက်တဲ့စစ်တမ်းများကောက်ယူခဲ့ပါတယ်။
ထိုစစ်တမ်းအဖြေများကို ယခုလအတွင်းအစိုးရကထုတ်ပြန်ခဲ့ပါတယ်။
ထိုစစ်တမ်းတွေ့ရှိမှုထဲမှာ အသက် ၂၀ ဝန်းကျင်ရှိ လူပျိုလူလွတ် ၁၀ ဦးမှာ ၄ ဦးက တစ်ခါမှချိန်းမတွေ့ဖူးကြဘူးကြောင်း တွေ့ရှိခဲ့ရပါတယ်။
မေးခွန်းတွေထဲမှာ အိမ်ထောင်ရှိလား တစ်ကိုယ်တည်းလားဆိုတဲ့မေးခွန်းတွေနဲ့ ချိန်းတွေ့ဖူးလားဆိုတဲ့မေးခွန်းတွေကို မေးမြန်းခဲ့ပါတယ်။
အသက် ၃၀ အရွယ်အမျိုးသားတွေမှာတောင် တစ်ကိုယ်တည်းဖြစ်နေရတဲ့အခြေအနေတွေက သိသိသာသာ လျော့ကျသွားတာမျိုးမရှိပါဘူး။
အသက် ၃၀ ဝန်းကျင်ခန့်ရှိ အမျိုးသား ၃၅ ရာခိုင်နှုန်းလောက်ဟာလည်း တစ်ခါမှချိန်းမတွေ့ဖူးကြဘူးလို စစ်တမ်းကောက်ယူ ရရှိထားပါတယ်။
အသက် ၄၀ ဝန်းကျင်အမျိုးသားတွေမှာလည်း ၂၂ ရာခိုင်နှုန်းလောက်က တစ်ခါမှချိန်းမတွေ့ဖူးကြပါဘူး။
အသက် ၂၀ ဝန်းကျင် အမျိုးသမီး ၂၅ ရာခိုင်နှုန်းဟာလည်း တစ်ခါမှချိန်းမတွေ့ဖူးကြပါဘူး။
အသက် ၃၀ ဝန်းကျင်အမျိုးသမီးတွေမှာ ၂၂ ရာခိုင်နှုန်း၊ အသက် ၄၀ အရွယ်တွေမှာတော့ ၁၂ ရာခိုင်နှုန်းအသီးသီးရှိခဲ့ပါတယ်။
ဂျပန်နိုင်ငံမှ အသက် ၃၀ ဝန်းကျင်ရှိ ကျား/မမရွေးတစ်ကိုယ်တည်းနေထိုင်သူ ၄ ယောက်မှာ ၁ ယောက်က အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိကြပါဘူး။
အသက် ၃၀ အရွယ်ရှိ အမျိုးသား ၂၆.၅ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၂၅.၄ ရာခိုင်နှုန်းတို့ဟာ အိမ်ထောင်မပြုချင်ကြဘူးလို့ စစ်တမ်းကောက်ယူရရှိပါတယ်။
အိမ်ထောင်မပြုရတဲ့ အကြောင်းအရင်းက လွတ်လပ်စွာနေထိုင်ချင်တာကြောင့်လို့ ဆိုကြပါတယ်။
အမျိုးသမီးတွေမှာ အလုပ်အကိုင်ဆုံးရှုံးရခြင်း၊ ဘဏ္ဍာရေးအခက်အခဲရှိခြင်းတို့အပြင် အိမ်ကိစ္စနဲ့ ကလေးထိန်းသိမ်းရမယ့် ကိစ္စများကြောင့် လက်မထပ်ကြဖို့ ဆုံးဖြတ်ကြတာဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်းက အလွန်နည်းပါးလာပြီး 'အီလွန်မက်စ်'လိုပုဂ္ဂိုလ်မျိုးကပင် ဂျပန်နိုင်ငံအနေနဲ့ ကလေးမွေးဖွားမှုနှုန်း မမြင့်လာဘူးဆိုရင် ဂျပန်လူမျိုးပျောက်ကွယ်သွားနိုင်တယ်လို မေလက သတိပေးခဲ့ပါတယ်။
၂၀၂၁ အတွင်း ဂျပန်မှာကလေးမွေးနှုန်းစံချိန်တင်အနည်းဆုံးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ဂျပန်လူဦးရေစံချိန်တင်ကျဆင်းခဲ့ပါတယ်။
Source:Insider.
#Yangon_Media_Group
#WorldHealth
Published 20 June 2022
စအိုကင်ဆာရောဂါခံစားနေရတဲ့လူနာ ၁၈ ဦးကို တူညီတဲ့ဆေးဖြင့် အသေးစားစမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။
တွေ့ရှိလာတဲ့ရလာဒ်တွေက အံ့အားသင့်ဖွယ်ရာကောင်းပြီး ကင်ဆာရှာဖွေတဲ့ နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေရာမှာ လူနာအားလုံးမှာ ရောဂါမတွေ့ရတော့ဘဲ ကင်ဆာပျောက်ကင်းသွားခဲ့ပါတယ်။
မမ်မိုရီယယ်လ်စလုန်းကက်တာရင်းကင်ဆာစင်တာမှ ဒေါက်တာ’လူးဝစ်ဒီယာ့ဇ်ဂျူနီယာ'က နယူးအင်္ဂလန်ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ရာမှာ စမ်းသပ်ခဲ့တဲ့လူနာတိုင်းကင်ဆာပျောက်ကင်းသွားတယ်ဆိုတဲ့ တခြားစမ်းသပ်ချက်မျိုး တစ်ခါမှမတွေ့ဖူးကြောင်း၊ ကင်ဆာသမိုင်းမှာ ဒါပထမဆုံးအကြိမ်ဖြစ်ကြောင်း ဆိုပါတယ်။
ဆန်ဖရန်ဆစ္စကိုကယ်လီဖိုးနီးယားတက္ကသိုလ်မှ အစာအိမ်ဟောင်းလမ်းကြောင်းအထူးကုဒေါက်တာ’အလန်ဗီနွတ်ခ်’ကလည်း ဒီလိုရလာဒ်မျိုးက ပထမဆုံးတွေ့ဖူးတာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
အဆိုပါ စအိုကင်ဆာလူနာတွေဟာ ဓာတုကုသနည်းများ၊ ဓာတ်ရောင်ခြည်ကုသနည်းများ၊ အချို့လူများဆိုရင် ခွဲစိတ်ခြင်းများပါ ပြုလုပ်ခဲ့ကြပါတယ်။
နောက်ထပ်အံ့အားသင့်စရာကောင်းတာက ဘယ်လူနာမှ နောက်ဆက်တွဲဆိုးကျိုးတွေ မခံစားရကြောင်း ဒေါက်တာ’ဗီနွတ်ခ်’က ဆိုပါတယ်။
လူနာ ၅ ဦးမှာ ၁ ဦးနှုန်းကတော့ ဆေးနဲ့မတည့်တာမျိုး ခံစားရပါတယ်။
ဆေးကို ၃ ပတ်တစ်ကြိမ်ဖြင့် ၆ လပေးခဲ့ရပြီး ဆေးတစ်စုံကို အမေရိကန်ဒေါ်လာ ၁၁,၀၀၀ ကျသင့်ပါတယ်။
ထိုဆေးတွေက ကင်ဆာဆဲလ်တွေကို မျက်နှာဖုံးခွာသလိုပြုလုပ်ပေးပြီး ကိုယ်ခံအားက တိုက်ခိုက်စေပါတယ်။
ဘေးထွက်ဆိုးကျိုးသိသိသာသာ မတွေ့ရတာကတော့ လူနာများများစားစားစမ်းသပ်ရတာ မဟုတ်သလို ကင်ဆာကရိုးရှင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ရလာဒ်တွေက မကြုံစဖူးသိသာကောင်းမွန်ပေမယ့် ထပ်မံစစ်ဆေးမှုများပြုလုပ်ရန် လိုအပ်သေးကြောင်း ဟားဗတ်ဒ်ဆေးတက္ကသိုလ်မှဒေါက်တာ’ကင်မီနိုင်’က ပြောကြားလိုက်ပါတယ်။
ပထမဆုံးစမ်းသပ်တဲ့လူနာက အသက် ၃၈ နှစ်ရှိ မစ္စ’စက်ချာရော့သ်’က ၂၀၁၉ ခုနှစ်မှာ စအိုကသွေးထွက်တာကြောင့် အစာအိမ်အူလမ်းကြောင်းအထူးကုနဲ့ပြသရာမှာ ကင်ဆာဖြစ်နေကြောင်းသိရှိခဲ့ရပါတယ်။
ဆေးဖြင့်စမ်းသပ်ခဲ့ပြီးရာမှာတော့ ကင်ဆာလုံးဝမရှိတော့ဘဲ နောက်ထပ် ၂ နှစ်ကြာတဲ့အထိ ကင်ဆာမတွေ့ရတော့ပါဘူး။
Source: Today
#Yangon_Media_Group
Published 19 June 2022
မကြာမီသမ္မတသက်တမ်းကုန်ဆုံးတော့မယ့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတီးရဲ့သမီး ဆာရာဒူတာတီး ကာပီယိုဟာ ဖိလစ်ပိုင်ရဲ့ ၁၅ ဦးမြောက် ဒုတိယသမ္မတအဖြစ် တနင်္ဂနွေနေ့ (ယနေ့)မှာ ကျမ်းသစ္စာပြုလိုက်ပြီး ရွေးကောက်ပွဲစည်းရုံးလှုံဆော်မှုတွေမှာ စိတ်ဝမ်းကွဲစေတဲ့ဖိလစ်ပိုင်မှာ အမျိုးသားညီညွတ်ရေးကို တောင်းဆိုလိုက်ပါတယ်။
“ ရှေ့လာမယ့်နေ့ရက်တွေဟာ ကျွန်မတို့အတွက်နိုင်ငံတစ်နိုင်ငံအနေနှင့် ပိုပြီးစည်းလုံးညီညွတ်ကြစေဖို့ တောင်းဆိုမယ့် စိန်ခေါ်မှုတွေ အပြည့်ပဲ” လို့ သူမရဲ့ ဇာတိမြို့ ဒါဗာအိုမှာ အခမ်းအနားမိန့်ခွန်းပြောကြားရာမှာ သူမက ထည့်သွင်းပြောကြားခဲ့ပါတယ်။ သူမဟာ အဲဒီမြို့မှာ မိဘနှစ်ပါး အနားမှာရပ်နေစေပြီး ကျမ်းသစ္စာကျိမ်ဆိုခဲ့တာပါ။
အသက် ၄၄ နှစ်အရွယ် ဒူတာတီးကာပီယိုဟာ ဇွန်၃၀ရက်မှာ သမ္မတအဖြစ် ကျမ်းကျိန်မယ့် ဖာဒီနန်မားကို့စ် ဂျူနီယာနှင့်အတူ မေ ၉ ရက် က ကျင်းပတဲ့ ဒုသမ္မတနေရာ တွဲဖက်ယှဉ်ပြိုင်ခဲ့တာပါ။ သူတို့နှစ်ဦးဟာ ဇွန်၃၀ ရက်ကစပြီး ခြောက်နှစ်ကြာ သက်တမ်းမှာ တာဝန်ထမ်းဆောင်ကြမှာ ဖြစ်ပါတယ်။
Source: Reuters
TV Yangon Times Matters အစီအစဉ်
Published - 19 June 2022
အစီစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က စာရေးဆရာဦးအောင်သျှန်ဝိုင်း(ကျိုက်မရော)နှင့်အတူ
တိုင်းပြည်သိအောင်ဆိုပြီး ရေးလိုက်ပေမယ့် ကြိုးစားသလောက်အရာမထင်ဘဲ စတေးခံလိုက်ရတဲ့စာမူတွေ အများကြီးရှိတယ်ဆိုတဲ့အကြောင်း
ပြည်သူတွေကို တကယ်အလုပ်အကျွေးပြုနေတဲ့ ပညာရှင်တွေဘေးရောက်နေတာကို နှမြောမိတဲ့အကြောင်း
စာနယ်ဇင်းဆရာတွေရဲ့ သားသမီးတွေကို ကိုယ့်သားသမီးလိုသဘောထားပြီး အနည်းနဲ့အများတော့ ထောက်ပံ့မှုလေးတွေ လုပ်ပေးသွားမယ်ဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 19 June 2022
တက်စ်လာက အမေရိကန်က ယင်းရဲ့ ကား မိုဒယ်လ်အာလုံးရဲ့ ဈေးနှုန်းကိုသိသိသာသာ တိုးမြှင့်လိုက်ပြီး တရုတ်ပြည်တွင်းမှာ ထုတ်တဲ့ယင်းရဲ့ မိုဒယ်လ် Y ဂွင်ကျယ် အမျိုးအစားကားတွေကိုလည်း ဈေးတက်လိုက်ပါတယ်။ ကုန်ကြမ်းပစ္စည်းတွေနှင့် ထောက်ပို့ကွင်းဆက် ဈေးတွေတက်လာနေတာကြောင့်ဖြစ်ပါတယ်။
တက်စ်လာက ကားမိုဒယ်လ် လေးမျိုးကို အဓိက ရောင်းချနေပါတယ်။ မိုဒယ်လ် အက်စ်၊ မိုဒယ်လ်သရီး၊မိုဒယ်လ် အိတ်စ် နှင့် မိုဒယ်လ် ဝိုင်တို့ဖြစ်ကြပါတယ်။မိုဒယ်လ်တစ်ခုစီဟာ ဖွဲ့စည်းစီစဉ်ပုံတွေ မတူခြားနားကြပါတယ်လို့ တက်စ်လာရဲ့ ဝက်ဘ်ဆိုက်ထဲမှာ ဖော်ပြထားပါတယ်။
အမေရိကန်မှာ တက်စ်လာ ကားတွေဟာ ဒေါ်လာ ၂၅၀၀ကနေ ၆၀၀၀ အကြားဈေးတက်သွားပါတယ်။ မိုဒယ်လ်သရီး ဂွင်ကျယ်အမျိုးအစား ဟာ ဒေါ်လာ ၂၅၀၀တိုးလာပြီး ယင်းက ဈေးအနည်းဆုံးတိုးထားတာဖြစ်ပါတယ်။ မိုဒယ်လ်သရီးရဲ့ အခြားအမျိုးအစားတွေက အပြောင်းအလဲမရှိဘူးလို့ ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
မိုဒယ်လ်အိတစ်က မော်တာနှစ်လုံးတပ် all-wheel drive ဟာ အမြင့်ဆုံးဈေးတက်ထားပြီး ဒေါ်လာ ၆၀၀၀ မြင့်တက်လာပါတယ်။ တရုတ်က ဝိုင်မိုဒယ်လ်ကတော့ ငါးရာခိုင်နှုန်းဖြစ်တဲ့ ယွမ် ၁၉၀၀၀ ဈေးတက်သွားပြီး ယွမ်၃၉၄၉၀၀ ဖြစ်လာပါတယ်။အခြားမိုဒယ်လ်တွေက ဈေးအပြောင်းအလဲမရှိပါဘူး။
ဈေးတက်ရတဲ့အကြောင်းရင်းကို တက်စ်လာက ကြေညာတဲ့အထဲ ထည့်ပြောမသွားပါဘူး။ ရိုက်တာရဲ့ သုံးသပ်ချက်အရတော့ ဒါဟာ ငွေကြေးဖောင်းပွမှုကြောင့်နှင့် ၊ပြီးတော့ လျှပ်စစ်ကားတွေရဲ့ ဖရိမ်တွေနှင့် ဘက်ထရီတွေမှာ မရှိမဖြစ်သုံးတဲ့ အလျူမီနီယမ်နှင့် လစ်သီယမ်အပါအဝင် ကုန်ကြမ်းတွေဈေးတက်လာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ဈေးတက်တာဟာ ကုန်ကြမ်းတွေဈေးတက်တာကြောင့်အပြင် ထောက်ပံ့မှုနည်းပါးမှုတာကြောင့်လည်းဖြစ်ပါတယ်။ အချိန်တိုတိုအတွင်း ပစ္စည်းသွင်းမယ့်သူတွေ ထပ်ရှာဖို့ အခက်အခဲလည်းရှိနေပါတယ်။
အချို့သော တက်စ်လာမိုဒယ်လ်တွေကို အမေရိကန်မှာ ပေးပို့တဲ့အချိန်ဟာ တစ်လနောက်ကျနေတယ်လို့လည်းသိရပါတယ်။
Source CCTV+
TV Yangon Times Matters အစီအစဉ်
Published - 19 June 2022
အစီစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က စာရေးဆရာဦးအောင်သျှန်ဝိုင်း(ကျိုက်မရော)နှင့်အတူ
တိုင်းပြည်သိအောင်ဆိုပြီး ရေးလိုက်ပေမယ့် ကြိုးစားသလောက်အရာမထင်ဘဲ စတေးခံလိုက်ရတဲ့စာမူတွေ အများကြီးရှိတယ်ဆိုတဲ့အကြောင်း
ပြည်သူတွေကို တကယ်အလုပ်အကျွေးပြုနေတဲ့ ပညာရှင်တွေဘေးရောက်နေတာကို နှမြောမိတဲ့အကြောင်း
စာနယ်ဇင်းဆရာတွေရဲ့ သားသမီးတွေကို ကိုယ့်သားသမီးလိုသဘောထားပြီး အနည်းနဲ့အများတော့ ထောက်ပံ့မှုလေးတွေ လုပ်ပေးသွားမယ်ဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 19 June 2022
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်ဦးဆောင် ကျင်းပမည့် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအား ကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများမှ ပြေးခုန်ပစ်အားကစားနည်းကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများက သံလုံးပစ်၊ သံပြားပစ်၊ မီတာ (၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀)နှင့် မီတာ (၅၀၀၀) ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ မသန် စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ သိရသည်။
လက်ရှိတွင် အဖွဲ့ချုပ်မှ အားကစားသမား အမျိုးသား (၁၃)ဦး၊ အမျိုး သမီး (၄)ဦး၊ နည်းပြ (၄)ဦး တို့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မသန်စွမ်း အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းသွင်း လေ့ကျင့်လျက်ရှိသည်။
မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်က အားကစားသမားများသည် မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် (၉) ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၃)ခု ဆွတ်ခူးခဲ့ကြောင်း ယင်းမှသိရသည်။
ယင်းပြိုင်ပွဲကို လာမည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်မှ ဩဂုတ်လ ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 19 June 2022
အစီစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က စာရေးဆရာဦးအောင်သျှန်ဝိုင်း(ကျိုက်မရော)နှင့်အတူ
တိုင်းပြည်သိအောင်ဆိုပြီး ရေးလိုက်ပေမယ့် ကြိုးစားသလောက်အရာမထင်ဘဲ စတေးခံလိုက်ရတဲ့စာမူတွေ အများကြီးရှိတယ်ဆိုတဲ့အကြောင်း
ပြည်သူတွေကို တကယ်အလုပ်အကျွေးပြုနေတဲ့ ပညာရှင်တွေဘေးရောက်နေတာကို နှမြောမိတဲ့အကြောင်း
စာနယ်ဇင်းဆရာတွေရဲ့ သားသမီးတွေကို ကိုယ့်သားသမီးလိုသဘောထားပြီး အနည်းနဲ့အများတော့ ထောက်ပံ့မှုလေးတွေ လုပ်ပေးသွားမယ်ဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Page 1576 of 1802