#World_Cup
Published 12 November 2022
ပင်လယ်ကွေ့နိုင်ငံကျဉ်းလေးဖြစ်တဲ့ ကာတာနိုင်ငံမှာ ယခုလအတွင်းကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွင်း ပရိသတ်တွေပြည့်လျှံနေမှာကို စိုးရိမ်မှုများရှိနေကြပေမယ့် ကာတာမှကမ္ဘာ့ဖလားပြိုင်ပွဲစီစဉ်သူတွေကတော့ ပြိုင်ပွဲကာလတွင်းအတွက် အခန်းလွတ်ထောင်နဲ့ချီပြီးကျန်နေသေးတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 12 Nov 2022
- အိမ်သာတစ်ခုနှင့် ဧည့်ခန်းတစ်ခု ဘယ်ဟာကအရေးကြီးပါသလဲ??
#Yangon_Media_Group
#Local_News
Published _ 12 November 2022
ရန်ကုန်တိုင်း အိမ် ခြံ မြေ အရောင်းအဝယ်ဈေးကွက်ဟာ အခုလထဲမှာ ဝယ်ယူမှုနည်းပါးနေပြီး အရောင်းပဲရှိနေကာ ဈေးတွေကလဲ အရင်ဈေးတွေအတိုင်း ကျဆင်းမှုမရှိပဲ ပုံမှန်အနေအထားမျိုးပဲရှိနေတယ်လို့ ရန်ကုန်တိုင်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 12 November 2022
အသက်မပြည့်စစ်သည် ၁၀၅၇ ဦးကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားခဲ့ပါတယ်။
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီအစည်းအဝေး(၂/၂၀၂၂)ကို နိုဝင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီတွင် ကာကွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပစဉ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးအတွက် ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီကို စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှ CTFMR နှင့် Plan of Action လက်မှတ်မရေးထိုးမီ ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်အထိ အရွယ်မရောက်သေးသူ ကလေးသူငယ် ၅၉၇ ဦးကို တပ်မတော်မှ နှုတ်ထွက်ခွင့် ပေးခဲ့ပါတယ်။
ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် တပ်မတော် (ကြည်း)ပါဝင်နေခြင်းအား စာရင်းမှပယ်ဖျက်နိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် Country Task Force on Monitoring and Reporting (CTFMR)တို့အကြား အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစီမံချက်(Plan of Action)ကို ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါတာပါ။
အဆိုပါစီမံချက်အရ CTFMR နှင့်ပူးပေါင်းပြီး အရွယ်မရောက်သေးမီ မှားယွင်း စုဆောင်းခဲ့သည့် အသက်မပြည့်စစ်သည် (၁၀၂၉)ဦးကို တပ်မတော်မှ နှုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့နောက် CTFMR နှင့် အသက်မပြည့်ကြောင်း အတည်ပြုပြီးဖြစ်သည့် စစ်သည် (၂၈)ဦးကိုလည်း ၂၀၂၂ ခုနှစ် မေ ၁၃ ရက်တွင် မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးခဲ့ရာ ယခုအချိန်အထိ (၁၀၅၇)ဦး ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီမှ အောက်တိုဘာအထိ တပ်မတော်သို့ တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသော လူငယ်များအား စိစစ်ခဲ့ရာ အသက်မပြည့် သံသယဖြစ်ဖွယ် လူငယ် (၄၅) ဦးနှင့် ဆန္ဒမပါသူ (၁၄၀) ဦး စုစုပေါင်း (၁၈၅) ဦးကို လက်ခံခြင်းမပြုဘဲ မိဘအုပ် ထိန်းသူများထံသို့ ပြန်လည်စေလွှတ်ခဲ့ပါကြောင်း၊ သံသယစစ်သည် (၇၉) ဦးကို CTFMR နှင့် အမှုတွဲတိုက်ဆိုင် စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မှန်ကန်ပါက နှုတ်ထွက်ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်၊
ထို့အပြင် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် တို့တွင် CTFMR မှ ထပ်မံပေးပို့လာသည့် သံသယဖြစ်ဖွယ်စစ်သည် (၁၂)ဦးကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#Health_Matters
Published - 12 Nov 2022
- မြန်မာက အိမ်သာလို့ အမည်ပေးထားတာကိုက ရှေးလူကြီးတွေ အမြော်အမြင်လို့ပြောလို့ရမလား လက်ရှိရော မြန်မာအိမ်သာတွေက အဲဒီအမြော်အမြင်နှင့်လိုက်လျောညီထွေရှိကြပါရဲ့လား??
#Yangon_Media_Group
#DailyNews
Published _ 12 November 2022
၁။ ရန်ကုန် အိမ်ခြံမြေဈေးကွက် ဝယ်လိုအားထက် ရောင်းလိုအားပိုများနေ
၂။ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်နေ၊ အဝယ်ထက်အရောင်းပိုများနေဟု YGEA ပြော
၃။ မြန်မာပြတိုက်များကို ဒစ်ဂျစ်တယ်ပြတိုက်ပြုလုပ်နိုင်ပါက အွန်လိုင်းမှတစ်ဆင့်နိုင်ငံခြားဝင်ငွေရရှိနိုင်ဟုဆို
၄။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ကာတာတွင်တည်းခိုစရာအခန်းများစွာရှိကြောင်း တာဝန်ရှိသူများဆို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 12 Nov 2022
- နိုဝင်ဘာ ၁၉ ရက်ဟာ ကမ္ဘာ့အိမ်သာများနေ့ ဖြစ်ပါတယ်။ ဘာကြောင့် Toilet အိမ်သာတွေအတွက် နေ့သတ်မှတ်ပေးရတာလဲ??
#Yangon_Media_Group
#LocalNews
Published _12 November 2022
ဘန်ကောက်မြို့ ဘန်ဘော်ဈေးအနီး အေကချိုင် ၈၉ လမ်းအတွင်းအခန်းတစ်ခန်းတွင် မြန်မာအမျိုးသမီးအား မုဒိန်းကျင့်သတ်ဖြတ်ခဲ့သူကို နိုဝင်ဘာလ ၁၁ ရက်တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသူများကပြောသည်။
မုဒိန်းကျင့် သတ်ဖြတ်ခံရသော အသက် ၂၆ နှစ်အရွယ် မခင်မာဝင်း၏အလောင်းကို နိုဝင်ဘာလ ၁၀ ရက် နေ့လယ်ပိုင်းကတွေ့ရှိခဲ့ရသောကြောင့် သက်ဆိုင်ရာ ဘန်ခွန်ထီယန် နယ်မြေရဲစခန်းသို့ အကြောင်းကြားတိုင်တန်းခဲ့ရာ နိုဝင်ဘာလ ၁၁ ရက် ည ၁၁ နာရီခန့်အချိန်တွင် မုဒိန်ကျင့်လူသတ်သွားသည့် မြန်မာနိုင်ငံသား အောင်ကျော်ဝင်းဆိုသူကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျူးလွန်ခဲ့သည့် ၎င်းကိုယ်တိုင်က နိုဝင်ဘာလ ၈ ရက် ညတွင် အဆိုပါအမှု ဖြစ်ပွားခဲ့ကြောင်း၊ အခင်းဖြစ်သည့် ညက အခန်းတွင်းတစ်ဦးတည်းအိပ်နေသူ မခင်မာဝင်း အခန်းတံခါးအနီးရှိ မှန်ချပ်ကို ဖြုတ်ယူ၍ အခန်းဖွင့်ဝင်ရောက်ခဲ့ကာ မခင်မာဝင်းအား မုဒိန်းကျင့်ခဲ့ကြောင်း၊ ယင်းသို့ပြုလုပ်နေချိန်တွင် မခင်မာဝင်း နှင့် ရုန်းရင်ဆန်ခတ်ဖြစ်ရာ အခန်းတွင်းရှိ သစ်သားတုတ်ဖြင့် အကြိမ်များစွာရိုတ်နှက်ပြီး လည်းပင်းကို ညှစ်ကာ သတ်ဖြတ်ခဲ့ကြောင်း ဖြောင့်ချက်ပေးဝန်ခံထွက်ဆိုခဲ့ကြောင်းလည်း သိရသည်။
ကျူးလွန်သူ အောင်ကျော်ဝင်းမှာ ၎င်း၏မိန်းမနှင့်အတူ သေဆုံးသူမခင်မာဝင်းနှင့် အခန်းချင်းကပ်လျပ်နေသူဖြစ်ကြောင်းလည်း သိရသည်။
"ထိုင်းနိုင်ငံအတွင်းမှာ အမျိုးသမီးလေးတွေနေမယ်ဆိုရင် တစ်ယောက်တည်း အန္တရာယ်ရှိတယ်။နေမယ်ဆိုလည်း သေသေချာချာ ဂရုစိုက်ရမယ်။သတိနဲ့နေကြဖို့ ပြောချင်ပါတယ်"ဟု ရွှေ့ပြောင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူက ပြောသည်။
ymg/mt
#Yangon_Media_Group


#Local_News
Published _12 November 2022
မူဆယ်မြို့နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကြား တွဲကားတိမ်းမှောက်၍ လူတစ်ဦး သံချောင်းပိသေဆုံးသွားကြောင်း နှလုံးလှပရဟိတ (မူဆယ်) အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
"မနေ့က နိုဝင်ဘာလ ၁၁ ရက် မနက်ပိုင်းက ဖြစ်တာဗျ၊မူဆယ်မြို့နဲ့ ၁၀၅ မိုင်ကြာပေါ့၊ ကားက သံချောင်းတင်လာတဲ့ တွဲကားပါ၊ဒရိုင်ဘာ သေသွားတာပါ။ ကားပေါ်ပါလာတဲ့ သံချောင်းတွေပြန်ပိပြီးသေသွားတာပါ၊ စပါယ်ယာတော့မသေဘူး၊ နဖူးကနေဦးခေါင်းလန်သွားတယ်အနောက်ရောက်တဲ့အထိ၊ ဘယ်ဖက်ဝမ်းဗိုက်ပေါက်ထွက်သွားတယ်၊ ခြေထောက်တွေ၊ လက်တွေလဲရစရာမရှိဘူး"ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။
သေဆုံးသူမှာ မန္တလေးတိုင်းဒေသကြီးအတွင်းက ဖြစ်ပြီး ယနေ့နိုဝင်ဘာလ ၁၂ ရက်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 12 November 2022
အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည် အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် တစ်တင်း (၄၆)ပေါင်ကိုက် စပါးတင်း(၁၀၀)၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းအား ၆၃၀၀၀၀ ကျပ်အဖြစ် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့မှ ယမန်နေ့က ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ထုတ်ပြန် ကြေညာခဲ့သည်။
သို့သော် ပြီးခဲ့တဲ့ အောက်တိုဘာလမှစ၍ ယခုနိုဝင်ဘာလအထိ ဆန်စပါးစျေးနှုန်းများမှာ အကျဖက်သို့ရောက်ရှိခြင်းမရှိဘဲ အတက်စျေးဖြင့်သာရှိနေကြောင်း ဆန်စပါးအရောင်းအဝယ်ပြုလုပ်သူများထံမှ သိရသည်။
သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ဆန်စပါး တင်း ၁၀၀ လက်ရှိပေါက်စျေးဟာ ၁၃သိန်းနှင့်အထက်သို့ ရောက်ရှိနေပြီး စပါးလက်ကျန်အဝယ်များလိုက်နေ၍ ဆန်စျေးများမှာလည်း ဆက်လက်တက်နိုင်မည်ဖြစ်ကြောင်း ဆန်စပါးစိုက်ပျိုးသူတစ်ဦးမှ YMG ကိုဖြေကြားခဲ့သည်။
"ဆန်စျေးကတော့ လတ်တလော တက်နေတယ်လို့ပဲပြောရမှာပေါ့။ လက်ရှိမှာ ၁၀သိန်းနဲ့အထက်ကိုတော်တော်လေးရောက်နေပါတယ်။ဆက်တက်ဖို့အနေအထားကတော့ ရှိနေသလောက်ဖြစ်နေပါတယ်။ ဆန်စပါးကုန်သည်တွေရဲ့စျေးကစားမှုတွေနဲ့လည်း ဆိုင်ပါတယ်။ သူတို့ကပိုသိပါတယ်" ဟု ဆန်စပါး စိုက်ပျိုးသူ ကိုဘိုဘိုက ဆိုသည်။
ဧရာဝတီတိုင်းရှိ စပါးစျေးများမှာ ကောက်ကြမ်းစပါး တင်း၁ရာလျှင် ငွေကျပ် ၁၃သိန်း၊ ကောက်ချောစပါး တင်း ၁ရာလျှင် ငွေကျပ် ၁၆သိန်း ၄သောင်း၊ ရွှေသွယ်စပါး တင်း၁ရာလျှင် ငွေကျပ် ၁၄သိန်း အသီးသီးရှိနေကြောင်း အဆိုပါစျေးကွက်မှတဆင့် သိရသည်။
ဆန်စျေးများအနေဖြင့် ဆင်းသုခ၊ မနေသုခ မျိုးပွားတစ်အိတ်လျှင် ငွေကျပ် ၄၃၀၀၀၊ ပေါ်ဆန်းယဥ်တစ်အိတ်လျှင် ငွေကျပ် ၅၃၀၀၀၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၆၅၀၀၀ နှင့် အရောင်းအဝယ်ပြုလုပ်နေလျှက်ရှိကြောင်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_12 November 2022
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ပြောင်းတင်ပို့မှုများပြားနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ဆန်ကွဲ၊ ရော်ဘာ၊ နှံစားပြောင်း၊ ပြောင်းတို့ကိုအဓိကထားတင်ပို့လျှက်ရှိပြီး ဝဥအစို၊ ဝဥအခြောက်၊ (ရော်ဘာကြမ်း) တို့ကိုလည်း တင်ပို့လျက်ရှိကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ပြောင်းရာသီ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် ပြောင်းတင်ပို့မှုမှာ များပြားနေကြောင်း၊ ယင်းအပြင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ တစ်ပတ်အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်ဆောင်ရွက်မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၅၅ သန်းရရှိထားကြောင်းစာရင်းများအရ သိရသည်။
သွင်းကုန်တင်သွင်းမှုအနေဖြင့် စားသောက်ကုန်၊ ဆေးနှင့်ဆေးဝါး ပစ္စည်းများ၊ လယ်ယာသုံးပစ္စည်းတို့ကို အဓိကတင်သွင်းလျက်ရှိပြီး ယခုတစ်ပါတ်အတွင်း အိမ်ရိုက်သံ၊ သံပိုက်၊နန်းခွေ၊ အပင်ပိုးသတ်ဆေးများ၊ မြေဆီ၊ စောင်၊ ကြွေပြား၊ စက်ဘီးအပိုပစ္စည်းများ၊ စက်အပို ပစ္စည်း များ၊ ကြက်အူချောင်း၊ စတီးချိုင့်၊ စတီးလင်ဗန်း၊စတီးဇွန်း/ခက်ရင်း၊ စတီးဇလုံ၊စတီးခွက်၊ ကော်စေ့များ စသည့် လူသုံးကုန်ပစ္စည်းများ၊ ဆေးနှင့်ဆေးဝါးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများဆုံးတင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_12 November 2022
မြန်မာ-အိန္ဒိယနယ်စပ်ဒေသများတွင် မြန်မာနိုင်ငံဘက်မှ တရားမဝင် ကျွဲ၊ နွားစသည့် တိရိစ္ဆာန်အရှင်များကို တရားမဝင်တင်ပို့မှုများရှိနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့်စာရင်းများအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်(အောက်တိုဘာ ၁၄ ရက်အထိ)ကာလအတွင်း အိန္ဒိယဘက်သို့ ကျွဲ၊ နွားအရှင်များ တင်ပို့ခဲ့ခြင်းမရှိပဲ ကျွဲ၊ နွား သားရေဆားနယ်အစိုများကိုသာ တင်ပို့မှုရှိကြောင်း သိရသည်။
အဆိုပါတရားမဝင်တင်ပို့မှုများကြောင့် နိုင်ငံတော်အခွန်ကောက်များနစ်နာစေခြင်း၊ မြန်မာနိုင်ငံ၏လယ်ယာလုပ်ငန်းခွင်၌ အသုံးပြုနေသော ကျွဲ၊ နွားစသည်များကို အထိန်းအကွပ်မရှိ တင်ပို့ရောင်းချနေပါက ပြည်တွင်း၌ ကျွဲ၊ နွားလိုအပ်ချက် များပြားလာနိုင်ခြင်း၊ တိရိစ္ဆာန်များ၌ ရောဂါကျရောက်နေမှုများကို စနစ်တကျထိန်းချုပ်နိုင်ခြင်းမရှိခြင်းနှင့် ရာဇဝတ်မှုများပြားလာနိုင်ကြောင်း သိရသည်။
တရားဝင်ကုန်သွယ်မှုအနေဖြင့် မူဆယ်လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေသည့်အပြင် ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုလည်း တရားဝင်အပြင် တရားမဝင်လမ်းကြောင်းကနေတစ်ဆင့် တင်ပို့သူများလည်းရှိနေကြောင်း သိရသည်။
၂၀၁၈ခုနှစ် တိရိစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းအစီရင်ခံစာအရ မြန်မာနိုင်ငံတွင် နွားအကောင်ရေ ၉ ဒသမ ၆၅သန်းနှင့် ကျွဲအကောင်ရေ ၁ဒသမ ၈သန်းခန့်ရှိပြီး ယင်းတွင် နွားထီး ၅ ဒသမ ၁သန်းနှင့် နွားမ ၄ ဒသမ ၃သန်း၊ကျွဲထီး ဝဒသမ ၇သန်းနှင့် ကျွဲမ ၁ ဒသမ ၁ သန်းခန့်ရှိကြောင်း စာရင်းများအရ သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1566 of 2055