#Local_News
Published 21 April 2025
▪️ ရှမ်းပြည်နယ်ကျေးသီး၊ မိုင်းရယ်အနီး ၄ ကြိမ်ဆက် လှုပ်ရှားခဲ့ကြောင်း မြေငလျင်သတင်းများစင်တာမှ အသိပေးထားသည်။
▪️ ထိုသို့လှုပ်ရှားရာတွင် ယနေ့မနက်အစောပိုင်းမြန်မာစံတော်ချိန် ၁နာရီ ၄၁မိနစ် အချိန်ကမန္တလေးမြို့မှအရှေ့မြောက်ဘက်ပိုင်း ၂၃ မိုင်၊ မတ္တရာမြို့အရှေ့တောင်ဘက် ၈ မိုင်ခန့်၊ မြကန်သာအနီး တောင်တန်းဒေသအောက်အနက် ၆ မိုင်ကျော်မှ မဂ္ဂနီကျု ၃.၂ အဆင့်မြေငလျင်ငယ် လှုပ်ရှားခဲ့ပြီး မနက် ၁၁နာရီ၂၈မိနစ်အချိန်ကလည်း ပြင်ဦးလွင်အနီး၊ မဂ္ဂနီကျု ၃.၉
မြေအောက်အနက် ၆ မိုင်တွင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ယနေ့နေ့လယ်မြန်မာစံတော်ချိန် ၁နာရီ ၁၉ မိနစ် အချိန်က မန္တလေးမြို့တောင်ပိုင်း၊ ရမည်းသင်းမြို့တောင်ဘက် ၈ မိုင်ခန့်၊ အင်ဘင်ကြီးအနီး မြေအောက်အနက် ၆ မိုင်ကျော်မှ မဂ္ဂနီကျု ၂.၉ အဆင့်မြေငလျင်ငယ် ထပ်မံလှုပ်ရှားခဲ့ကာ ယနေ့ညနေမြန်မာစံတော်ချိန် ၂ နာရီ၄၆ မိနစ်အချိန်က မန္တလေးမြို့ အရှေ့ဘက်ပိုင်း၊ ပြင်ဦးလွင်မြို့အရှေ့ဘက် ၈၆ မိုင်ခန့်၊ လားရှိုးတောင်ဘက် ၇၂ မိုင်ခန့်ကျေးသီအနီး မြေအောက်အနက် ၆ မိုင်ကျော်မှ မဂ္ဂနီကျု ၃.၁ အဆင့်မြေငလျင်ငယ် ထပ်မံလှုပ်ရှားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးတဲ့ သတ္တမအသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးပစ္စည်းတွေ ယမန်နေ့ကရောက်ရှိလာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကသိရပါတယ်။
#Local_News
Published 21 Apirl 2025
#ငလျင်ကယ်ဆယ်ရေးပစ္စည်းများ #သတ္တမအသုတ်ရောက်ရှိလာ
#YMG/NN #Yangon_Times
#Local_News
Published 21 April 2025
▪️ မန္တလေးမြေငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရင်ပြင်တော်၊ ရတနာစံကျောင်းတော် အချို့နေရာများ၊ ဒေသစာရီကြွချီတော်မူရာတွင် အသုံးပြုသည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့် အဆောက်အအုံထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာပြုပြင်မွမ်းမံမှုလုပ်ငန်းများ ပွဲတော်ချိန်အမီ အပြီးသတ်နိုင်ရန်ဆောင်ရွက်နေကြောင်း သိရသည်။
▪️ အဆိုပါ ဖောင်တော်ဦးဘုရားမှာ ငလျင်ဒဏ်ကြောင့်ထိခိုက်ခဲ့သည့်အတွက်ဘုရားဖူးဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဘုရားဂေါပကအဖွဲ့မှ ဘုရားကျောင်းတော်ပေါ်သို့ တက်ရောက်ဖူးမြော်ကြည်ညိုခွင့်ကို ယာယီရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။
▪️ ယခုအခါ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရင်ပြင်တော်နှင့် စံကျောင်းတော်ပင်မဆောင် ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို ယခုနှစ်သီတင်းကျွတ်ဖောင်တော်ဦး ဘုရားပွဲတော်ကာလအမီပြီးစီးနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များနှင့် လုပ်သားများဖြင့် အရှိန်အဟုန်မြှင့်ပြုပြင်မွမ်းမံလျက်ရှိကြောင်း သိရသည်။
▪️ ထို့အပြင် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက အလှူငွေများထည့်ဝင်လှူဒါန်းကု သိုလ်ပါဝင်ကြရာ ယခုရက်ပိုင်းအထိ စုစုပေါင်းထည့်ဝင် လှူဒါန်းငွေကျပ်သိန်းပေါင်းတစ်ထောင်ကျော် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်လေးခုာ မိုးတိမ်တောင်ရွေ့လျားရာတလျောက်လေပြင်းနဲ့ မိုးသီးကြွေတာတွေရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 21 Apirl 2025
#လေပြင်းနှင့်မိုးသီးကြွေခြင်း #မိုးတိမ်တောင်
#YMG/NN #Yangon_Times
ငလျင်ကြောင့် ယာယီပိတ်ထားရတဲ့ မန္တလေးစျေးချိုတော်စျေးရုံကြီးကို ဧပြီ၂၄ရက်နေ့ကစတင်ပြီး စျေးဖွင့်ရက်တွေအတိုင်း ပုံမှန်ပြန်လည်ဖွင့်လှစ်လည်ပတ်သွားမယ်လို့ အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်အဖွဲ့က သိရပါတယ်။
#Local_News
Published 21 Apirl 2025
#မန္တလေးစျေးချိုတော်စျေးရုံကြီး #တိုက်တန်းကြီး
#YMG/NN #Yangon_Times
#World_News
Published 21 April 2025
▪️ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက်က မတ်လက အီရန်မဟာမိတ်ဖြစ်တဲ့ ယီမင်မှ ဟူသီအဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့အသေးစိတ်အချက်အလက်များကို စာပို့ဂရုတစ်ခုမှာ မျှဝေခဲ့ပြီး ထိုဂရုထဲမှာဆိုရင် သူ့ရဲ့ဇနီး၊ ညီ၊ ပုဂ္ဂိုလ်ရေးရာရှေ့နေတစ်ဦးတို့ ပါဝင်ကြောင်း သတင်းရင်းမြစ်နီးစပ်သူက ရိုက်တာသတင်းဌာနထံ တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။
▪️ ဒုတိယမြောက် Signal Chatမှာ ဒီအကြောင်းတွေ ဖွင့်ချလိုက်ခြင်းက ဒီလိုမျိုး အလွန်အရေးကြီးလျှို့ဝှက်တဲ့ လုံခြုံရေးအချက်အလက်များကို သီးသန့်မဆန်တဲ့ မက်ဆေ့ချ်အဖွဲ့တစ်ခုမှာ ဟက်ဂ်ဆက်ချပြလိုက်ခြင်းအပေါ် မေးခွန်းထုတ်စရာများဖြစ်လာပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်ကမှ အတွင်းရေးပေါက်ကြားမှု စုံစမ်းစစ်ဆေးခြင်းအနေဖြင့် ပင်တဂွန်မှ အကြီးတန်းအရာရှိများ ထုတ်ပယ်ခံရချိန်မျိုးမှာမှ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
▪️ ဒီမတိုင်ခင်ကလည်း Signalအက်ပ်ထဲမှ အခြား chatအဖွဲ့ထဲမှာ Atlanticမဂ္ဂဇင်း အယ်ဒီတာချုပ် ဂျက်ဖရီဂိုးလ်ဘာ့ဂ် မှားယွင်းစွာဖြင့်ပါဝင်ခဲ့ပြီး အလားတူတိုက်ခိုက်မှု အသေးစိတ်အချက်အလက်များ ဟက်ဂ်ဆက်မျှဝေမိခဲ့ကာ ပြီးခဲ့တဲ့လက အဆိုပါမဂ္ဂဇင်းမှဖော်ပြခဲ့သလို သမ္မတဒေါ်နယ်ထရမ့်ရဲ့ အကြီးတန်း နိုင်ငံတော်လုံခြုံရေးအရာရှိအားလုံးလည်း အရှက်ရဖွယ်ဖြစ်ရပ်မှာ ပါဝင်ခဲ့ပါတယ်။
▪️ အမည်မဖော်လိုသူ သတင်းနီးစပ်သူတစ်ဦး ပြောပြရာမှာ ဒုတိယမြောက် chatအဖွဲ့မှာ လူတစ်ဒါဇင်ခန့်ပါဝင်ပြီး စီမံအုပ်ချုပ်ရေးကိစ္စများ ဆွေးနွေးရန် ဖွဲ့ထားတာဖြစ်ပါတယ်။
▪️ အသေးစိတ်အချက်အလက်တွေထဲမှာ လေကြောင်းတိုက်ခိုက်မှု စာရင်းဇယားများ ပါဝင်ပါတယ်။
▪️ ဟက်ဂ်ဆက်ရဲ့ဇနီး ဂျန်နီဖာဟာ Fox Newsထုတ်လုပ်သူဟောင်းဖြစ်ပြီး နိုင်ငံခြားစစ်ရေးပုဂ္ဂိုလ်ကြီးများနဲ့ လျှို့ဝှက်ဆွေးနွေးပွဲများ တက်ရောက်ခဲ့တယ်လို့ ပင်တဂွန်မှ လူသိရှင်ကြားဖော်ပြတဲ့ ပုံရိပ်များအရ သိရပါတယ်။
▪️ ထရမ့်အစိုးရအဖွဲ့ကတော့ ပေါက်ကြားမှုများကို အပြင်းအထန် ရှာဖွေနေပါတယ်။
▪️ "မကျေနပ်တဲ့ ဝန်ထမ်းဟောင်းတွေရဲ့ မကျေနပ်ချက်များကို မီဒီယာက သတင်းရင်းမြစ်အဖြစ် လိုလိုလားလား အသုံးပြုနေတယ်" လို့ ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနဲလ်က ပြောပါတယ်။
▪️ ထရမ့်ကိုမုန်းတီးတဲ့ မီဒီယာတွေက သမ္မတထရမ့်လမ်းစဉ်အတိုင်း လိုက်ပါသူမှန်သမျှကို ဖျက်ဆီးလိုစိတ်ရှိနေကြောင်း ဖော်ပြထားပါတယ်။
▪️ မကြာသေးမီက အလုပ်ထုတ်ခံရသူတွေက အရှက်ကွဲခဲ့ရတာကို ပြန်လည်ချေပဖို့ အမှန်တရားကို လွဲမှားစွာ ဖော်ပြနေကြပြီး သမ္မတလမ်းစဉ်တွေကို ပျက်ပြားအောင်လုပ်နေတယ်လို့ အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ အန်နာကယ်လီက ပြောသွားပါတယ်။
#Source: Reuters
သကြင်္န်အပြီးမှာတော့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်လာတယ်လို့ စျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 21 Apirl 2025
#အခြေခံစားသောက်ကုန်ဈေးနှုန်းမြင့်တက် #သကြင်္န်အပြီး
#YMG/SW #Yangon_Times
21 April 2025
According to an official data released at 7:00 PM on 20-4-2025, the latest updates on the earthquake-related incidents are as follows:
Casualties/Missing Persons
Deaths: 3,735
Injured: 5,108
Missing: 120
International Aid
Number of assisting countries: 25 (including Hong Kong)
Flights: 145 trips
Ships: 6 vessels
Vehicles: 23 units
Relief supplies: 2,514.6 tons
Rescue equipment: 1,197.12 tons
Rescue personnel: 2,094
Latest Update: The seventh batch of rescue supplies from China has arrived by plane.
Source: SAC Information team
၂၁ ဧပြီ ၂၀၂၅
၂၀-၄-၂၀၂၅ ရက် ည(၇)နာရီတွင် ထုတ်ပြန်သည့် တရားဝင်သတင်းအရ
ငလျင်နှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းအချက်အလက်များကို ဖော်ပြပေးအပ်ပါတယ်။
သေဆုံး/ထိခိုက်/ပျောက်ဆုံး
၁။ သေဆုံး- ၃၇၃၅ဦး
၂။ ထိခိုက်ဒဏ်ရာရ- ၅၁၀၈ ဦး
၃။ ပျောက်ဆုံး- ၁၂၀ ဦး
နိုင်ငံတကာအကူအညီများ
ကူညီသည့်နိုင်ငံပေါင်း- ၂၅ နိုင်ငံ (ဟောင်ကောင်အပါအဝင်)
လေယာဉ်- ၁၄၅ ခေါက်
သင်္ဘော- ၆ စီး
ကား- ၂၃ စီး
ထောက်ပံ့ပစ္စည်း- ၂၅၁၄.၆ တန်
ကယ်ဆယ်ရေးပစ္စည်း- ၁၁၉၇.၁၂ တန်
ကယ်ဆယ်ရေးဝန်ထမ်း- ၂၀၉၄ ဦး
နောက်ဆုံးသတင်း- တရုတ်နိုင်ငံမှာ သတ္တမအသုတ် ကယ်ဆယ်ရေးပစ္စည်းများ လေယာဉ်ဖြင့် ထပ်မံရောက်ရှိ။
Source: နစကသတင်းထုတ်ပြန်ရေးအဖွဲ့
#Local_News
Published_21 April 2025
▪️ ငလျင်ကြောင့် Naypyitaw State Academy ပျက်စီးမှုမရှိခဲ့ဘဲ အုတ်နံရံအချို့ ပလာစတာ ကွဲအက်၊ ကွာကျနေခြင်းသာ ရှိ၍ ကျောင်းဖွင့်လှစ်ချိန်မတိုင်မီအပြီး ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယနေ့ ဧပြီလ ၂၀ ရက်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့ဝင်များဖြင့် သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
▪️ ငလျင်ကြောင့် ဘွဲ့လွန်နှင့်အုပ်ချုပ်မှုဆိုင်ရာ ပင်မဆောင်အခြေအနေ၊ ဆေးပညာသင်ကြားရေးအဆောင်၊ စီးပွား ရေး ပညာသင်ကြားရေးအဆောင်၊ ဝိဇ္ဇာနှင့်သိပ္ပံ ပညာသင်ကြားရေးအဆောင်(၂)ဆောင်နှင့် စီးပွားရေးနှင့် လူမှု ရေးပညာသင်ကြားရေး အဆောင်တို့၏ ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပင်မ Column တိုင်နှင့် Beam တို့ကို စစ်ဆေးချက်အရ ထိခိုက်မှုလုံးဝမရှိဘဲ အဆောင်လိုက်အုတ်နံရံအချို့ ပလာစတာကွဲအက်၊ကွာကျနေခြင်းသာ ရှိ၍ ဇွန်လကျောင်းစတင်ဖွင့်လှစ်ချိန် မတိုင်မီအပြီး ပြုပြင်သွားရန်၊ ညှိနှိုင်းခဲ့ကြောင်း သိရသည်။
▪️ ၎င်းနောက်ဆောက်လုပ်ဆဲ ဘွဲ့နှင်းသဘင်ခန်းမနှင့် ဆောက် လုပ် ဆဲ (၆)ထပ် ဆောင်တို့ကို အင်ဂျင်နီယာ အသင်းချုပ်၊ အင်ဂျင်နီယာကောင်စီ နှင့် ငလျင် ပညာရှင်များ၏ စစ်ဆေးချက်အရ ထိခိုက်မှုတစ်စုံတစ်ရာ မထိခိုက်ကြောင်း သိရသည်။
▪️ Naypyitaw State Academy အတွင်းရှိ ဆောက်လုပ်ပြီး အဆောက်အဦများနှင့် ဆောက်လုပ်ဆဲ အဆောက်အဦများအား ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာသတ်မှတ် SOP အတိုင်း ရစ်(ခ်) တာစကေး ၇ ခံနိုင်သည့် ဒီဇိုင်းပုံစံအတိုင်းဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသစ်ပြန်လည်ရေးဆွဲလျက်ရှိသည့် ရစ်(ခ်)တာစကေး ၈ အထိခံနိုင်သည့် အဆောက်အဦဒီဇိုင်းပုံစံအတိုင်း ဆောက်လုပ်နိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဌာနတို့မှ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရန် နစက ဒုဥက္ကဌက မှာကြားခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published_21 April 2025
▪️ ကရင်ပြည်နယ်၊ မြဝတီမြို့ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှု များ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၄ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံ များသို့ အမြန် ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ များက လိုအပ်သည့် ကိုယ်ရေးအချက် အလက် များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်း နေ့ချင်းပြီး ဆောင်ရွက် နေမှုကို ကရင်ပြည်နယ်၊ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ဇန်နဝါရီလ ၃၀ ရက်မှ ဧပြီလ ၂၀ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင် ငံသား စုစုပေါင်း ၉၀၃၂ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၇၂၈၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက် ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၁၇၄၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန် စွာ ထိန်းသိမ်းစောင့်ရှောက် ထားရှိကြောင်း သိရသည်။
▪️ ယနေ့အထိ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၉၀၃၂ ဦး သည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂန္ဓာ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက် စတန်၊ ကမ္ဘောဒီယား၊ ဂါနာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ သီရိလင်္ကာ၊ တောင်အာဖရိက၊ တူနီးရှား၊ အယ်ဂျီးရီးယား၊ ကွန်ဂို၊ ကင်မရွန်း၊ ဥဇဘက်ကစ္စတန်၊ နိုင်ဂျီးရီးယား၊ ကာဂျစ္စတန်၊ နမီးဘီးယား၊ မာဒါဂတ်စကား၊ ရိုမေးနီးယား၊ လိုက်ဘေးရီးယား၊ ရုရှား၊ ဖိလစ်ပိုင်၊ ဇင်ဘာဘွေ၊ မော်လဝီ၊ ဆီယာရာ လီယွန်၊ ဘူရွန်ဒီနှင့် တရုတ်(တိုင်ပေ) တို့မှ နိုင်ငံသား များဖြစ်ကြကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published_21 April 2025
▪️ ပြင်ဦးလွင် တပ်မတော်ဆေးရုံ၌ ကုသမှုခံယူ လျက်ရှိသည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား နစက ဥက္ကဌ သွားရောက်အားပေးခဲ့ကြောင်း သိရသည်။
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ နှင့် အဖွဲ့ဝင်များ ၊တာဝန်ရှိသူများ က ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်ဆေးရုံ သို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် ငလျင်ဘေးဒဏ် ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ သူများနှင့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက် မှုပေးထားသည့် အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ယင်းတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူ လျက်ရှိသည့် ဆရာတော်၊ သံဃာတော်များအား အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော် ငွေများ ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။
▪️ ထို့နောက် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည် များ၊ မိသားစုဝင်များ၊ မြန်မာနိုင် ငံရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ အလားတူ ဆေးရုံ၌တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက် ကင်းမှုအခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ မေးမြန်း အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံအထူးကြပ်မတ် ကုသဆောင်အတွင်း ကုသမှုခံယူရလျက်ရှိသည့် ဆရာတော်တစ်ပါးနှင့် အရပ်သားပြည် သူများ၊အမျိုးသမီးနှင့် ကလေးကုသဆောင်၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့်သာသနာနွယ်ဝင်သီလရှင် ဆရာကြီးများအား အာဟာရဖြည့် စားသောက် ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
▪️ တပ်မတော်ဆေးရုံများ၌ ပြင်ပလူနာ အဖြစ် လာရောက်ကုသမှုခံယူခဲ့သည့် သံဃာတော် ၁၅ ပါး၊ ဝန်ထမ်းများ၊ မိသားစုများ နှင့် အရပ်သားပြည်သူ ၅၀၁၆ ဦးလိုအပ်သည့်ဆေးကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ပြီး ထိခိုက်ဒဏ် ရာရရှိမှုပြင်းထန်သဖြင့် လက်ရှိအချိန်အထိ ဆေးရုံတက်ရောက်ကုသမှုခံ ယူနေသူ သံဃာတော် ၅၁ ပါး၊ ဝန်ထမ်းများ၊ မိသားစုများနှင့် အရပ်သား ပြည်သူ ၄၇၆ ဦးဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
Page 125 of 1740