August 7, 2025 | Yangon, Myanmar- Myanmar's esports team, YG Yangon Galacticos, received a heroes' welcome upon their return to Yangon after winning the world championship at the Esports World Cup. The team was greeted at Yangon International Airport by a large crowd of fans, along with Yangon Region Chief Minister U Soe Thein and other officials.
The team competed in the PUBG Mobile event at the world-class Esports World Cup, which took place from July 25 to August 3 in Riyadh, Saudi Arabia. YG Yangon Galacticos secured the championship title, making Myanmar proud.
The victorious team consisted of a total of eight members, including the manager, coach, and players. They returned to Yangon by air at 11:30 a.m. on August 7. A welcoming crowd was on hand to greet them, including Chief Minister U Soe Thein, officials from the Myanmar Esports Federation, members of the Yangon Region Sports Promotion Committee, students from the Institute of Sports and Physical Education, and numerous sports fans.

YG Yangon Galacticos competed against 24 top teams from 16 countries, including the host country Saudi Arabia, Thailand, Indonesia, Vietnam, Mongolia, Nepal, Pakistan, India, China, South Korea, Japan, Turkey, Egypt, Brazil, and several European nations.
In the final standings, Myanmar's YG Yangon Galacticos took first place, followed by China in second, and Mongolia in third. In addition to the gold medal, the team was awarded a prize of $550,000.
Over 1,000 teams and approximately 5,000 professional players from more than 100 countries participated in the tournament.A welcome ceremony for the world champions, YG (Yangon Galacticos), was also held at People's Square in Yangon.
#ymg/mmn

တောင်ကိုရီးယားမှာ အပူချိန်မြင့်မားခြင်း၊ မိုးလေမုန်တိုင်းတိုက်ခြင်းစတဲ့ ရာသီဥတုအခြေအနေများကြောင့် စိုက်ပျိုးရေးထွက်ကုန်အချို ဈေးနှုန်းသိသိသာသာ မြင့်တက်သွားပြီး အချိုထွက်ကုန်တွေဆိုရင် ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပါတယ်။
#Asia_Industry
Published 07 August 2025
#တောင်ကိုရီးယား #အစွန်းရောက်ရာသီဥတု
#YMG #Yangon_Times #Yangon_Media_Group
၇ ဩဂုတ် ၂၀၂၅
မြန်မာနိုင်ငံမှ E sports အသင်းဖြစ်တဲ့ YG Yangon Galactic ဟာ ကမ္ဘာ့အဆင့် E sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံ ရရှိခဲ့ပြီးနောက် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်လေဆိပ်၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းအပါအဝင် ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆို ဂုဏ်ပြုခဲ့ကြပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့တွင် ဇူလိုင်(၂၅) ရက်နေ့မှ ဩဂုတ်(၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အဆင့် Esports World Cup ပြိုင်ပွဲရဲ့ PUBG Mobile အားကစားနည်းတွင် မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုဖလား ဆွတ်ခူးရရှိခဲ့ပါတယ်။
YG (Yangon Galacticos)အသင်း တွင် အုပ်ချုပ်သူ/နည်းပြ အားကစားသမား စုစုပေါင်း အဖွဲ့ဝင်(၈)ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
YG (Yangon Galacticos)အသင်းသည် ဩဂုတ် (၇)ရက် နံနက် (၁၁)နာရီ(၃၀)မိနစ်အချိန်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးဖြင့်ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ E sports အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစား အောင်နိုင်ရေး အထောက်အကူပြုအဖွဲ့ဝင်များ၊အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)မှ ကျောင်းသား/ ကျောင်းသူများနှင့် အားကစားဝါသနာရှင် ပြည်သူများက ကြိုဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းသည် အိမ်ရှင်ဆော်ဒီအာရေဗျ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ တူရကီ၊ အီဂျစ်၊ ဘရာဇီး၊ ဥရောပ စသည့် လက်ရွေးစင်(၁၆)နိုင်ငံမှ ထိပ်သီး(၂၄)သင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းက ပထမ၊ တရုတ် နိုင်ငံက ဒုတိယ၊ မွန်ဂိုလီးယားနိုင်ငံက တတိယရရှိခဲ့ကြောင်း သိရပါတယ်။
YG(Yangon Galacticos) သည် E sports World Cup PUBG Mobile ကမ္ဘာ့ချန်ပီယံရွှေတံဆိပ်ဆု နှင့်အတူ ဆုကြေးငွေ ဒေါ်လာ ၅၅၀,၀၀၀ပါ ဆုချီးမြှင့် ခြင်းခံခဲ့ရသည်။
ပြိုင်ပွဲသို့ ကမ္ဘာ့ နိုင်ငံပေါင်း (၁၀၀)ကျော်ခန့်မှ လက်ရွေးစင်အသင်းပေါင်း (၁၀၀၀)ကျော်ခန့်ရှိပြီး Professional ကစားသမား (၅၀၀၀)ခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရှိရပါတယ်။
#ymg/mnn

#Daily_News
Published 07 August 2025
၁။ရွှေတိဂုံဘုရားတွင် ပန်းပေါင်း ၈၄,၀၀၀ ဖြင့် ပန်းစေတီကပ်လှူပူဇော်ပွဲကျင်းပမည်
၂။ တိုးတက်ထွက်ရှိလာသော ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များ လက်မှတ်ရေးထိုး
၃။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဒေါ်လာသန်း(၁၁၀) ကျော် ဝင်ရောက်
၄။ အစွန်းရောက်ရာသီဥတုအခြေအနေများကြောင့် တောင်ကိုရီးယားစိုက်ပျိုးထွက်ကုန်များဈေးနှုန်းမြင့်တက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 07 August 2025
▪️ ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်က ဖလမ်းဆောင် (RAMA-2) အမြန်လမ်းရှိ ကွန်ကရစ်ဘလောက်တုံးများ ချိတ်ဆက်တပ်ဆင်သည့် ကရိန်းသံဘောင်ပြိုကျမှုတွင် သေဆုံးခဲ့ရသည့် မြန်မာလုပ်သားအတွက် လူမှုဖူလုံရေး အာမခံကြေး ဘတ် (၇) သိန်းခွဲ ကို ကျန်ရစ်သူမိသားစုထံ ယခုလ၅ရက်နေ့ကပေးအပ်ခဲ့ကြောင်းမြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားသည်။
▪️ အဆိုပါ ဖြစ်စဉ်တွင် မြန်မာရွှေ့ပြောင်းလုပ်သား (၃) ဦးနှင့် ထိုင်းနိုင်ငံသား လုပ်သား (၃) ဦး သေဆုံးခဲ့ပြီးသေဆုံးခဲ့သည့် မြန်မာအလုပ်သမား (၃) ဦးမှာ ကိုဇင်ကိုအောင်၊ ကိုနေလင်းအောင်နှင့်ကိုထိုက်ဝေယံ တို့ ဖြစ်ကြောင်း၊ ယခု အာမခံကြေးကို MoU စနစ်ဖြင့် လာရောက်ခဲ့သည့် ကိုနိုင်လင်းအောင် အတွက် လူမှုဖူလုံရေးဥပဒေနှင့်အညီ ရသင့်ရထိုက်သည့် လူမှုဖူလုံရေးအာမခံကြေး ဘတ် ၇၅၂,၅၉၀ ကို သံအရာရှိရုံး ကပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုကရိန်းသံဘောင်ပြိုကျမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူ ၂၉ ဦးခန့်ရှိပြီး ၄င်းတို့ထဲတွင် မြန်မာအလုပ်သမား ၁၀ ဦး ထက်မနည်းပါဝင်ကာ ထိခိုက်ဒဏ်ရာ ပြင်းထန်သူများလည်းရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
စားသုံးဆီနဲ့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေတွေကို နိုင်ငံခြားငွေများဆက်တိုက်ထုတ်ရောင်းနေတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကသိရပါတယ်။
#Local_News
Published 07 August 2025
#စားသုံးဆီနဲ့စက်သုံးဆီ #နိုင်ငံခြားငွေဆက်တိုက်ထုတ်ရောင်း
#YMG/NN #Yangon_Times
အခု ဘဏ္ဍာနှစ်လေးလအတွင်း ပြည်တွင်းကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဒေါ်လာသန်း ၁၁၀ ကျော် ဝင်ရောက်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန - DICA ကသိရပါတယ် ။
#Local_News
Published 07 August 2025
#နိုင်ငံခြားရင်းနှီးမြုပ်နှံ #ဒေါ်လာသန်း၁၁၀
#YMG/NN #Yangon_Times
စွမ်းအင်ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာကုမ္ပဏီတွေရဲ့ကုန်းတွင်းလုပ်ကွက်များမှ တိုးတက်ထွက်ရှိလာတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားတဲ့ စာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယမန်နေ့ကနေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနမှ ကျင်းပခဲ့ပါတယ်။
#Local_News
Published 07 August 2025
#ရေနံနှင့်သဘာဝဓာတ်ငွေ့ #စာချုပ်လက်မှတ်ရေးထိုး
#YMG/SW #Yangon_Times
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ယခုလ (၈)ရက်တွင် ကျရောက်မယ့် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အခမ်းအနား၌ ပန်းပေါင်း ၈၄,၀၀၀ နဲ့ ပန်းစေတီကပ်လှူပူဇော်ပွဲကျင်းပသွားမှာဖြစ်တယ်လို ဂေါပကအဖွဲမှ သိရပါတယ်။
#Local_News
Published 07 August 2025
#ရွှေတိဂုံဘုရား #ဝါခေါင်လပြည့်ပန်းပေါင်း၈၄,၀၀၀ကပ်လှူပူဇော်ပွဲ
#YMG/SW #Yangon_Times
#Local_News
Published 07 August 2025
▪️ ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံ၌ အဋ္ဌမအကြိမ်မြောက် မေတ္တာ
သွေးလှူဒါန်းပွဲ ကျင်းပမည်ဖြစ်ကြောင်းဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ မှ
သိရသည်။
▪️ အဆိုပါ သွေးလှူဒါန်းပွဲကို ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ လေးလတစ်ကြိမ် ကျင်းပလျက်ရှိရာ ဩဂုတ်လ ၁၀ ရက် မနက်ပိုင်းတွင်အဋ္ဌမအကြိမ်မြောက်
သွေးလှူဒါန်းပွဲ ကျင်းပသွားမည်ဖြစ်သည်။
▪️ ပြီးခဲ့သည့် သတ္တမအကြိမ်သွေးလှူဒါန်းပွဲကိုလည်း အောင်မြင်စွာကျင်းပခဲ့ပြီး သွေးအိတ် စုစုပေါင်း ၈၁၀ အိတ်အထိ ရရှိလှူဒါန်းနိုင်ခဲ့ကြောင်း ယခုကျင်းပမည့် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ အဋ္ဌမအကြိမ်မြောက် သွေးလှူဒါန်းပွဲတွင် စေတီတော်ဝန်ထမ်းများနှင့်အတူ ဘုရားဖူးပြည်သူများပါ တပေါင်းတည်းကုသိုလ်ပြု၍ လာရောက်လှူဒါန်းနိုင်ရန်အတွက် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သို့စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 07 August 2025
▪️ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းများ မှ လွှင့်တင်မည့် Content များအား စိစစ်ရေးအဖွဲ့သို့ ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အသိပေးထားသည်။
▪️ ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့က အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)ကို ကျင့်သုံး၍ အပ်နှင်းသောအမိန့်အရ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်အမှတ် (၃၂/၂၀၂၄) ကို ၁၃-၃-၂၀၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့် စိစစ်ခွင့်ပြုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ အဆိုပါ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ရယူထားသူသည် အမိန့်အမှတ်(၃၂/၂၀၂၄)အရ မိမိတို့လွှင့်တင်မည့် Content များအား စိစစ်ရေးအဖွဲ့ထံသို့ ဦးစွာတင်ပြခွင့်ပြုချက်ရယူရမည်ဖြစ်သည်။
▪️ သို့ရာတွင် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူထားသော AWS+ နှင့် cmapp.tv တို့သည် စိစစ်ရေးအဖွဲ့သို့ တင်ပြထားခြင်းမရှိသော ရုပ်ရှင်ဇာတ်ကားများကို ၎င်းတို့၏အက်ပလီကေးရှင်းများတွင် လွှင့်တင်ထားရှိကြောင်း စိစစ်တွေ့ရှိရ ကြောင်း သိရသည်။
▪️ ထို့ကြောင့် AWS+ နှင့် cmapp.tv တို့ကို စည်းမျဉ်းစည်းကမ်းများ မလိုက်နာသဖြင့် ၎င်းတို့၏ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို အမြဲတမ်းရုပ်သိမ်းထားပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
▪️ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူပြီး သူများအနေဖြင့် မိမိတို့လွှင့်တင်သည့် Content များကို စိစစ်ရေးအဖွဲ့ထံ တင်ပြနိုင်ရေးနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ရယူထားခြင်းမရှိသောသူများအနေဖြင့်လည်း ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူရမည်ဖြစ်ကြောင်း အသိပေးကြေညာထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
Nay Pyi Taw – August 7, 2025 — Myanmar's Pro Tempore President, U Myint Swe, passed away today, August 7, at 8:28 a.m. at the 1,000-bed No. 2 Military Hospital. He was 75 years old.
The National Defense and Security Council announced that a state funeral will be held for the pro tempore president. Additionally, a three-day national mourning period has been declared from August 7 to August 9, 2025. The national flag of the Republic of the Union of Myanmar is to be flown at half-staff during this time.
Since early 2023, U Myint Swe began experiencing sluggish movements and a weakened appetite, leading to medical examinations by a special team of senior specialists. Diagnostic tests revealed he was suffering from Parkinson's Disease and related neurological weakness. He received treatment at Singapore's Mount Elizabeth Medical Center from April 15-19, 2024, and then at the 1,000-bed No. 2 Military Hospital from May 27-June 18.
Following his discharge, a special medical team led by Union Minister of Health Professor Dr. Thet Khaing Win continued to monitor and treat him. However, his health did not improve. On July 18, 2024, he began receiving medical treatment and resting at home on sick leave.
In July24, 2025, U Myint Swe experienced weight loss, poor appetite, fever, and decreased brain activity. He was readmitted to the 1,000-bed No. 2 Military Hospital on July 24, where he remained until his death.
#ymg/ PP
Page 126 of 1857