#LocalNews
Published_ 20 March 2023
မတ်လ ၂၀ရက်နေ့ကနေ ၂၇ရက်နေ့အထိ စားသုံးဆီတစ်ပိဿာ ၄၅၇၀ ကျပ် ရည်ညွှန်းသတ်မှတ်ထားကြောင်း စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 20 March 2023
မတ်လ 20 ရက်တွင် စက်သုံးဆီပေါက်ဈေး၌ ဓာတ်ဆီ ၁ လီတာလျှင် ၂,၀၃၅ ကျပ်အထိ ရောက်ရှိလာပြီး ယနေ့လက်လီရောင်းချဈေးမှာ တစ်လီတာ ၁၉၃၁ အကျနှုန်းထားဖြင့် ဈေးကျဆင်းလာကြောင်းစက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးအဖွဲ့ PPRD ၏ နေ့စဉ်ဈေးနှုန်းအ ပြောင်းအလဲများအရ သိရပါတယ်။
#YMG#Yangon_Media_Group
#World_Electricity
Published 20 March 2023
အမေရိကန်မှာ သန့်စင်စွမ်းအင်ကဏ္ဍကြီးထွားလာဖို တွန်းအားပေးနေတဲ့အချိန်မှာပဲ တိုင်းပြည်အတွင်း ကျွမ်းကျင်လျှပ်စစ်ပညာရှင်များ ရှားပါးပြတ်လပ်လာပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 20 March 2023
ကိုဗစ်ကာလမှာ မဖွင့်ဖြစ်ခဲ့တဲ့ သင်္ကြန်တွင်းတရားစခန်းတွေကို အခုနှစ်မှာ ပြန်ဖွင့်သွားဖို့ရှိပြီး ရန်ကုန်၊မန္တလေး၊ထိုင်းနိုင်ငံနဲ့ နယ်ဒေသအချို့မှာ ပြန်ဖွင့်သွားဖို့ရှိတယ်လို့ တရားရိပ်သာစခန်းတွေထံမှသိရပါတယ်၊၊
#YMG#Yangon_Media_Group
#DailyNews
Published_ 20 March 2023
၁။ ရန်ကုန်ရွှေဈေး အကယ်ဒမီအခေါက်ရွှေ သိန်း ၃၀ နီးပါး ရှိလာ
၂။ ရန်ကုန်၊ မန္တလေးနှင့် ထိုင်းနိုင်ငံများတွင် သင်္ကြန်တွင်းတရားစခန်းများ ပြန်ဖွင့်မည်
၃။ ဓာတ်ဆီဈေး တစ်လီတာ ၂၀၃၅ ကျပ်အထိ ပြန်လည်ကျဆင်းလာ
၄။ သန့်စင်စွမ်းအင်ကဏ္ဍကိုဦးစားပေးလာသော်ငြား လျှပ်စစ်ကျွမ်းကျင်ပညာရှင်များ အမေရိကန်တွင် ရှားပါးလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 19 March 2023
ဆယ်စုနှစ်များစွာ ခိုးယူခံခဲ့ရတဲ့ အက်ကာရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ရတနာပစ္စည်းပေါင်းစုံကို ဗြိတိန်ထံမှ ပြနလည် ရရှိတဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံမှာ အထိမ်းအမှတ်ပွဲတစ်ခု သောကြာနေ့က ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တက်ရောက်ပြီး အဲဒီ ဗြိတိသျှတို့ခိုးသွားခဲ့တဲ့ ရတနာတွေကို ထုတ်ဖော်ပြသခဲ့ပြီး အခြားသောကာလရှည် ပျောက်ဆုံးနေတဲ့ ရတနာတွေကို ပြန်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ရွေသရဖူတွေ၊ လည်ဆွဲတွေနှင့် ခါးလှည့်အဆင်တန်ဆာတွေဟာ အန်ကာခေတ်တုန်းက ရတနာစုတွေဖြစ်ပါတယ်။ အန်ကာခေတ်ဟာ အေဒီ ၉ရာစုကနေ ၁၄ ရာစုအထိကြာညောင်းခဲ့ပြီး အဲဒီအချိန်တုန်းက အရှေတောင်အာရှမှာ ခမာအင်ပါယာမှာအစိတ်အပိုင်းကြီးကြီးမားမားကြီးစိုးလွှမ်းမိုးခဲ့တာပါ။
Source AFP
#အန်ကာခေတ်ရှေးဟောင်းပစ္စည်းများ
#ကမ္ဘောဒီးယား
#YangonMediaGroup
#TV Yangon Times Matters အစီအစဉ်
Published_ 19 March 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ငွေတီဦး (စာရေးဆရာ)နှင့်အတူ
- "အတိတ်ရဲ့အလွန်"စာအုပ်က ကိုဗစ်ရဲ့အဆိုးဆုံးကာလတွေမှာရေးဖြစ်ခဲ့တဲ့ စာစုလေးတွေကို စုစည်းထုတ်ဝေခဲ့တာဖြစ်ကြောင်း
စာအုပ်ကိုရေးတဲ့အခါ Attention ဆိုတာထက် Intention ဖြစ်ဖို့ရည်ရွယ်ပြီးရေးခဲ့တာဖြစ်ပြီး အခန်း ၂၆ ခန်းပါဝင်တာဖြစ်ပြီး တစ်ခန်းချင်းစီတိုင်းမှာ အသိပညာပေးနိုင်ဖို့ ကြိုးစားရေးဖြစ်ခဲ့တာဖြစ်ကြောင်း
ဆုံးရှုံးမှုတွေ အများကြီးကြားထဲက သမာဓိတစ်ခုကြောင့်သာ စာအုပ်ကိုရေးနိုင်ခဲ့တာဖြစ်ကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #ငွေတီဦး (စာရေးဆရာ) #YMG #Yangon_Media_Group
Page 850 of 1260